(၁) ဂဏန်းပိုင်ရှင်များ
အင်္ဂလိပ်မွေးနေ့ 1 . 10 . 19 . 28 နေ့မွေးသူများ အားလုံး
( 1 ) ဂဏန်းသမား များဖြစ်ကြပါတယ်....
ဒီ “နျူမရိုလိုဂျီ” ဆိုတဲ့ သချင်္ာဗေဒင်ပညာကို ဘီစီ ၆ရာစုနှစ်လောက်မှာ “ဘာဘီလုံးနီးယန်းယဉ်ကျေးမွု” ကို တည်ထောင်ခဲ့တဲ့ “ချားလ်ဒီးယန်း” လူမျိုးစုတွေက တီထွင်ခဲ့ကြတာလေဗျာ။ အမှန် ကတော့ သချင်္ာဗေဒင်မှာသုံးတဲ့ သချင်္ာနံပါတ်တွေဟာ ဂြိုဟ်တွေရဲ့သင်္ကေတတွေဘဲဗျ။ နံပါတ်(၁)ဆိုရင် တနင်္ဂနွေဂြိုဟ် (နေမင်း) ရဲ့ သင်္ကေတ။ နံပါတ်(၂)ဆိုရင် တနင်္လာဂြိုဟ်(လမင်း)ရဲ့ သင်္ကေတ စသည်ဖြင့် သတ်မှတ်ခဲ့ကြတာပါ။ ဒါပေမဲ့ ပြဿနာက အဲဒီအချိန်တုန်းက ဂြိုဟ်က (၇)လုံးဘဲ ရှာတွေ့သေးတယ်ဗျ။ “တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ၊ စနေ” ပေါ့ဗျာ။ ဒါပေမယ့် ဂဏန်းသချင်္ာမှာက (၁)ကနေ (၉) အထိ (၉)လုံးဖြစ်နေတယ်။ နံပါတ် (၁ဝ)ကို (၁)လို့ ပြန်ယူတော့ အားလုံး (၉)လုံးပေါ့ဗျာ။ ဂြိုဟ်က(၇)လုံးနဲ့ ဂဏန်းက(၉)လုံး ဆိုတော့ မကိုက်ဘူးဖြစ်နေတယ်။ အဲဒီမှာ “ချားလ်ဒီးယန်းတွေက တနင်္ဂနွေဂြိုဟ်(နေမင်း)ဟာ ကောင်းကင်မှာ အကြီးဆုံးဂြိုဟ်ဖြစ်တဲ့အတွက် သူ့ကို ဂဏန်းနှစ်လုံး ပေးမယ် ဆိုပြီး တနင်္ဂနွေဂြိုဟ်အတွက် (၁)ဂဏန်းအပြင် (၄)ဂဏန်းကိုပါ အပိုင်စားပေးလိုက်တယ်။ (၁)ဂဏန်းကို တနင်္ဂနွေ အဖို(+)လို့ သတ်မှတ်ပြီး (၄)ဂဏန်းကို တနင်္ဂနွေအမ(-) လို့ သတ်မှတ်တယ်။ နောက် ဒုတိယ အကြီးဆုံးဖြစ်တဲ့ လမင်း(တနင်္လာဂြိုဟ်)ကို (၂)ဂဏန်း အပြင် (၇) ဂဏန်းကိုပါ ပူးတွဲအပိုင်စားပေးလိုက်တယ်။ သူ့ကိုကျတော့ (၇)ဂဏန်းကို တနင်္လာအဖို (+)လို့ သတ်မှတ်ပြီး (၂)ဂဏန်းကို တနင်္လာအမဓာတ်(-)လို့ သတ်မှတ်ပြန်တယ်။
(၁)ဂဏန်းဟာ တနင်္ဂနွေဂြိုဟ်ဆိုတဲ့ “နေမင်း” က စိုးမိုးထားတာလေ။ နေမင်းရဲ့ သင်္ကေတ ဂဏန်းတစ်ခုဘဲ။ နေမင်းကြီးကြောင့် ကျွန်တော်တို့ရဲ့ နေစင်္ကြာဝဠာအဖွဲ့အစည်းကြီးဖြစ်လာသလို လူသားအပါအဝင် သက်ရှိတွေဟာလည်း နေမင်းသာ မရှိရင် ဘယ်လိုမှ အသက်ရှင်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် (၁)ဂဏန်းဟာ သိပ်ပြီး အရှိန်အဝါ ကြီးတဲ့ ဂဏန်းတစ်ခုလို့ ကျွန်တော်ဆိုချင်တယ်ဗျာ။
(၁)ဂဏန်းဟာ နေမင်းရဲ့ ဂဏန်းဖြစ်သလို၊ ဂဏန်းသချင်္ာမှာ “ပထမဆုံးနေရာ” မှာ ရှိနေတဲ့အတွက် (၁)ဂဏန်းသမားတွေဟာ ဘယ်လိုပတ်ဝန်းကျင်အခြေအနေမှာဘဲဖြစ်ဖြစ် ထင်ထင် ပေါ်ပေါ် ရှိတယ်။
အကြီးအမှူးခေါင်းဆောင်ဖြစ်တတ်တယ်။ အဆင့်မြင့်တဲ့နေရာမှာ နိုင်ငံအကြီးအကဲလိုဖြစ်နိုင်သလို ၊ အဆင့်နိမ့်တဲ့ ဘဝမျိုးမှာဆိုရင်လည်း သူ့အဆင့်နဲ့သူ အကြီးအကဲဖြစ်လေ့ရှိတယ်ဗျ။ ဥပမာ- ရက်ကွက်ထဲမှာဆို ရက်ကွက် လူကြီးလိုမျိုး၊ အလုပ်သမားထဲမှာဆို အလုပ်သမားခေါင်း လိုမျိုးပေါ့ဗျာ။ ဒီတော့ (၁)ဂဏန်းသမားတွေအနေနဲ့ ကိုယ့်ဘဝ အဆင့်အတန်းနဲ့ကိုယ် အကြီးအကဲ၊ခေါင်းဆောင်ဖြစ်ဖို့ ကံဇာတာပါလာသူတွေလို့ ဆိုရမှာပေါ့ဗျာ။ အဲဒီတော့ (၁)ဂဏန်း သမားတွေရဲ့ ယေဘူယျ လက္ခဏာ စရိုက်တွေကို ကြည့်မယ်ဆိုရင် -
= (၁)ဂဏန်းသမား တွေဟာ ရုပ်ဝါဒဆန်တယ်။ လက်တွေ့ကျတယ်။ စိတ်ကူးသိပ်မယဉ်တတ်ဘူး။ နေရာတကာမှာ ဦးဆောင်လိုတယ်။ လွွမ်းမိုးလိုတယ်။ ကိုယ်ချင်းစာတရား နည်းပါးတတ်တယ်။ ခေါင်းမာတယ်။ အကြောမာတယ်။ အကြောက် အလန့်နည်းတယ်။ နေရာတကာ အပေါ်စီးကသာ နေလိုတယ်။
= ရည်မှန်းချက် အလွန်ကြီးတယ်။ ဒါပေမယ့် သူတို့ရည်မှန်းချက်ကြီးတာကို လူသိ သိပ်မခံဘူး။ လျို့ဝှက်ကြံစည်တတ်တယ်။ အချိန်အခါကောင်း အခွင့်အရေးကောင်းစောင့်နိုင်ကြတယ်။ ကိုယ့်ဘဝတက်လမ်းကို အမြဲကြံစည်နေတယ်။ စီးပွားအရှာ ကောင်းတယ်။ ဇွဲကောင်းတယ်။ စိတ်အပြောင်းအလဲနေှးတယ်။ တစ်ယူသန်ဆန်တတ်တယ်။
= ရုပ်ပိုင်းဆိုင်ရာမှာ တည်ငြိမ်တယ်။ တော်ရုံတန်ရုံ ခြောက်ရုံနဲ့ မကြောက်တတ်သလို တော်ရုံတန်ရုံ မြေှာက်ရုံနဲ့လည်း မမြောက်တတ်ဘူး။ (၄)ဂဏန်းသမားတွေနဲ့ ကွာခြားတာက သူတို့ဟာ ဘဝအပြောင်းအလဲ နေှးကွေးတယ်။ ရုတ်ချည်း တက်လိုက်ကျလိုက် ဖြစ်ခဲတယ်။ တက်မိရင်လည်း တော်တော်နဲ့ ပြန်မကျဘူး။ ကျမိရင်လည်း တော်တော်နဲ့ ပြန်မတက်တော့ ဘူး။
= လူအများနဲ့ ပေါင်းသင်းဆက်ဆံတဲ့နေရာမှာ အဆင်ပြေလေ့မရှိဘူး။ (ဘာဖြစ်လို့လည်းဆိုတော့ ဘယ်သူမှ သူတို့လောက် သိတယ်၊ တတ်တယ်လို့ မထင်လို့၊ ဒီနေရာမှာတော့ (၄)ဂဏန်းသမားတွေနဲ့ သွားတူနေပါတယ်)။ သူတို့ဟာ လူမွုပတ်ဝန်းကျင်မှာ သီးခြားလိုဖြစ်နေတယ်။ အပေါင်းအသင်းကို ရွေးချယ်ပေါင်းလေ့ရှိတယ်။ အပေါင်းအသင်း မိတ်ဆွေ နည်းတတ်တယ်။
= (၁)ဂဏန်းသမားအတော်များများဟာ အိမ်ထောင်ဘက်ကောင်းကို ရတာများတယ်။ ဒါပေမယ့် သူတို့ဟာ ကိုယ့်အိမ်ထောင်ဘက်အပေါ်မှာ အလွန်လွွမ်းမိုးတတ်ပြီး ချစ်ခင်ကြင်နာစိတ် လည်း နည်းတတ်ကြတယ်။ တစ်ချို့ (၁)ဂဏန်း သမား ယောကျင်္ားတွေဆိုရင် မိန်းမအပေါ်မှာ အလွန်အနိုင်ကျင့်တတ်လေ့ရှိတယ်။(အထူးသဖြင့် (၂၈)ဂဏန်း)
= ဒါပေမယ့် သူတို့ဟာ တာဝန်ကျေပွန်တဲ့ လင်ကောင်း၊ မိခင်ဖခင်ကောင်းတွေ ဖြစ်တာများတယ်။ သူတို့ဟာ သူတို့အချစ်ကို ဖွဲ့ဖွဲ့နွဲ့နွဲ့ မဖော်ပြတတ်ပေမယ့် အိမ်ထောင်ဘက်နဲ့ သားသမီးတွေအပေါ်မှာတော့ အလွန်တာဝန်ကျေတတ်ကြသူများ ဖြစ်ကြ ပါတယ်။
= (၁)ဂဏန်းသမားတွေဟာ အုပ်ချုပ်ရေးနဲ့ ဆိုင်တဲ့နေရာ၊ ဆေးပညာ၊ စစ်ဘက်ဆိုင်ရာတွေမှာဆိုရင် အလွန်ရာထူး တက်လွယ်ကြတယ်။ အောင်မြင်လွယ်ကြတယ်။ တစ်ချို့ဆို “မရွယ်ဘဲ စော်ကဲမင်းဖြစ်” ဆိုတာလို မြင့်မားတဲ့ နေရာဌာန တွေကို မကြံရွယ်ဘဲ ရောက်လာတတ်ကြတယ်။
= (၁)ဂဏန်းသမားတွေရဲ့ အဆိုးဆုံး ဉာဉ်ကတော့ သူတို့ဖြစ်ချင်တာကို ဇွတ်အတင်းဖြစ်စေလိုကြတာဘဲဖြစ်ပါတယ်။ (၁)ဂဏန်းသမားတစ်ယောက် ပျက်စီးချိန်တန်လာရင် အချိန်ဆွဲနေရတာကို သည်းမခံနိုင်တော့ဘဲ ဇွတ်အတင်း ထ,လုပ်ကြတဲ့ အချိန်မှာဘဲဖြစ်တတ်လေ့ရှိပါတယ်။
= (၁)ဂဏန်းသမားတွေဟာ သူတစ်ပါးပေးတဲ့ အကြံဉာဏ်တွေကို လွယ်လွယ်နဲ့ လက်ခံလေ့မရှိဘူး။ သူတို့ကို နှစ်သိမ့် ဖြောင်းဖြနိုင်သူဆိုလို့ (၂)ဂဏန်းသမားတွေဘဲ ရှိတယ်။ ကောင်းကင်မှာ “နေ နဲ့ လ” ဟာ နှစ်ပါးစုံတွဲနေသလို (၁)ဂဏန်း သမားတွေဟာ (၂)ဂဏန်းသမားတွေနဲ့ အလွန်သင့်မြတ်ကြတယ်။
(၁)ဂဏန်းသမားတွေဟာ (၂)ဂဏန်းသမားတွေကို ချစ်ခင်မြတ်နိုးလွယ်တတ်ကြတယ်။ စောင့်ရေှာက်တတ်ကြတယ်။ (၂)ဂဏန်းသမားတွေဟာလည်း (၁)ဂဏန်းသမားတွေ အပေါ်မှာ အလွန်သစ္စာရှိတတ်ပြီး ပျက်စီးအောင် လုပ်လေ့ မရှိ တတ်ကြဘူး။ (၁)ဂဏန်းသမားတွေအတွက် အကောင်းဆုံး မိတ်ဆွေ၊ ဘဝအဖော်မွန်ဟာ (၂)ဂဏန်းသမားဘဲဖြစ်ပါတယ်။ ဒုတိယအကောင်းဆုံးက (၅)ဂဏန်းသမားနဲ့ (၇)ဂဏန်းသမား တွေဖြစ်တယ်။ (၁)နဲ့ (၄)ဟာ အဖို နဲ့ အမဓာတ်ဆိုပေမယ့် သိပ်မတည့်တတ်ဘူး။ (၁)ဂဏန်းသမားတွေကို အန္တရာယ် ပေးနိုင်တာက (၈)ဂဏန်းသမားနဲ့ (၉)ဂဏန်းသမားတွေ ဖြစ်ပါတယ်။
= (၁)ဂဏန်းသမားတွေ အထူးသတိထားရမှာက လောဘသက္ကာယကြီးလွန်းတာ၊ အလွန်အမင်း တိုးတက်ကြီးပွား ချင်တာတွေဘဲဖြစ်ပါတယ်။ (၁)ဂဏန်းသမားတွေဟာ ရောင့်ရဲနိုင်ဖို့ အလွန်ခဲယဉ်းပါတယ်။ ဒီလို မရောင့်ရဲနိုင်မွုကြောင့် နောက်ဆုံး ကျဆုံးပျက်စီးခြင်းနဲ့ အဆုံးသတ်ရတတ်ပါတယ်။ အဲဒီ အထဲမှာ (၁)ရက်နေ့ မွေးဖွားသူများနဲ့ (၂၈)မွေးဖွားသူများ ဟာ အဆိုးဆုံးဖြစ်ပါတယ်။
= (၁)ဂဏန်းသမားတွေဟာ ဘာသာရေးဘက်မှာ အားနည်းတတ်ကြတယ်။ ဘာသာရေးယုံကြည်မွုနည်းတယ်။ ဒါပေမယ့် သက်ဝင်ယုံကြည်လာပြီဆိုရင်လည်း သူများထက် ထူးအောင် ကျင့်ကြံအားထုတ်နိုင်သူတွေဖြစ်တယ်။
= (၁)ဂဏန်းသမားတွေ နောက်ဆုံးသတိထားရမှာက သူတို့ဟာ နေမင်းရဲ့ အမှတ်အသားဖြစ်တဲ့အတွက် နေဆိုတာ အထွက်ရှိသလို၊ အဝင်ရှိပါတယ်။ နေမွန်းတည့်အချိန်မှာ ထွန်းတောက် ပူပြင်းသလောက် နောက်ဆုံးမှာ နေဝင်ချိန်ရောက်ပြီး သူတို့ရဲ့ အလင်းဓာတ်လည်း ပျောက်ရတတ်ပါတယ်။ ဒါကြောင့် (၁)ဂဏန်းသမားများဟာ ဘဝနေဝင်ချိန်၊ တတိယ အရွယ်မှာ အထူးဂရုပြုပါ။ (လူတိုင်းမဟုတ်ပေမယ့် ) အကျနာတတ်ပါတယ်။ အိုဇာတာ ညံ့တတ်ပါတယ်။ Current of Destiny ဆိုတဲ့ နောက်ဆုံး မွေးသက္ကရာဇ် ခုနှစ်ဂဏန်းကောင်းလွန်း တဲ့သူများသာ တတိယအရွယ်အထိ ကောင်းစားတတ်ပြီး၊ မွေးခုနှစ်ဂဏန်းမကောင်းပါက အိုဇာတာအလွန်ညံ့တတ်တာ သတိပြုပါ။
(၁)ဏန်းမှာလည်း ယေဘူယျ စရိုက်လက္ခဏာများ
(၁) ရက်နေ့မွေးသူကို ကျွန်တော်တို့နျူမရိုလိုဂျီပညာရှင်တွေက “ထီးတည်း” ဂဏန်းလို့သတ်မှတ်တယ်။ အမှန်တော့ (၁)ရက်နေ့ကနေ (၉)ရက်နေ့အတွင်း မွေးတဲ့သူမှန်သမှျ “ထီးတည်း” ဂဏန်းတွေချည်းပါဘဲ။ “ထီးတည်း” ဂဏန်းဆိုတဲ့ အတိုင်း (၁)ဂဏန်းသမားတွေရဲ့ ဘဝဟာ အထီးကျန်တယ်။ ပတ်ဝန်းကျင်နဲ့ သဟဇာတ သိပ်မဖြစ်ဘူး။ ပတ်ဝန်းကျင်နဲ့ သိပ်ပြီး ဒွေးရောယှက်တင်မနေတတ်ဘူး။ အသက်ကြီးလေ အထီးကျန်ဖြစ်လေ ဖြစ်တတ်တယ်။ သူတို့နဲ့ သူတို့ မိသားစု၊ တပည့်တပန်းတွေရဲ့ ဆက်ဆံရေးက “ချစ်ကြောက်ရိုသေ” လို့ ပြောရမယ်ထင်တယ်။ (၁ဝ)ဂဏန်းသမား တွေကျတော့ ဉာဏ်ပညာထက်မြက်ပြီး ဝီရိယနည်းတယ်။ ဝီရိယထက် ဉာဏ်ကို ပိုမိုအားကိုးတတ်တယ်။ မိသားစု သံယောဇဉ် နည်းတယ်။ ဖြတ်ထိုးဉာဏ်ကောင်းတယ်။ အကင်းပါးတယ်။
(၁၉)ဂဏန်းကျတော့ အပေါင်းအသင်းဆန့်တယ်။ လူချစ်လူခင်များတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင် တတ်တယ်။ နာမည်အလွန်ကျော်ကြားတတ်တယ်။ (၂၈)ဂဏန်းတွေကတော့ ခေါင်းအမာဆုံးဘဲဗျို့။ ဇွတ်တရွတ်နိုင်တယ်။ ဒေါသ အလွန်ကြီးမယ်။ အိမ်ထောင်ဘက်အပေါ် အလွန်နိုင်မယ်။ အပေါင်းအသင်းများသလောက် လူချစ်လူခင်မများတတ်ဘူး။ စီးပွားရေးကို ကျားကုတ်ကျားခဲ ရှာတတ်တယ်။ အလွန် အတ္တစိတ်ကြီးမယ်။ ပြောရမယ်ဆိုရင်တော့ (၂၈)ရက်ဖွားတွေဟာ တကယ် ့ “ဖိုက်တာ” တွေများတယ်ဗျ။ ဒါပေမယ့် တတိယအရွယ်မှာတော့ စိတ်ပျော့ပျောင်းသွားတတ်ကြတယ်ဗျ။
(၁)ဂဏန်းသမားတွေထဲက ကမ႓ာကျော် ပုဂ္ဂိုလ်များ
(၁)ဂဏန်းသမား ကမ္ဘာကျော်တွေက များလွန်းလို့ လူသိများတဲ့ အနည်းအကျဉ်းလောက်ဘဲ ပြောတော့မယ်။ သူတို့ကတော့ ” ကမ္ဘာပေါ်မှာ အချမ်းသာဆုံးဆိုတဲ့ သူဌေးကြီး ဘီလ်ဂိတ် က(၂၈)ရက်ဖွား၊ အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန် က(၁၉ရက်ဖွား)၊ ရုရှားနိုင်ငံရဲ့ ပထမဆုံးသမ္မတ ဘောရစ်ယဲ့ဆင် က(၁)ရက်ဖွား၊ ဟောလီဝုဒ် ရုပ်ရှင်မင်းသား ဘရုစ်ဝီလီ က(၁၉)ရက်ဖွား၊ ဝေလမင်းသမီး
လေဒီဒိုင်ယာနာ က(၁)ရက်ဖွား၊ ဒုတိယကမ႓ာစစ်ကြီးမှာ နာဇီဂျာမဏီတွေရဲ စစ်ဦးကျိုးသွားစေတဲ့ ဆိုဗီယက်ဗိုလ်ချုပ်ကြီး မာရှယ်ဇူးကော့ က(၁)ရက်ဖွား၊ အင်အားကြီးလှတဲ့ အမေရိကန်တပ်တွေကို နိုင်ငံထဲက မောင်းထုတ်နိုင်ခဲ့တဲ့ ဗီယက်နမ်သမ္မတကြီး ဟိုချီမင်း က(၁၉)ရက် ဖွား။ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ဟောင်း အင်ဒီရာဂန္ဒီ က(၁၉)ရက်ဖွား၊
ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က(၁၉)ရက်ဖွား၊
အက်ဖ်ဘီအိုင်ရဲ့ ဖခင်ကြီးလို့ တင်စားခေါ်ခံရတဲ့ ဂျေအက်ဒဂါဟူးဗား က(၁)ရက်ဖွား။ လုပ်ကြံခံရတဲ့ အမေရိကန်သမ္မတ ကနေဒီရဲ့ ဇနီးဖြစ်သူ ဂျက်ကလင်းကနေဒီ က(၂၈)ရက်ဖွား။ အော်စကာဆုများပိုင်ရှင်
ဟောလိဝုဒ်မင်းသမီး ဂျိုဒီ ဖော်စတာ က(၁၉)ရက်ဖွား၊ စစ်နဲ့ငြိမ်းချမ်းရေးဝတ္တုကြီးနဲ့ ကမ႓ာကျော်ခဲ့ရတဲ့ ရုရှားစာရေးဆရာကြီး လီယိုတော်စတွိုင်း က(၂၈)ရက်ဖွား။ အခုတလော အီရန်နိုင်ငံမှာ ရေပန်းစားနေတဲ့ သမ္မတ အာမက်ဒီနီဂျက် က(၂၈)ရက်ဖွား။ တင်းနစ် အလှမယ် မာရီယာရှာယာပိုဗာ က(၁၉)ရက်ဖွား။ တစ်ခေတ် တစ်ခါက အမေရိကန် ဟောလိဝုဒ် ဘုရင်မဖြစ်ခဲ့တဲ့ မာရီလင်မွန်ရိုး က(၁)ရက်ဖွား။ အမေရိကန်နိုင်ငံကို တုန်လွုပ်သွားစေတဲ့ အိုစမာဘင်လာဒင် က(၁ဝ)ရက်ဖွား။ ကြိုးပေးအသတ်ခံလိုက်ရတဲ့ အီရတ်သမ္မတဟောင်း ဆဒမ်ဟူစိန် က(၂၈)ရက်ဖွား။ အဲဒါတွေပါဘဲဗျား။
အားလုံး ကျန်းမာချမ်းသာကြပါစေ။
(၂) ဂဏန်းပိုင်ရှင်များ
အင်္ဂလိပ်မွေးနေ့ 2 . 11 . 20 . 29 နေ့မွေးသူများ အားလုံး
( 2 ) ဂဏန်းသမား များဖြစ်ကြပါတယ်....
မိုက်ကယ်ဂျက်ဆင်ဟာ သြဂုတ်လ (၂၉)ရက်နေ့မှာ မွေးတဲ့ (၂)ဂဏန်းသမားဗျ။ အနောက်တိုင်းရာသီခွင်မှာတော့ သြဂုတ်လ (၂၉)ရက်ဟာ “ကန်ရာသီခွင်” ထဲမှာ ကျရောက် နေတယ်ဗျ။ ကန်ရာသီဟာ အနုပညာသည်တွေ ပေါ်ထွန်းတတ်တဲ့ ရာသီလည်း ဖြစ်နေပြန် (၂၉)ဂဏန်းကလည်း (၂)ဂဏန်း သမားတွေမှာ အတော်ထက်မြက်တဲ့ ဂဏန်းဖြစ်တယ်ဗျ။ ဒါပေမယ့် (၂၉)ဂဏန်းဟာ တနင်္လာ(စန်း)နဲ့ အင်္ဂါဂြိုဟ် တို့ရဲ့ အတွဲ ဖြစ်နေလေတော့ အချစ်ရေး၊ အိမ်ထောင်ရေးနဲ့ လိင်ကိစ္စအရွုတ်အထွေးတွေကို အတော် အားပေး တတ်တဲ့ ဂဏန်း ဖြစ်နေပြန်တယ်။
(၂)ဂဏန်းဟာ တနင်္လာဂြိုဟ်ရဲ့ သင်္ကေတဘဲ။ နေမင်းဟာ ပူပြင်းမွုကို သရုပ်သကန်ဖော်ပြပြီး လမင်းကတော့ အေးချမ်းမွုရဲ့ သရုပ်သကန် ကို ဖော်ပြတယ်လေ။ နောက်ပြီး နေမင်းဟာ ဖခင် နဲ့တူတယ်။ လမင်းဟာ မိခင်နဲ့တူတယ်။ နေမင်းဟာ အားကောင်းတဲ့ အဖိုဓာတ်ဖြစ်ပြီး လမင်းကတော့ အားကောင်းတဲ့ အမဓာတ်ဖြစ်တယ်လေ။
(၂)ဂဏန်သမားတွေက စိတ်ဓာတ်နူးညံ့တယ်။ ပျော့ပြောင်းတယ်။ မိခင်ဆန်တဲ့စိတ်ရှိတယ်။ မိသားစုကို ခင်တွယ်စိတ်များတယ်။ သံယောဇဉ်ကြီးတယ်။ စိတ်ကူးယဉ်မွု များတယ်။ တွေးတော ဆင်ခြင်မွုများတယ်။ စိတ်ကူးဉာဏ် အလွန်ကွန့်မြူးတတ်တယ်။ တီထွင်ကြံဆတတ်တယ်။ ဒါကြောင့် (၂)ဂဏန်း သမားတွေဟာ အနုပညာရှင်တွေ၊ တွေးခေါ်မေှျာ်မြင်ရေးပညာရှင်တွေ၊ ပန်းချီဒီဇိုင်းပညာရှင်တွေ၊ တီထွင်သူတွေ အများဆုံးဖြစ်လာ
တတ်ကြတယ်ဗျ။ သူတို့ဟာ ပုံတူကူးချတာထက် ကိုယ်ပိုင် ဆန်းသစ်တီထွင်မွုကို ပိုပြီး နှစ်ခြိုက်တတ်ကြ တယ်။ ဒါကြောင့် (၂)ဂဏန်းသမားဖြစ်တဲ့ မိုက်ကယ်ဂျက်ဆင် တို့၊ ဘရစ်တနီစပီးယား တို့ဟာ သူများနဲ့ မတူတဲ့ ကိုယ်ပိုင်ဟန်တွေနဲ့ ဆန်းသစ်အောင်မြင် လာကြတာဘဲဖြစ်တယ်။
ကမ္ဘာကျော် တီထွင်သူကြီး “သောမတ် အက်ဒီဆင်” ဟာလည်း ပါပဲ။
သောမတ်အက်ဒီဆင်ရဲ့ ကျေးဇူးကတော့ ကျွန်တော်တို့ခေတ်လူသားတွေ အတွက် အလွန်ကျေးဇူး ကြီးမားလှပါတယ်။ ကျွန်တော်တို့
ဗေဒင်လောကမှာလည်း နာမည်ကျော် (၂)ဂဏန်းသမား
နှစ်ယောက် ပေါ်ထွန်းခဲ့ ဘူးတယ်ဗျ။
တစ်ယောက်ကတော့ မြန်မာနိုင်ငံမှာ လက္ခဏာပညာကို စတင် အုတ်မြစ်ချခဲ့တဲ့ ဆရာကြီး “ဆရာစန္ဒြ” ဖြစ်ပြီး၊ နောက်တစ်ယောက်ကတော့ လက္ခဏာနဲ့ သချင်္ာဗေဒမှာ သူမတူအောင် ထူးချွန်ခဲ့တဲ့ “ဆရာစံမင်း” တို့ဘဲဖြစ်ပါတယ်။ “ဆရာစန္ဒြ” က (၂ဝ)ရက်ဖွား ဖြစ်ပြီး၊ “ဆရာစံမင်း”ကတော့ (၂၉)ရက်ဖွားဖြစ်ပါတယ်။
(၂)ဂဏန်းသမားတွေရဲ့ စရိုက်လက္ခဏာတွေ ကတော့
= (၂)ဂဏန်းသမားတွေဟာ ရုပ်ပိုင်း နဲ့ စိတ်ပိုင်းမှာ စိတ်ပိုင်းဖက်ကို ပိုမို အလေးသာသူတွေဖြစ်တယ်။ စိတ်ကူးယဉ် တတ်တယ်။ စိတ်ကူးကောင်းတယ်။ တီထွင်ကြံဆ တတ်တယ်။ အတွေးအခေါ်မြင့်မားတယ်။ စိတ်နဲ့ပတ်သက်တဲ့ ပညာရပ် တွေကို ဝါသနာပါတယ်။ စိတ်နယ်လွန်ဖြစ်ရပ်ဆန်းတွေကိုလည်း စိတ်ဝင်စားတယ်။ လောကီပညာရပ်တွေကိုလည်း စိတ်ဝင် စားမွု များတယ်။ စာကောင်းပေကောင်းတွေကို ဖတ်ရွုရတာ ဝါသနာပါတယ်။
= (၂)ဂဏန်းသမားတွေဟာ စိတ်ကူးစိတ်သန်းကောင်းပေမယ့် လက်တွေ့အကောင်အထည်ဖော်ရာမှာတော့ အားနည်း သူတွေဖြစ်တယ်။ သူတို့ရဲ့ စိတ်ကူးကောင်းတွေဟာ လေထဲမှာ ဆောက်တဲ့အိမ်လို လွင့်ပြယ်ပျောက်ပျက်သွားရတာ ပိုများ တယ်။ (၂)ဂဏန်းသမားတွေဟာ စိတ်ကူးကောင်း သလောက်သာ လက်တွေ့ အကောင်အထည်ဖော်နိုင်ရင် ထိပ်တန်းအောင်မြင်သူတွေဖြစ်မှာပါ။ ဒါပေမယ့် လက်တွေ့ အကောင်အထည် မဖော်နိုင်တဲ့သူက ပိုများပါတယ်။
= (၂)ဂဏန်းသမားတွေဟာ ဇွဲ၊ ဝီရိယလည်း နည်းသူတွေဖြစ်ပြီး အလုပ်တစ်ခုကို ပြီးဆုံးအောင်မြင်သည်အထိ မလုပ်တတ် ကြဘဲ တိုးလို့တန်းလန်းနဲ့တွင် ရပ်နေတတ် ကြပါတယ်။ သူတို့ဘဝမှာ တစ်ပိုင်းတစ်စနဲ့ မပြီးပြတ်သေးဘဲ ပစ်ထားတဲ့ လုပ်ငန်း၊ အစီအစဉ်၊ စီမံကိန်းတွေဟာ ရွုပ်ပွလို့သာ နေပါတော့တယ်။ အစပိုင်းမှာတော့ ကောက်ရိုးမီးလို တစ်ဟုန်းဟုန်း ဖြစ်တတ်ပြီး နောက်ပိုင်းမှာ မီးသေသွားတတ်ပါတယ်။
= သူတို့ဟာ လူချမ်းသာမွုထက် စိတ်ချမ်းသာမွုကို ပိုမိုအလေးထားသူတွေဘဲဖြစ်ပါတယ်။ စိတ်ဆင်းရဲတာကို လုံးဝခံနိုင်ရည် မရှိပါဘူး။ (၂)ဂဏန်းသမားတွေဟာ စိတ်ဓာတ်ကျဆင်းလာရင် ကျန်းမာရေးပါ ကျဆင်းလာတတ်ပါတယ်။ စိတ်ဓာတ် တက်လွယ်၊ ကျလွယ်ဖြစ်ပြီး စိတ်ကျရောဂါကို ခံစားရလွယ်သူတွေ ဖြစ်ပါတယ်။
= (၂)ဂဏန်းသမားတွေဟာ စိတ်ပျော့သလို၊ လူလည်း ပျော့ပါတယ်။ အပင််ပန်း၊ အဆင်းရဲဓာတ်ကို မခံနိုင်ကြတတ်ဘူး။ လူကသာ “လေးလုံးခြောက်ဖက်” ဝဝဖြိုးဖြိုး ဖြစ်ချင်ဖြစ်မယ်။ အပင်ပန်းဒဏ် မခံနိုင်ကြသူတွေက ပိုများပါတယ်။
= (၂)ဂဏန်းသမားတွေဟာ စိတ်နုပြီး အလွန် အကဲဆတ်သူများ ဖြစ်ကြတယ်။ စိတ်လွုပ်ရှားလွယ်တယ်။ တုန့်ပြန်မွု လှျင်မြန်တယ်။ သူတို့ စိတ်လွုပ်ရှားလာရင် ဂဏှာမငြိမ်ဖြစ်လာတဲ့ အမူအယာကို ဖုံးဖိမရနိုင်အောင် ဖြစ်တတ်တယ်။ ဟန်ဆောင်မကောင်းကြဘူး။ စိတ်ကောက်လွယ်တယ်။ စိတ်ထိခိုက် လွယ်တယ်။ အမှတ်သညာ ကြီးတယ်။ ပြီးပြီး ပျောက်ပျောက် သဘောမထားနိုင်ကြဘူး။
= (၂)ဂဏန်းသမားတွေဟာ တစ်ဖက်သားကို အလွန်သနားလွယ်သူတွေဖြစ်တယ်။ ကိုယ်ခြင်းစာတရားရှိတယ်။ မရှိ ရှိတာနဲ့ ကူညီတတ်တယ်။ ဒါပေမယ့် ကပ်စေးနဲ မိရင်လည်း သူမတူအောင် ကပ်စေးနည်းတတ်တယ်။
= (၂)ဂဏန်းသမားတွေကို ကြည့်လိုက်ရင် သိပ်ပျော်ပျော်ရွွင်ရွင် တက်တက်ကြွကြွဖြစ်နေသူ ရှားပါတယ်။ သူတို့ကို ကြည့်လိုက်ရင် အဆွေးသမား၊ အငေးသမားလို ဖြစ်နေတယ်။ သူတို့အကြောင်း မသိရင် မာနကြီးသလို၊ လူမွုဆက်ဆံရေး မကောင်းသလို ထင်ရတယ်။ ဒါကြောင့် သူတို့ဟာ ဆက်ဆံရေးမကောင်းသူ၊ တစ်ကိုယ် ကောင်းဆန်သူတွေလို့ မကြာခဏ အထင်မှားခံရတတ်တယ်။
= (၂)ဂဏန်းသမားတွေဟာ အပေါင်းအသင်း နဲ့ ကိုယ့်အိမ်ထောင်ဘက် အပေါ်မှာ အလွန်သစ္စာရှိတာများတယ်။ သူ့ဖက်ကသာ စ,မဖောက်ရင် ကိုယ့်ဖက်က စ,မဖောက်တတ်ကြဘူး။ ဒါပေမယ့် သူတို့ဟာ မကျေနပ်မွုတွေများလာရင် အလွန်အရွဲ့တိုက်ပြီးလုပ်တတ်သူတွေလည်းဖြစ်တယ်။
= (၂)ဂဏန်းသမားတွေဟာ ယေဘူယျအားဖြင့် မှျတသူတွေဖြစ်ပေမယ့် သူတို့ အစွန်းရောက်မိပြီဆိုရင် ကျန်တဲ့နေ့ဖွားတွေ လိုက်မမှီအောင်ဖြစ်ရတတ်တယ်။ ဒုတိယ ကမ္ဘာစစ်ကြီးကို မွွေးခဲ့တဲ့ “အဒေါ့ဖ်ဟစ်တလာ” ဟာဆိုရင် (၂ဝ)ရက်ဖွား (၂)ဂဏန်းသမားဖြစ်တယ်။ သူနဲ့အတူတွဲခဲ့တဲ့ အီတလီအာဏာရှင် မွတ်ဆိုလိုနီဟာလည်း (၂၉)ရက်ဖွား (၂)ဂဏန်း သမားဖြစ်တယ်။
= တကယ်တော့ (၂)ဂဏန်းသမားတွေဟာ လူကြောက်တတ်ပါတယ်။ လူတောသူတောထဲ သိပ်မဝင်ဆန့်ကြပါဘူး။ လူထု ခေါင်းဆောင်ဖြစ်ခဲ့တဲ့ (၂)ဂဏန်းသမား တွေဟာလည်း ဟန်ဆောင်ပြီးသာပြောဆိုလုပ်ကိုင်နေရပေမယ့် လူကြောက်တတ် သူများဖြစ်ပါတယ်။ လူတွေအများကြီးနဲ့ သိပ်ပြီး မဆက်ဆံလိုကြပါဘူး။ အပေါင်းအသင်းနည်းပြီး အပေါင်းအသင်းကို ရွေးချယ် ပေါင်းသင်းတတ်ကြပါတယ်။ သူတို့ ဘဝင်မကျရင် အဲဒီလူဆီက ရွွေထွက်မယ်ဆိုရင်တောင် ဟန်ဆောင်ပန်ဆောင် ပေါင်းလေ့ မရှိကြပါဘူး။
= (၂)ဂဏန်းသမားမှန်ရန် အနောက်တိုင်းဆေးပညာမှာ “Phobia” လို့ခေါ်တဲ့ တစ်ခုခုအပေါ်မှာ အကြောက်ကြီးတဲ့ အစွဲအလန်းမျိုးရှိကြပါတယ်။ တစ်ချို့က လူကြောက်တယ်။ တစ်ချို့က အမြင့်ကြောက်တယ်။ တစ်ချို့ သွေးမြင်ရင် ကြောက်တယ်။ ဒီထဲမှာ ထူးထူးဆန်းဆန်း နှင်းဆီပန်းမြင်ရင်ကြောက်တာတို့။ တွယ်အပ်ချိတ်ကို မြင်ရင် ကြောက်တာတို့ လည်း တွေ့ဘူးပါတယ်။
= (၂)ဂဏန်းသမားတွေဟာ အေးအေးချမ်းချမ်းနေလိုကြတယ်ဆိုပေမယ့် တစ်ခါတစ်ရံမှာလည်း အောင်မြင်ကျော်ကြားချင်တဲ့ စိတ်ဆန္ဒတွေ ပြင်းထန်တတ်ပါတယ်။ ဒီ ဖြစ်စဉ် နှစ်ခုကြားမှာ ပဋိပက္ခဖြစ်နေတဲ့ (၂)ဂဏန်းသမားတွေ တော်တော်များပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ အေးချမ်းမွုဘက်ကို လိုက်သွားတတ်ကြတဲ့ သူတွေက ပိုများပါတယ်။
= (၂)ဂဏန်းသမားတွေဟာ စိတ်ဆင်းရဲမွုကို မခံနိုင်သူတွေဖြစ်လို့ စိတ်ဓာတ်ကျဆင်းရင် ကျန်းမာရေးပါ ကျဆင်း လာလေ့ရှိပါတယ်။ စိတ်ကျရောဂါ၊ ညဘက် အိပ်မပျော်တဲ့ရောဂါ၊ အစာအိမ်ရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါတွေဟာ (၂)ဂဏန်းသမားတွေဟာအများဆုံးဖြစ်လေ့ရှိတဲ့ ရောဂါများ ဖြစ်ပါတယ်။ နောက်တစ်ခုက (၂)ဂဏန်းသမားတွေဟာ Accident ဖြစ်လွယ်ပါတယ်။ ကိုယ့်ကိုယ်ကို သေကြောင်းကြံတဲ့ ကိစ္စတွေဟာလည်း (၂)ဂဏန်းသမားတွေမှာ အများဆုံး ဖြစ်လေ့ ရှိပါတယ်။ စိတ်ရောဂါတွေလည်း ဖြစ်လွယ်ပါတယ်။
= (၂)ဂဏန်းသမားတွေဟာ သနားကြင်နာလွယ်ပြီး ကိုယ်ခြင်းစာတရားမြင့်မားသူတွေဖြစ်တတ်ပါတယ်။ အချစ်ရေးကိစ္စ တွေမှာ သနားတာကနေစပြီး သဒ္ဓါလွန်ရာကနေ တဏှာကျွံတတ်ပါတယ်။ မိမိထက် နိမ့်ကျသူများနှင့် အင်မတန်ညိစွန်း လွယ်ပါတယ်။ အချစ်ရေးမှာ ရွေးစရာ (၂)ယောက်ရှိလာရင် အားနည်းတတ်သူဘက်ကို ပိုမို အလေးသာတတ်ပါတယ်။
= ဒါပေမယ့်လို့ (၂)ဂဏန်းသမားတွေဟာ စိတ်ဆတ်ပြီး၊ သည်းခံမွုနည်းသူတွေ ဖြစ်သူမို့ အိမ်ထောင်ရေး အလွန် ကောင်းမွန်သူ ရှားပါတယ်။ သူတို့ရဲ့ သည်းမခံနိုင်ဘဲ ရုတ်တရက် ပေါက်ကွဲပြီး လုပ်မိလုပ်ရာလုပ်ခြင်းများကြောင့် ဘာမဟုတ်တဲ့ ပြဿနာလေးနဲ့ အိမ်ထောင်တွေ ပျက်စီးတတ်ပါတယ်။ (၂)ဂဏန်းသမားတွေဟာ မဟာဘုတ်မှာ အကြွင်း မကောင်းရင် မမေှျာ်လင့်ဘဲ အိမ်ထောင်ဆက်များတတ်ပါတယ်။
= သူတို့ဟာ စိတ်နု၊ စိတ်ဆတ်ပြီး မခံချင်စိတ်ကြီးမားကြသူများမို့ လူအများနဲ့ ဆက်ဆံ လုပ်ကိုင်ရတဲ့ လုပ်ငန်းများနဲ့ မသင့်တော်လှပါဘူး။ သူများရဲ့ လက်အောက် မှာ လုပ်ရရင်လည်း သင့်တော်မွုမရှိပါဘူး။ ကိုယ်ပိုင်လုပ်ငန်းများနဲ့သာ သင့်လေှျာ်ကြပါတယ်။
= သူတို့ဟာ လမင်းရဲ့ အမှတ်အသားဖြစ်တာကြောင့် လပြည့်၊ လကွယ် ရှိသလို သူတို့ဘဝဟာလည်း နိမ့်မြင့်တက်ကျ များတတ်ပါတယ်။ တက်တဲ့အခါတက်၊ ကျတဲ့ အခါကျ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် (၂)ဂဏန်းသမားအတော်များများဟာ အိုဇာတာတော့ ကောင်းကြပါတယ်။ လူလတ်ပိုင်း (ဒုတိယအရွယ်)မှာ အလွန်နိမ့်မြင့် တက်ကျများတတ်ပါတယ်။
= (၂)ဂဏန်းသမားတွေဟာ စိတ်နုသူများ၊ အကဲဆတ်သူများ၊ စိတ်အမှတ်ကြီးသူများလို့ သတ်မှတ်နိုင်ပေမယ့် သူတို့ရဲ့ အတွင်းစိတ်က နူးညံ့ပျော့ပြောင်းတာမို့ ချော့လိုက်၊ မြေှာက်လိုက်ရင်လွယ် အလွယ်တကူ စိတ်ပျော့ကျသွားသူ များလည်း ဖြစ်ပါတယ်။ စိတ်ဆတ်ပေမယ့် အာဃာတ ကြီးသူများတော့ မဟုတ်ပါဘူး။
(၂)ဂဏန်းသမားတွေရဲ့ သီးခြားဂုဏ်အင် လက္ခဏာများ
(၂)ရက်ဖွားများဟာ ပေါင်းရသင်းရ အလွန်ခက်တဲ့လူတွေဖြစ်ပါတယ်။ ဆက်ဆံရေး မကောင်းလှပါဘူး။ ပညာမာနလည်း ကြီးကြပါတယ်။ ကပ်စေးနဲသူတွေလို့လည်း အပြောခံရတတ် ပါတယ်။ လက်ပေါက်ကပ် တယ်။ လူ့ဂွစာတွေဖြစ်တတ်တယ်။ ချော့ပေါင်း၊ မြေှာက်ပေါင်းရင်တော့ အလွန်အဆင်ပြေတတ်ကြသူတွေလည်းဖြစ်ပါတယ်။
(၁၁)ရက်ဖွားကြတော့ ထူးခြားတာက (၁)ဂဏန်း (၂)လုံးပူးနေလို့ တနင်္ဂနွေနေမင်းရဲ့ ဂုဏ်အင်တွေလည်း ပေါင်းစပ်ပါဝင် နေတယ်လို့ ပြောနိုင်ပါတယ်။ (၁၁)ရက်ဖွားတွေဟာ တီထွင်စွမ်းအားမြင့်မားပြီး၊ အတွေးအခေါ်ကောင်းကြပါတယ်။ လက်တွေ့မှာတော့ အားနည်းပါတယ်။ ဘာသာရေးကို လေးစားလိုက်နာ သူတွေဖြစ်တယ်။ မိရိုးဖလာ ဘာသာရေး ယုံကြည်မွုထက် ပိုမိုမြင့်မားတဲ့ ဘာသာရေးအတွေးအခေါ်တွေရှိသူဖြစ်တယ်။ ကြီးပွားတိုးတက်လိုစိတ်ရှိပေမယ့် လက်တွေ့ အကောင်အထည်မဖေါ်နို်င်တာကြောင့် ကြီးပွားသင့်သလောက် မကြီးပွားသူတွေဖြစ်တယ်။
(၂ဝ)ရက်ဖွားများကြပြန်တော့ အစွန်းရောက်လွယ်တယ်။ လောဘသက္ကာယ ကြီးမားတယ်။ အတ္တစိတ် ကြီးမားတယ်။ မိသားစု၊ ဆွေမျိုး၊ ကိုုယ့်ရပ်ရွာ၊ ကိုယ့်ဘာသာ၊ ကိုယ့်နိုင်ငံသားဆိုတဲ့ အစွဲအလန်း ကြီးမားတယ်။ လူမွုရေးစိတ်ဓာတ်ပိုရှိတယ်။ လူချစ်လူခင်လည်းများမယ်။ ဒါပေမယ့် Current of Destiny လို့ခေါ်တဲ့ ကံကြမ္မာ အဆုံးသတ်ဂဏန်းမကောင်းရင် ဥပစ္ဆေဒကံ ရှိတယ်။ ဘဝအဆုံးသတ်မကောင်းတတ်ဘူး။
(၂၉)ရက်ဖွားများကတော့ တစ်မူထူးတာက စီးပွားရေးကို ကျားကုတ်ကျားခဲ ရှာလိုစိတ်ရှိတယ်။ လောဘကြီးတယ်။ ဒါကြောင့်လည်း မကြာခဏ စီးပွားပျက်စီးတတ် တယ်။ တစ်ကိုယ်ကောင်းဆန်တယ်။ အိမ်ထောင်ရေးနဲ့ လိင်ကိစ္စအရွုတ် အထွေးများတယ်။ လိင်စိတ်ဆန္ဒ ပြင်းထန်တတ်တယ်။ ဒီအတွက် နာမည်ပျက်၊ အရှက်ကွဲရတာ၊ သိက္ခာကျရတာမျိုးတွေ ရှိတတ်တယ်။ ကိုယ်တစ်ကယ်ချစ်တဲ့သူနဲ့လွဲမယ်။ အိမ်ထောင်နှစ်ဆက်ဖြစ်လွယ်မယ်။ (မရိုသေစကား- အငယ်အနေှာင်း ဖြစ်လွယ်မယ်)။ မတော်တဆထိခိုက်လွယ်ပြီး သွေးထွက်သံယိုဖြစ်လွယ်မယ်။
သူ့မှာလည်း Current of Destiny မကောင်းရင် ဥပစ္ဆေဒကံ ရှိတယ်။ ဆန့်ကျင်ဘက်လိင်တွေအပေါ်မှာ ဆွဲဆောင်မွုများမယ်။ ကျန်တဲ့ (၂)ဂဏန်းသမားတွေနဲ့ ယှဉ်ရင် အပေါင်းအသင်းနဲ့ အိမ်ထောင်ဘက်အပေါ်မှာ သစ္စာတည်ကြည်မွု နည်းမယ်။ ကဲ- ကိုသိန်းဖေ ရေ။ ဒါဆိုရင် (၂)ဂဏန်းသမား တွေအကြောင်း ပြည့်စုံပြီထင်ပါတယ်။
(၂)ဂဏန်းသမားများနှင့် မိတ်ဘက် ၊ အိမ်ထောင်ဘက်
(၂)ဂဏန်းသမားတွေဟာ (၁)ဂဏန်း၊ (၅)ဂဏန်း၊ (၇)ဂဏန်းတွေနဲ့ မိတ်ဘက်ဖြစ်ပါတယ်။ ရန်ဘက်ကတော့ အဓိကက (၈)ဂဏန်းပါဘဲ။ (၈)ဂဏန်းဟာ (၂)ဂဏန်းကို ကောင်းကောင်း ဒုက္ခပေးနိုင်တယ်။ (၄)ဂဏန်းဟာလည်း (၂)ဂဏန်းအတွက်မကောင်းဘူး။ ဒါကြောင့် (၂)ဂဏန်းသမားတွေဟာ (၄)ဂဏန်း(၈)ဂဏန်း သမားတွေနဲ့ မိတ်ဘက် မဖြစ်ဘူး။ ကိုယ့်ရဲ့အသက်ဟာ ပေါင်းခြင်း (၄) နဲ့ (၈) ကျတဲ့ နှစ်တွေ၊ (၄)နဲ့(၈)အတွဲတွေ၊ မြန်မာ့ရိုးရာ သက္ခတ် ဗေဒင်မှာ စနေနဲ့ ဗုဒ္ဓဟူး သက်ရောက်နှစ်တွေမှာ သတိထားရတယ်။
(၂)ဂဏန်းသမား ကမ္ဘာကျော်ပုဂ္ဂိုလ်များ
ကမ္ဘာကျော်တဲ့ (၂)ဂဏန်းသမားများကတော့ – အဒေါ့ဖ်ဟစ်တလာ (၂ဝ)ရက်ဖွား၊ သူရဲ့ ဝါဒဖြန့်ချိရေးမှူး ဂျိုးဇက်ဂိုးဘဲလ် က (၂၉)ရက်ဖွား၊ အီတလီအာဏာရှင် မွတ်ဆိုလိုနီ (၂၉)ရက်ဖွား၊ အမေရိကန်သမ္မတ ဂျွန်အက်ဖ် ကနေဒီက (၂၉)ရက်ဖွား၊ သောမတ်အက်ဒီဆင်က (၁၁)ရက်ဖွား၊ အမေရိကန်လူရွွင်တော်ကြီး ဘော့ဟုတ်က (၂၉)ရက်ဖွား၊ အဆိုကျော် ဘရစ်တနီစပီးယားက (၂)ရက်ဖွား၊ မိုက်ကယ်ဂျက်ဆင်က (၂၉)ရက်ဖွား၊ မော်တော်ကား တာရာတွေကို တီထွင်ခဲ့တဲ့ ချားလ်ဂွတ်ရီးယားက (၂၉)ရက်ဖွား၊ နာမည်ကြီး မော်ဒယ် စင်ဒီကရောဖို့ဒ် က (၂ဝ)ရက်ဖွား၊ လေယာဉ်ပျက်ကျကွယ်လွန်ခဲ့တဲ့ ကုလသမ္မဂ္ဂအတွင်းရေးမှူးချုပ် ဒက်ဟမ္မာရွိုးက (၂၉)ရက်ဖွား၊ ဘောလုံးစတား ဒေးဗစ် ဘက်ဟမ်းက (၂)ရက်ဖွား၊ နောက်ဘောလုံးစတား ဒီဒီရာ ဒရော့ဘာက (၁၁)ရက်ဖွား၊ အမေရိကန်နိုင်ငံ စတိုးဆိုင်များ ပိုင်ရှင် ဂျွန်ဝါနာမိတ်ကားက (၁၁)ရက်ဖွား၊ ဟောလီးဝုဒ်မင်းသား ဂျူဒ်လောက (၂၉)ရက်ဖွား၊ မလေးရှားဝန်ကြီးချုပ် မိုဟာသီယာမိုဟာမက် က (၂ဝ)ရက်ဖွား၊ အိန္ဒိယ လွတ်လပ်ရေးဖခင်ကြီး မဟတ္တမဂန္ဒီ က (၂)ရက်ဖွား၊ ဆိုဗီယက် ယူနီယံနိုင်ငံရဲ့ နောက်ဆုံးခေါင်းဆောင် မီးခေးလ် ဂေါ်ဗာချော့က (၂)ရက်ဖွား၊ ပါကစ္စတန်အကြီးအကဲဟောင်း မူရှာရက်ဖ်က (၁၁)ရက်ဖွား၊ လုပ်ကြံခံရတဲ့ အိန္ဒိယဝန်ကြီးချုပ် ရာဂျစ်ဂန္ဒီက (၂ဝ)ရက်ဖွား ..ဒါပါဘဲဗျာ။
အားလုံး ကျန်းမာချမ်းသာကြပါစေသော်။
(၃) ဂဏန်းပိုင်ရှင်များ
အင်္ဂလိပ်မွေးနေ့ 3 . 12 . 21 . 30 နေ့မွေးသူများ အားလုံး
( 3 ) ဂဏန်းသမား များဖြစ်ကြပါတယ်....
(3) ဂဏန်း ဟာ ကြာသပတေးဂြိုဟ်ပိုင်တဲ့ ဂဏန်းဗျ။ ကြာသပတေးဂြိုဟ်ဟာ ကျွန်တော်တို့ နေစင်္ကြာဝဠာ အဖွဲ့အစည်းထဲမှာ “နေမင်း” ပြီးရင် ဒုတိယအကြီးဆုံးဂြိုဟ် ဖြစ်တယ်ဗျ။ ပြီးတော့ သူက အင်မတန် အားကြီးတဲ့ “သောမ” ဂြိုဟ်ကြီး လည်း ဖြစ်တယ်။ “သောမဂြိုဟ်” ဆိုတာက ဂြိုဟ်ကောင်းပေါ့ဗျာ။ “ပါပဂြိုဟ်” ကတော့ ဂြိုဟ်ဆိုးပေါ့။
နက္ခတ်ဗေဒင်ပညာ မှာတော့ ကြာသပတေးဂြိုဟ်ကောင်း-အပြစ်တစ်သိန်းပျောက် လို့ ဆိုကြတယ်။ ဇာတာခွင်တစ်ခုမှာ ကြာသပတေးဂြိုဟ်သာ အားကောင်းရင် ကျန်တဲ့ အားနည်းချက်၊ အပြစ်တွေ ပျောက်ကုန်တယ်လို့ ယူဆကြပါတယ်။ သူဟာ တရားဥပဒေ၊ ဘာသာရေး၊ အတွေးအခေါ်ဒဿန၊ ငွေကြေးဓနဥစ္စာ၊ ကိုယ်ကျင့်တရား၊ ရိုးရာအစဉ်အလာတွေကို စိုးမိုးတယ်ဗျ။
ရောမဒဏ္ဍာရီမှာတော့ ကြာသပတေးဂြိုဟ်ကြီးဟ “ဂျူပီတာ” ဆိုတဲ့ နတ်ဘုရားရဲ့ အမှတ်အသားဖြစ်ပြီး သူဟာ “ကောင်းကင်၊ မြေကြီး နဲ့ မိုးကြိုး” တွေကို အစိုးရတဲ့ နတ်မင်းကြီးတစ်ပါးလို့ဆိုတယ်။ ပြီးတော့ “နတ်အားလုံးတို့ရဲ့ ဘုရင်” လို့ လည်းဆိုပြန်တယ်။ သူဟာ “တရားဥပဒေကို စိုးမိုးတဲ့ နတ်မင်းကြီး” လို့လည်း သတ်မှတ်ကြပြန်တယ်။
.
ဒါကြောင့် (3)ဂဏန်းသမားတွေဟာ တရားဥပဒေကို ရိုသေလေးစားလိုက်နာသူတွေ၊ ကိုယ်ကျင့်တရားကောင်းသူတွေ၊ ရိုးရာအစဉ်အလာတွေကို လိုက်နာလေ့ ရှိသူတွေများတယ်ဗျ။ သူတို့ဟာ ခေတ်ရေစီးကြောင်းကို သိပ်မလိုက်ချင်ကြတဲ့ ရေှးရိုးစွဲ ဝါဒီတွေလည်း ဖြစ်တတ်ကြတယ်။ ဒါပေမယ့် လွတ်လပ်ခြင်းနဲ့ ဒီမိုကရေစီကိုတော့ မြတ်နိုးကြတယ်ဗျ။
သိပ်ခေတ်ဆန်လွန်းတာ၊ ခေတ်ရေှ့ပြေးလွန်းတာတွေကိုတော့ သိပ်နှစ်ခြိုက်လေ့မရှိကြဘူး။ စည်းကမ်းလည်း အင်မတန်ကြီး ကြတယ်။ ဇွဲသတ္တိအလွန်ကောင်းပြီး နောက်မလျော့အရွုံးမပေးတတ်တဲ့ စရိုက်တွေရှိတတ်တယ်။ ဥပမာအားဖြင့် အမေရိကန် နိုင်ငံရဲ့ အထင်ရှားဆုံး သမ္မတစ်ဦးဖြစ်တဲ့ “အေဘရာဟင်လင်ကွန်း” ဟာ (12)ရက်မွေးတဲ့ (3) ဂဏန်းသမားဘဲဗျ။ သူဟာ တောထဲက သစ်လုံးအိမ်ကလေးထဲမှာ မွေးဖွားခဲ့သူဖြစ်ပြီး ကိုယ့်ထူးကိုယ်ချွန်ဘဝနဲ့ အမေရိကန်နိုင်ငံရဲ့ အကြီးကျယ်ဆုံး သမ္မတဖြစ်လာသူဘဲ။ နောက်တစ်ယောက်က ဒုတိယယ ကမ္ဘာစစ်ကြီးမှာ နာဇီဂျာမဏီတို့ရဲ့ ရန်ကို ကြံ့ကြံ့ခံ တွန်းလှန်ခဲ့တဲ့ ဗြိတိသှျ ဝန်ကြီးချုပ် “ဆာဝင်စတန်ချာချီ” ကလည်း (30)ရက်နေ့မှာ မွေးတဲ့ (3)ဂဏန်းသမားတစ်ဦးဘဲဗျ။
နောက်တစ်ဦးကတော့ မြင်းမပါဘဲ သူ့ဟာသူသွားတဲ့ယာဉ်ကို တီထွင်မယ်ဆိုတော ရူးသွပ်နေသူတစ်ယောက်လို့ သတ်မှတ် ခံရပေမယ့် ကိုယ့်ယုံကြည်ချက်အတိုင်း တစ်စိုက်မတ်မတ် လုပ်ခဲ့လို့ ယနေ့ကာလမှာ ပျားပန်းခတ်မှျ သွားလေနေတဲ့ မော်တော်ကားကို တီထွင်ခဲ့သူ “ဟင်နရီဖို့ဒ်” ဟာလည်း (30)ရက်ဖွား (3)ဂဏန်းသမားဘဲဗျ။
(3)ဂဏန်းသမားတွေဟာ သူများမဖြစ်နိုင်ပါဘူးလို့ ပြောနေတဲ့ အရာတွေကို ဖြစ်အောင် လုပ်ပြနိုင်တဲ့ ဇွဲသတ္တိမျိုး ရှိကြသူတွေ ဖြစ်တယ်။ သမ္မတလင်ကွန်းဟာ ဘယ်သူမှ မဖြစ်နိုင်ဘူးထင်တဲ့ “ငွေဝယ်ကျွန်စနစ်”ကိုဖျက်သိမ်းဖို့အတွက် ပြည်တွင်း စစ်ကြီးအနိုင်တိုက်ပြီး ဖြစ်အောင်လုပ်ပြသွားသူဖြစ်တယ်။ ဝင်စတန်ချာချီ ဟာလည်း အင်္ဂလန်ကျွန်းလေးကို နောက်ဆုံး အချိန်အထိ ကြံ့ကြံ့ခံကာကွယ်ခဲ့ပြီး အရွုံးကနေ အနိုင်ပြန်ဖြစ်အောင် လုပ်နိုင်ခဲ့တယ်။ ကဲ- သူစရိုက်လက္ခဏာ လေးတွေကို လေ့လာကြည့်ကြရအောင်လား။
= (၃)ဂဏန်းသမားတွေဟာ တည်တည်တံ့တံ့နေလေ့ရှိသူများဖြစ်တယ်။ အိန္ဒြေသိက္ခာကြီးမားကြတယ်။ (၃)ဂဏန်းသမား တွေထဲမှာ လူပျော်၊ လူရွွတ်၊ လူနောက်တွေ သိပ်မတွေ့ရဘူး။ တစ်ခါတစ်ရံ မာနကြီးတယ်လို့ အထင်ခံရတတ်တယ်။ သူတို့ဟာ တွေ့ရာလူနဲ့ ရောရောနေှာနေှာ မနေတတ်ကြဘူး။
= ငယ်စဉ်ကတည်းက ကိုယ့်ကစားစရာ၊ ကိုယ့်ပစ္စည်းလေးတွေကို ရိုသေတယ်။ သူများကိုင်တာမကြိုက်ဘူး။ သူပိုင်ပစ္စည်း လေးတွေကို သီးသီးသန့်သန့် သိမ်းဆည်း တတ်တယ်။ ငွေကြေးကို ရိုသေတယ်။ စုဆောင်းတတ်တယ်။ တစ်ခါတစ်ရံ နှမြော တွန့်တိုတတ်တယ်။
= (3)ဂဏန်းသမားတွေဟာ စည်းကမ်းကြီးသူတွေဖြစ်လို့ မိသားစု အပေါင်းအသင်းတွေထဲမှာ သီးသီးသန့်သန့် လိုဖြစ်နေတယ်။ ဒွေးရောယှက်တင် မနေတတ်ကြဘူး။ သူတို့ဟာ သြဇာအာဏာပေးလိုသူတွေဖြစ်တယ်။ ငယ်စဉ်ကတည်းက ခေါင်းဆောင်စိတ်ရှိတယ်။ ကိုယ့်ဘဝတက်လမ်းကို အမြဲကြံစည်နေ တတ်ကြတယ်။ သူများလက်အောက်မှာ မနေလိုဘဲ သူများကိုသာ အုပ်ချုပ်လိုသူတွေဖြစ်တယ်။
= (3)ဂဏန်းသမားတွေဟာ ရိုးရိုးကျင့် မြင့်မြင့်ကြံ လိုသူတွေဖြစ်တယ်။ ဘဝကို တစ်ဆင့်ပြီး တစ်ဆင့် တက်လှမ်းလိုကြတယ်။ အချောင်နွိုက်၊ အပွကြံ၊ ဖြတ်လမ်းနည်း တွေနဲ့ ကြီးပွားချမ်းသာတာမျိုးကို သိပ်ပြီး မယုံကြည်သူတွေဖြစ်တယ်။ တကယ်လို့ လုပ်မိရင်လည်း ရေရှည်စွဲမလုပ်ဘဲ နောင်တရ လွယ်သူတွေဖြစ်တယ်။
= (3)ဂဏန်းသမားတွေဟာ ရန်လိုသူတွေမဟုတ်ပေမယ့် သူတို့ရဲ့ စည်းကမ်းကြီးမွု၊ သြဇာပေးတတ်မွုတို့ကြောင့် အတူနေ သူများနဲ့ မကြာခဏ မသင့်မတင် ့ ဖြစ်လေ့ ရှိတတ်တယ်။ သူတို့ဟာ ကိုယ်စည်းကမ်းရှိသလို သူများတွေကိုလည်း စည်းကမ်း လိုက်နာစေချင်တယ်။ ကပျစ်ကညစ်နေတတ်တဲ့ သူများနဲ့ဆိုရင် မကြာခဏ ကတောက်ကဆဖြစ်လေ့ရှိတယ်။
= သူတို့ဘဝမှာ တက်လမ်းရှိပေမယ့် တက်သင့်သလောက် မတက်ရတဲ့ အထဲမှာ “လူ့အောက်မကြို့ချင်တဲ့ သူတို့ရဲ့ ညဉ်ကြောင့်” လည်းဖြစ်နေတတ်တယ်။ လူ့အောက်မကြို့ချင်တဲ့(မဖားတတ်တဲ့) သူတို့ညဉ်ကြောင့် သူတို့ဟာ အကြီးအကဲ တွေရဲ့ နှစ်သက်မွုကို သိပ်မခံရသူတွေလည်းဖြစ်တယ်။ ဒါကြောင့် သူတို့ဟာ ဖားတာကို ကြိုက်တဲ့ အထက်လူကြီးရဲ့ လက်အောက်မှာဆိုရင် ဘဝတက်လမ်းပိတ်နေတတ်ပြီး၊ ဖားတာကို မကြိုက်ဘဲ အမှန်အကန်သမားကိုမှ ကြိုက်နှစ်သက်တဲ့ အထက်လူကြီးတွေလက်အောက်မှာဆိုရင် ဘဝတက်လမ်း အလွန်မြန်သူတွေဖြစ်ပြီး တာဝန်ကြီးကြီးမားမားတွေကို ပေးအပ် ခံရတတ်တယ်။ ယုံကြည်စိတ်ချ ခံရတတ်တယ်။ ယုံကြည်စိတ်ချခံရသလို ပေးအပ်တဲ့တာဝန်ကို အောင်မြင်အောင် ဆောင်ရွက်နိုင်စွမ်း ရှိသူတွေလည်း ဖြစ်တယ်။
= (3)ဂဏန်းသမားတွေဟာ သူတို့ကိုယ်တိုင် အုပ်ချုပ်သူလူကြီးဖြစ်လာရင်လည်း တင်းကြပ်တဲ့ စည်းကမ်းတွေနဲ့ အုပ်ချုပ် တတ်တာကြောင့် လက်အောက်လူတွေ တော်တော် အနေမချောင်ဘဲ ရွံ့ကြောက်ကြီး အဖြစ်ခံရတတ်ပါတယ်။ သူတို့ဟာ စည်းကမ်းနဲ့ ပတ်သက်လာရင် နည်းနည်းလေးမှ အလျော့မပေးတတ်သူတွေ ဖြစ်တယ်။ ဒါကြောင့် (3)ဂဏန်းသမားတွေဟာ လက်အောက်လူတွေရဲ့ ချစ်ခင်မွုကို မရကြတာများပါတယ်။
= (3)ဂဏန်းသမားတွေဟာ ဘယ်လိုဘဝ အခြေအနေမျိုးမှာ ပေါက်ဖွားကြီးပြင်းလာရသည်ဖြစ်စေ နောက်ဆုံးမှာတော့ မြင့်မားတဲ့ ဘဝအခြေအနေကို တက်လှမ်းနိုင် ကြသူများဖြစ်တယ်။ အိုဇာတာ ကောင်းကြသူတွေများတယ်။ ဘဝမှာ အဆင့်မြင့် တာဝန်တွေကိုထမ်းဆောင်ရတတ်တယ်။ အကြီးအကဲ ခေါင်းဆောင်ဖြစ်လွယ်တယ်။ သူတို့ဟာ မွေးကတည်းက “ရာဇ”ယုဂ် ပါလာ ကြသူများဖြစ်ကြတယ်။
= အိမ်ထောင်ရေးနဲ့ ပတ်သက်လာရင်တော့ (3)ဂဏန်းသမားများဟာ အိမ်ထောင်ရေးကံ ညံ့သူတွေတော့မဟုတ်ဘူး။ ဒါပေမယ့် စည်းကမ်းကြီးလွန်းတာ၊ သူ့ဖက်ကိုယ့်ဘက် မှျတမွုနည်းပါးတာ၊ (ကိုယ်က မှားရင်တောင်မှ) မတောင်းပန်ချင်တာ၊ အောက်ကြို့မခံချင်တာ တွေကြောင့် အိမ်ထောင်ရေး ပဋိပက္ခတွေ မကြာခဏဖြစ်နိုင်တယ်။ နောက်ပြီး သူတို့ဟာ ခွင့်လွွတ် လွယ်သူတွေမဟုတ်ဘဲ အမှတ်အတေး ကြီးတာတွေကြောင့်လည်း အိမ်ထောင်ရေးပြဿနာတွေဟာ အလွယ်တကူ ပြီးပျောက် မသွားနိုင်အောင်ဖြစ်နေတတ်ပါတယ်။
= (3)ဂဏန်းသမားတွေဟာ အိမ်ထောင်ရေးမှာ ကိုယ့်ဘက်ကသာ နဲနဲ လျော့ပေးလိုက်ပြီး၊ လူတိုင်း ကိုယ်လို မဟုတ်နိုင်ဘူး ဆိုတာ နှလုံးသွင်းနိုင်ရင် သာယာတဲ့ အိမ်ထောင်ရေးတွေ ဖြစ်လာနိုင်ပါတယ်။ ကိုယ့်ဘက်ကသာ အလျော့မပေးရင် ဘာမဟုတ်တဲ့ ပြဿနာလေးတွေနဲ့ကို အိမ်ထောင်ရေး ပဋိပက္ခဖြစ်ပြီး နောက်ဆုံး အိမ်ထောင်ရေး လမ်းခွဲရတဲ့ အထိဖြစ်သွား တတ်ပါတယ်။
= (3)ဂဏန်းသမားတွေဟာ ကိုယ့်အလုပ်၊ ကိုယ့်ဆရာသမား နဲ့ အပေါင်းအသင်းတွေအပေါ်မှာ သစ္စာရှိတဲ့သူတွေဖြစ်ပါတယ်။ သူတို့မှာ ကပ်စေးနှဲတဲ့ ညဉ်လေး ရှိတတ်ကြပေမယ့် ကိုယ်တကယ် ခင်မင်တဲ့ သူတွေ ဒုက္ခရောက်နေရင်တော့ ရေှာင်ပြေးလေ့ မရှိဘဲ တတ်အားသရွေ့ ကူညီတတ်ကြသူတွေ လည်းဖြစ်ပါတယ်။
= ကပ်စေးနှဲတဲ့ ညဉ်နဲ့ ပတ်သက်ပြီးပြောရရင် (3)ဂဏန်းသမားတွေဟာ သူတို့ မစားရက်၊ မသုံးရက်စုဆောင်းထားတဲ့ ငွေကြေးဥစ္စာတွေဟာ သူတို့ မသုံးလိုက်ရဘဲ သူများအတွက် ဖြစ်သွားရတတ်တာ အထူးသတိထားပါ။ သုံးသင့်တဲ့ အချိန်မှာ သုံးသင့်သလောက် မသုံးလို့ နောက်ဆုံး ကိုယ့်နောက် ပါမသွားဘဲ “ဥစ္စာစု၊ ထိုက်သူဖို့” ဆိုတာလို ဖြစ်သွားရတတ်ပါတယ်။
သူတို့ဘဝအကျိုးပေး လုပ်ငန်း
=================
(3)ဂဏန်းသမားတွေနဲ့ တည့်တဲ့ ဂဏန်းကလည်း ခပ်ရှားရှားဘဲဗျ။ သချင်္ာဗေဒစာအုပ် တော်တော်များများမှာတော့ (3)ဂဏန်းသမား (3,6,9) ဂဏန်းသမားတွေနဲ့ သင့်မြတ်ကောင်းမွန်သည်ဆိုတဲ့ အဆိုကိုတော့ ကျွန်တော်သိပ်သဘောမကျလှဘူးဗျ။ (6) ဂဏန်းသမားနဲ့ မိတ်ဘက်ကျတယ်ဆိုတာတော့ လက်ခံနိုင်ပေမယ့် (9)ဂဏန်း သမားနဲ့ (3)ဂဏန်းသမားတော့ အဆင်မပြေနိုင်ဘူး။ (9)ဂဏန်းသမားတွေဟာ အတ္တစိတ်ကြီးတတ်တယ်။ အနိုင်ထက် ပြုတတ်တယ်။ သူများကို လွွမ်းမိုးလိုတယ်။ “တရားတစ်ဖက် ဒါးတစ်လက်” ပြုတတ်တယ်။ ဒါတွေဟာ (3)ဂဏန်း သမားတွေနဲ့ထိပ်တိုက်တွေ့နိုင်တဲ့ ကိစ္စဘဲဗျ။
(1)ဂဏန်းသမားတွေနဲ့ ဆိုရင်လည်း “ဟိုကလည်း ဆရာကြီး၊ သူကလည်း ဆရာကြီး” ဆိုတော့ မဖြစ်ပြန်ဘူး။ (2)ဂဏန်း သမားနဲ့တော့ သိပ်မဆိုးလှဘူးဗျ။ (2)ဂဏန်း သမားတွေကတော့ အေးချမ်းပြီး၊ သူများအပေါ် လွွမ်းမိုးလိုစိတ်မရှိတော့ လိုက်ဖက်နိုင်တယ်။ အဲ- (4)ဂဏန်း နဲ့ (5) ဂဏန်းတွေကတော့ ကပျစ်ကညစ်သမားတွေက များတော့ (3)ဂဏန်း သမားနဲ့ကတော့ “ဓမ္မာသောက၊ အင်းဝရာဇာ” ဆိုတာမျိုးလိုဘဲဖြစ်သွားနိုင်တယ်။
(7)ဂဏန်းသမားနဲ့ တည့်နိုင်တယ်။ (8)ဂဏန်းသမားနဲ့ကျတော့ ဂြိုဟ်ရဲ့ သဘာဝချင်းကိုက ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတော့ လုံးဝမဖြစ်နိုင်ဘူး ။ ဒါကြောင့် အသင့်တော်ဆုံးက (2)(3)(6)(7)ဂဏန်းသမားတွေဟာ (3)ဂဏန်း သမားတွေနဲ့ သင့်မြတ်နိုင်တယ်။
(3)ဂဏန်းသမားတွေနဲ့ အကျိုးပေးနိုင်တဲ့လုပ်ငန်းတွေကတော့ တရားဥပဒေနဲ့ ပတ်သက်တဲ့လုပ်ငန်းတွေ၊ ဘဏ်လုပ်ငန်း၊ စာရင်းအင်းလုပ်ငန်း၊ သင်ကြားပြသခြင်း လုပ်ငန်း၊ အုပ်ချုပ်ရေးနဲ့ စစ်ဘက်ဆိုင်ရာလုပ်ငန်း၊ ဘာသာရေးနှင့် ဆက်နွယ် နေသော လုပ်ငန်းများ၊ အာမခံလုပ်ငန်း၊ အသိပညာအတတ်ပညာများ ဖြန့်ဝေပေးရသော လုပ်ငန်း၊ အနုပညာလုပ်ငန်းများ၊ စာပေရေးသားခြင်း လုပ်ငန်းများ အကျိုးပေးနိုင်တယ်။ နောက်ဆုံး ပြောရရင်တော့ (3)ဂဏန်းသမားများဟာ ဘာလုပ်ငန်းကိုဘဲ လုပ်လုပ် စည်းကမ်းရှိခြင်း၊ ဝီရိယရှိခြင်း၊ အလုပ်ကို ရိုသေခြင်း၊ ကြီးပွားတိုးတက်လိုခြင်း၊ စေ့စပ်သေချာခြင်းများကြောင့် မြင့်မားတဲ့ ဘဝအဆင့်အတန်းတွေကို ရောက်ကို ရောက်ရ မှာဘဲဗျ။
(3)ဂဏန်းတစ်မျိုးစီရဲ့ သီးခြားဂုဏ်အင်္ဂါလေးတွေကိုလည်း ပြောရရင်
(3)ဂဏန်းလေးမျိုးရှိတယ်ဗျ။ “ထီးတည်း” လို့ခေါ်တဲ့ (3)ရက်ဖွားရယ်၊ (12)ရက်ဖွားရယ်၊ (21)ရက်ဖွားရယ်၊ (30)ရက်ဖွားရယ်ပေါ့။ အဲဒီထဲမှာ ကျွန်တော်အကြိုက်ဆုံးကတော့ (21)ဂဏန်းဘဲဗျ။ (3) ထီးတည်းကတော့ စည်းကမ်း ကြီးလွန်းပြီး အထီးကျန်ဆန်တယ်။ ဒီနေရာ တစ်ခုပြောချင်တာ (1)ကနေ (9) အထိ ဂဏန်း(9)လုံးဟာ တွဲဖက်မရှိလို့ သူတို့ကို “ထီးတည်း” ဂဏန်းတွေလို့ ခေါ်တယ်ဗျ။ ထီးတည်းဂဏန်းမှန်ရင် (5)ဂဏန်းတစ်ခုကလွဲရင် ကျန်တဲ့ ထီးတည်း ဂဏန်းသမားတွေဟာ အထီးကျန်ဆန်ခြင်း၊ ပေါင်းရသင်းရခက်ခြင်းဆိုတဲ့ သဘောတရားတွေ အနည်းနဲ့အများ ရှိနေကြ သူတွေဘဲဖြစ်တယ်။ (10)ကနေ စပြီး (31) အထိ ဂဏန်းတွေကိုတော့ “တွဲလုံး” ဂဏန်းတွေလို့ခေါ်တယ်။ ဂဏန်းဗေဒင်နဲ့ ပတ်သက်ရင် ဒီအချက်ဟာ သိထားသင့်တယ်။
(12)ဂဏန်းဟာ နဲနဲတော့ စိုးရိမ်ရတဲ့ ဂဏန်းဖြစ်တယ်။ သူ့မှာ ရန်သူ(၅)ပါးဘေး၊ သဘာဝဘေးအန္တရာယ်ဘေးတွေ ကျရောက် လွယ်တယ်။ အိမ်ထောင်ရေးပြဿနာ အကြီးစားတွေဖြစ်နိုင်တယ်။ သူတို့ဟာ “ဗူးဆိုရင် ဖရုံမသီး” တဲ့လူတွေဖြစ်ပြီး ဖြောင့်ဖျ ပြောဆိုဖို့ အင်မတန်ခက်ခဲတယ်။ ရန်သူပေါတယ်။ မုန်းသူများမယ်။ သူများရဲ့ လုပ်ကြံချောက်တွန်းမွုတွေ ခံရနိုင်တယ်။
(21)ဂဏန်းသမားတွေကတော့ ဂဏန်းအရတော့ ရှယ်ဘဲဗျ။ ကြာသပတေးဂြိုဟ်ရဲ့ Logo သင်္ကေတကို ကြည့်ပါလား။ (21)ဂဏန်းနဲ့ တူမနေဘူးလား။ ဒါကြောင့် (21)ဂဏန်းဟာ ကြာသပတေးဂြိုဟ်ရဲ့ ကောင်းကျိုးတွေကို အပြည့်အဝရတဲ့ ဂဏန်းတစ်ခုဖြစ်တယ်ဗျ။ ဘဝအကျိုးပေးလည်း ကောင်းတတ်တယ်။ သူတို့ရဲ့ ဘဝတည်ငြိမ်တယ်။ မချမ်းသာရင်တောင်မှ ဘဝက ပရမ်းပတာ ဖြစ်မသွားနိုင်ဘူး။ အိမ်ထောင်ဘက်ကောင်း ရတတ်တယ်။ မိန်းကလေး (21)သမားတွေကတော့ ရုပ်ရည်အဆင်ပြေချောမောတတ်ကြပြီး ကိုယ့်ထက် အဆင့်အလွန်မြင့်မားတဲ့ ယောကျင်္ားမျိုးကို ရတတ်တယ်။ သူတို့ဟာ အိမ်ထောင်ဘက်အပေါ်မှာလည်း လွွမ်းမိုးနိုင်စွမ်းရှိတယ်ဗျ။
(30)ရက်ဖွားတွေကတော့ သြဇာအာဏာကြီးသူတွေဖြစ်တယ်။ လွယ်လွယ်နဲ့ လက်လျော့အရွုံးမပေးတတ်ဘူး။ နောက်ဆုံး တော့ သူတို့ဘဲ အနိုင်ရသွားတတ်ပါတယ်။ စဉ်းစားချင့်ချိန်ဉာဏ်အလွန်ကောင်းတယ်။ အတွေးအခေါ်မြင့်မားတယ်။ တစ်ယူသန်ဆန်တယ်။ တစ်ချို့ အနုပညာဘက်မှာ အလွန်အကျိုးပေးတတ်တယ်။ သူတို့မှာလည်း ရန်သူမျိုးငါးပါးဘေးနဲ့ လုပ်ကြံ ခံရမွုမျိုး ရှိနိုင်တတ်တယ်။
ကမ္ဘာကျော်ကြားတဲ့ (3) ဂဏန်းသမားတွေ
======================
ကမ္ဘာကျော်တဲ့ (3) ဂဏန်းသမားတွေကတော့ = အေဘရာဟမ်လင်ကွန်း က (12)ရက်ဖွား ၊ ၀င်စတန်ချာချီက (30)ရက်ဖွား၊ မော်တော်ကားတီထွင်ခဲ့
သူ ဟင်နရီဖို့ဒ် က (30)ရက်ဖွား၊ လူဟာ မျောက်ကဆင်းသက်တယ်ဆိုတဲ့ သီအိုရီကို ဖော်ထုတ်ခဲ့သူ ချားလ်ဒါဝင်က (12)ရက်ဖွား၊ စာရေးဆရာကြီး မတ်တွိန်းက (30) ရက်ဖွား၊ နိုဘယ်ဆုဖောင်ဒေးရှင်းကို တည်ထောင်ခဲ့တဲ့ အယ်ဖရက်နိုဘယ် က (21)ရက်ဖွား၊ အခု ကယ်လဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး အက်ရှင် မင်းသားကြီး အာနိုးလ်က (30)ရက်ဖွား၊ ဟောလီးဝုဒ် မင်းသမီးချော ကင်မရွန်းဒဇ် က (30)ရက်ဖွား၊ တိုက်တန်းနစ် သီချင်းနဲ့ ကမ္ဘာကျော်သွားတဲ့ အဆိုတော် ဆယ်လိုင်းဒီယွန် က (30)ရက်ဖွား၊ အောင်ဆန်း-အက်တလီ , နု- အက်တလီ ဆိုတဲ့ မြန်မာနိုင်ငံလွတ်လပ်ရေးရဖို့ ကိစ္စမှာ အရေးပါခဲ့တဲ့ ဗြိတိသှျဝန်ကြီးချုပ် ကလီးမင့် အက်တလီက (3)ရက်ဖွား၊ နိုဗယ်ဆုရ စာရေးဆရာကြီး အားနက်စ် ဟင်းမင်းဝေးက (21)ရက်ဖွား၊ စာရေးဆရာကြီး ဂျက်လန်ဒန်က (12)ရက်ဖွား၊ ဖလော်ရင့် နိုက်တင်ဂေးက (12)ရက်ဖွား၊ ချယ်ဆီးတိုက်စစ်မှူး ဖရင့် လမ်းပတ် က(21)ရက်ဖွား၊ ကားမေှာက် ကွယ်လွန်သွားတဲ့ မိုနာကိုမင်းသမီးကြီး ဂရေ့စ်ကယ်လီက (12)ရက်ဖွား၊ ဟောလီဝုဒ် သရုပ်ဆောင်နဲ့ဒါရိုက်တာဖြစ်တဲ့ မဲလ်ဂစ်ဘ်ဆင် က (3)ရက်ဖွား၊ ပြိုင်ကားမောင်းချန်ပီယံ မိုက်ကယ်ရွုးမေကာက (3)ရက်ဖွား၊ လုပ်ကြံခံရတဲ့ ကိုရီးယား သမ္မတဟောင်း ပတ်ချုံဟီးလ် က (30)ရက်ဖွား၊ နောက်ထပ်လုပ်ကြံခံရတဲ့ ဆွီဒင်ဝန်ကြီးချုပ် အိုလော့ပန်း က (30)ရက်ဖွား၊ လက်ရှိ အင်္ဂလန်နိုင်ငံရဲ့ ဘုရင်မကြီး အယ်လီဇဘက် က (21)ရက်ဖွား၊ ကမ႓ာကျော် ကာတွန်းသရုပ်ဆောင် “မောဂ္ဂလိ ” ကို ဖန်ဆင်းခဲ့တဲ့ စာရေးဆရာကြီး ရုယဒ်ကစ်ပလင်းက (30)ရက်ဖွား၊ သိပ္ပံစာရေး ဆရာကြီး H.G Well က (21)ရက်ဖွား၊ ဂျာမန်နာဇီခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဟာမန်းဂိုးအားရင်းက (12)ရက်ဖွား ပါဗျာ ။
အားလုံး ကျန်းမာချမ်းသာကြပါစေသော်၊
(၄) ဂဏန်းပိုင်ရှင်များ
အင်္ဂလိပ်မွေးနေ့ 4 . 13 . 22 . 31 နေ့မွေးသူများ အားလုံး ( 4 ) ဂဏန်းသမား များဖြစ်ကြပါတယ်....
(4)ဂဏန်းဟာ ဂဏန်းဗေဒင်ပညာမှာ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတဲ့ ဂဏန်း တစ်ခုပါ။ (4)ဂဏန်းဟာ ပထဝီ၊ ဝါယော၊ အာပေါ၊ တေဇော ဆိုတဲ့ မူလဘူတ ဓါတ်ကြီး (4)ပါးကို ကိုယ်စားပြုတဲ့ ဂဏန်းပါ။ နောက်ပြီး ဗုဒ္ဓဘာသာဝင်တွေ အတွက် ပဋိစ္စသမုပ္ပဒ်ဆိုတဲ့ သစ္စာတရားဟာ (4)ပါးရှိပါတယ်။ သမုဒယသစ္စာ၊ ဒုက္ခသစ္စာ၊ မဂ္ဂသစ္စာ နဲ့ နိယောဓ သစ္စာတို့ ဖြစ်ပါတယ်။
လောကမှာ “ပညတ်” တရားတွေ ဘယ်လောက် များများ၊ “ပရမတ်” တရားကတော့ (4)ခုသာ ရှိပါတယ်။ “စိတ်၊ စေတသိက်၊ ရုပ် ၊ နိဗ္ဗာန်” တို့ဘဲဖြစ်ပါတယ်။ (4)ဂဏန်း အတွဲပါဘဲ။
နောက်ပြီး မဟာဘုတ်ပညာမှာ သုံးတဲ့ “အောင်၊ လံ၊ ထူ၊ စစ်၊ သူ၊ ကြီး၊ ပွဲ” ဆိုတာ တကယ်တော့ ဂြိုဟ်တစ်ခု နဲ့ တစ်ခု “စတုရန်း အစီအစဉ်နဲ့” ချထားတာ မဟုတ်ပါလား။ ဂြိုဟ်တစ်ခုကနေ ဂြိုဟ်တစ်ခုကို (4)ခုမြောက် ရေတွက်ပြီး ချထားတာဖြစ်တယ်။ (၁ – ၄ – ဝ – ၃ – ၆ – ၂ – ၅ )
ဂြိုဟ်စား သက်ရောက်ခွင်မှာ မကောင်းတဲ့ဂြိုဟ်စားဖြစ်တဲ့ “ဘုမ္မိဂြိုဟ်” ဆိုတာကလည်း မိမိမွေးဖွားတဲ့ မူလဂြိုဟ်ကနေ စတင်ရေတွက်ရင် (4)ခုမြောက်ကျတဲ့ သက်ရောက်ခွင်ဘဲဖြစ်ပါတယ်။
အင်္ဂဝိဇ္ဇာ ဓါတ်ရိုက်ဓာတ်ဆင် ပညာမှာ စတုရန်းဂြိုဟ်ကို “သတ်တတ်တဲ့” ဂြိုဟ် တစ်ခုလို့ သတ်မှတ်ပါတယ်။ “စတုရန်း၊ ခံနိုင်စွမ်းမရှိ” ဆိုပြီး ဆိုရိုးရှိပါတယ်။ နံတစ်ခုကို သတ်ချင်ရင် သူ့ရဲ့ စတုရန်းဂြိုဟ်နဲ့ သတ်ရင် လုံးဝမခံနိုင် ပါဘူးလို့ဆိုလိုတာပါ။ (သတ် တယ်ဆိုတာ ဗေဒင်ဝေါဟာရပါ။ အနိုင်ရအောင် လုပ်တာကို ပြောတာပါ။ သတ်တာဖြတ်တာ မဟုတ်ပါဘူး)
မြန်မာ့ဗေဒင်ပညာမှာတော့ (၄)ဂဏန်းကို ဗုဒ္ဓဟူးဂြိုဟ်ပိုင်တဲ့ ဂဏန်းလို့ ယူဆပြီး၊ အနောက်တိုင်း နျူမရိုလိုဂျီ (Numerology) ပညာမှာတော့ (4)ဂဏန်းကို ယူရေးနပ်စ်ဂြိုဟ်က ပိုင်တယ်လို့ ယူဆပါတယ်။
ထူးဆန်းတာက မြန်မာမှာ (၄)ဂဏန်းကို (၂)ဆပွားလိုက်ရင် ဖြစ်လာတဲ့ (၈)ကို ရာဟုဂြိုဟ်လို့ သတ်မှတ်ပြီး အဲဒီ ရာဟုဂြိုဟ် ဟာ ဗုဒ္ဓဟူးဂြိုဟ်နဲ့ လုံးဝမတည့်တဲ့ ဂြိုဟ်ဖြစ်နေပါတယ်။ “ ဦးညို၊ ခေမာ၊ သုတာ၊ ဝေရီ” ရန်စီစီ လို့ သတ်မှတ်ပါတယ်။ ဗုဒ္ဓဟူးဂြိုဟ်သက်ရောက်ခွင်ကနေ စတင်ရေတွက်ရင် (၄)ခုမြောက်ခွင်ဖြစ်တဲ့အတွက် ရာဟုဟာ ဗုဒ္ဓဟူးဂြိုဟ်ရဲ့ ဘုမ္မိဂြိုဟ် ဖြစ်ပြီး ဗုဒ္ဓဟူးဂြိုဟ်ကို ကောင်းကောင်း ဒုက္ခပေးနိုင်တဲ့ ဂြိုဟ်ဖြစ်ပါတယ်။ ဗုဒ္ဓဟူးသားသမီး တွေဟာ ရာဟုဂြိုဟ် သက်ရောက် ထဲမှာ ကျန်းမာရေး၊ စီးပွားရေး၊ အိမ်ထောင်ရေးတွေ ဒုက္ခပေးတတ်ပါတယ်။
အဲဒီလိုဘဲ အနောက်တိုင်းမှာ (4)ဂဏန်းကို (၂)ဆပွားလိုက်ရင် ဖြစ်လာတဲ့ (8)ဂဏန်းကို စနေဂြိုဟ်လို့ သတ်မှတ်ပြီး အဲဒီစနေဂြိုဟ်ဟာလည်း ယူရေးနပ်စ် ဂြိုဟ်နဲ့ လုံးဝမတည့်တဲ့ ဂြိုဟ်ဖြစ်နေပါတယ်။ ရာဟုဂြိုဟ်ဟာ ဗုဒ္ဓဟူးဂြိုဟ်ကို ကောင်းကောင်း ဒုက္ခပေးနိုင်သလို စနေဂြိုဟ်ဟာလည်း ယူရေးနပ်စ် ဂြိုဟ်ကို ကောင်းကောင်း ဒုက္ခပေး နိုင်ပါတယ်။
(4)ဂဏန်းဖြစ်တဲ့ ယူရေးနပ်စ်ဂြိုဟ် နဲ့ (8) ဂဏန်းဖြစ်တဲ့ စနေဂြိုဟ်တို့တွေ့တဲ့ အခါတိုင်းမှ ပြဿနာကြီးတွေ ဖြစ်တတ် တယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။ ဒါပေမယ့် အဲသည်လို ပြဿနာဖြစ်တိုင်း နောက်ဆုံး အနိုင်ရသွား တာက (8) ပါ။ (4) နဲ့ (8) ဟာ ရန်ဘက်ဖြစ်ပေမယ့် များသောအားဖြင့် ပြဿနာဖြစ်ရင် (4) ကရွုံးပြီး (8) ကသာ နိုင်တတ်တာကို သတိပြုမိပါတယ်။
ဒါကြောင့် (4)ဂဏန်း သမားတွေဖြစ်တဲ့ (4)ရက် ၊ (13)ရက်၊ (22)ရက်၊ (31)ရက်နေ့မွေးတဲ့သူတွေဟာ (8) ဂဏန်းကို အထူးသတိပြုပါ။ ဒုက္ခပေးတတ်ပါတယ်။ အသက်ကို ပေါင်းလိုက်ရင် (8) ကျတဲ့နှစ်တွေဖြစ်တဲ့ (17) ၊ (26)၊ (35)၊ (44)၊ (53)၊ (62)၊ (71)၊ (80) နှစ်တွေဟာ မကောင်းတတ်ပါဘူး။ နောက်ပြီး (4) နဲ့ (8) တွဲနေတဲ့ (48) နှစ် (84) နှစ်တွေလည်း မကောင်းပါဘူး။ (8)ဂဏန်းပါတဲ့ (18) ၊ (28) ၊ (38) ၊ (48) ၊ (58) ၊ (68) ၊ (78) ၊ (88) နှစ်တွေလည်း သတိထားရပါမယ်။
နောက်ပြီး ခရစ်သက္ကရာဇ်ကို ပေါင်းလိုက်ရင် (8) ကျတဲ့ (2006) လို နှစ်မျိုးလည်း (4)ဂဏန်း သမားတွေ အတွက် မကောင်းလှပါဘူး။ ပြီးခဲ့တဲ့ (2006) ခုနှစ်တုန်းက (4)ဂဏန်းသမား အတော်များများ လူမွုရေး၊ စီးပွားရေး၊ ကျန်းမာရေးတွေ အတော်ညံ့ခဲ့ကြတာကို သတိထားမိပါတယ်။ မယုံရင် လက်တွေ့လေ့လာကြည့်ပါ။
အခု (2008) ကျတော့ကော။ နောက်ဆုံးမှာ (8)ပါနေလို့ (4)ဂဏန်းသမား အတော်များများ အဆင်မပြေ ကြပါဘူး။ အမေရိကန်နိုင်ငံဟာ ဇူလိုင်လ (4)ရက်နေ့မှာ တည်ထောင်ခဲ့လို့ (4) ဂဏန်းစိုးမိုးတဲ့ နိုင်ငံတစ်ခုပါ။ 1776 ခုနှစ်မှာ နိုင်ငံတည်ထောင်ခဲ့တာမို့ အခု 2008 ခုနှစ်မှာ အနှစ် (233) နှစ်ထဲကို ရောက်လာတဲ့အချိန် (2+3+3) ပေါင်းရင် (8)ဂဏန်း ဖြစ်နေပြီး 2008 မှာလည်း (8) ပါနေတာမို့ စီးပွားပျက်ကပ်လိုမျိုး ကြုံရတာလို့ ယူဆနိုင်ပါတယ်။
(4)ဂဏန်းသမားများအကြောင်း တစေ့တစောင်း
(4)ဂဏန်းသချင်္ာအကြောင်း ပြောပြပြီးရင် (4)ဂဏန်း သမားတွေဖြစ်တဲ့ အင်္ဂလိပ်ရက် (4)ရက်၊ (13)ရက်၊ (22)ရက် နဲ့ (31)ရက် နေ့ဖွားများ အကြောင်း ပြောပြချင်ပါသေးတယ်။
(4)ဂဏန်းသမားတွေဟာ လူ့ဘောင်လူ့လောကထဲမှာ တော်တော်ထင်ပေါ်မွု ရှိတတ်ကြတဲ့သူတွေ ဖြစ်ပါတယ်။ ကောင်းချင်လည်းကောင်းမယ် ဆိုးချင်လည်းဆိုမယ်။ ဒါပေမယ့် ထင်ပေါ်ကျော်ကြားမွု ရှိတတ်ကြတယ်။ (4)ဂဏန်းသမား တွေဟာ မိမိမွေးရပ်ဟာ ဇနပုဒ်ဖြစ်ခဲ့ရင် ကြီးပွားတိုးတက်လေ့ မရှိကြဘူး။ မြို့ကြီးပြကြီး၊ နိုင်ငံရပ်ခြားများမှာ ပိုပြီး ကြီးပွားတတ် ကြတယ်။ (4)ဂဏန်းသမားများရဲ့ ဝိသေသ လက္ခဏာတွေကတော့ -
= ပတ်ဝန်းကျင်နဲ့ သိပ်အဆင်မပြေတတ်ဘူး။ ဘုကျတယ်။ ဘေးကျတယ်။ အလိုက်မသိတတ်ဘူး။ မယဉ်ကျေးဘူး။ စကားများတယ်၊ တစ်ကိုယ်ကောင်း ဆန်တယ်။ ပြောရဆိုရ အလွန်ခွကျတယ်လို့ အသတ်မှတ်ခံရ တတ်တယ်။
= မိရိုးဖလာ ဓလေ့ထုံးတမ်းတွေကို ယုံကြည်မွု နည်းပြီး လက်တွေ့ကျသူများဖြစ်တယ်။ အစဉ်အလာတစ်ခုကို ဖျက်သိမ်းပြီး စနစ်သစ်တည်ထောင်တဲ့နေရာမှာ စံပြဖြစ်တဲ့ သူတွေဟာ (4)ဂဏန်း သမားတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ အမေရိကန် နိုင်ငံကို ကိုလိုနီဘဝကနေ လွတ်လပ်တဲ့ နိုင်ငံတော်ကြီးအဖြစ် တည်ထောင်ခဲ့တဲ့ “ဂျော့ဝါရှင်တန်” ဟာဆိုရင် (4)ဂဏန်း သမားပါ။ ဆိုဗီယက်ယူနီယံကြီးကို တည်ထောင်ခဲ့တဲ့ “လီနင်” ဟာလည်း (4)ဂဏန်းသမားပါ။ မြန်မာနိုင်ငံကို လွတ်လပ်ရေး ရအောင် ဆောင်ကျဉ်းပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း ဟာလည်း (4) ဂဏန်းသမားပါ။
= များသောအားဖြင့် အိမ်ထောင်ရေး အဆင်မပြေတတ်ကျဘူး။ ကိုယ့်အိမ်ထောင်ဘက်အပေါ်မှာ လုံးဝစိတ်တိုင်းမကျ တတ်ကြဘူး။ တစ်ချို့ (4)ဂဏန်းသမား တွေဟာ လူပျိုကြီး၊ အပျိုကြီးဖြစ်နေတတ်တယ်။
= ပုံမှန် အသက်ပိုင်းမှာ အိမ်ထောင်မကျတတ်ဘဲ အိမ်ထောင်ကျ အလွန်စောတာ ၊ အလွန်နောက်ကျတာမျိုး ဖြစ်တတ်တယ်။
= အချစ်ရေး၊ အိမ်ထောင်ရေး၊ လိင်ကိစ္စတွေ အရွုတ်အထွေးများတတ်တယ်။ အိမ်ထောင်မကျခင်လည်းရွုတ်၊ အိမ်ထောင်ကျပြီးလည်းရွုတ် တတ်တာ များတယ်။ (အထူးသဖြင့် ယောကျင်္ားလေးတွေပါ)။ မိန်းကလေးလည်း မပါဘူးလို့ မထင်နဲ့နော်။
= (4)ဂဏန်း မိန်းကလေးများကျတော့ အိမ်ထောင်ကျရင် “လင်ဆိုး” တွေနဲ့ အိမ်ထောင်ကျတတ်ပါတယ်။ “လင်ဆိုး မယား တဖားဖား” ဆိုတာ (4) ဂဏန်းသမား မိန်းကလေးတွေကို ဆိုလိုချင်တာထင်ပါတယ်။ (4)ဂဏန်းမွေး အိမ်ထောင်ရေးကံ ကောင်းတဲ့ မိန်းကလေး အလွန်ရှားပါတယ်။ မရှိဘူး လို့တော့ ပြောတာမဟုတ်ပါ။ (31) ရက်ဖွား မိန်းကလေး ဆိုရင် နဲနဲ သက်သာပါမယ်။
= အလွန် သိလွယ်တတ်လွယ်တယ် ။ တစ်ထွာပြရင် တစ်တောင်မြင်တတ်တယ်။ ဉာဏ်ကောင်းတယ်။ တီထွင်ဖန်တီးဉာဏ် အလွန်ရှိတယ်။ ခေတ်ဟောင်း၊ စနစ်ဟောင်း၊ အတွေးအခေါ်ဟောင်းတွေကို တော်လှန် ချင်စိတ်များတတ်တယ်။
= အလုပ်တစ်ခုကို စွဲစွဲမြဲမြဲ မလုပ်ချင်ကြဘူး။ အလုပ်ခဏခဏ ပြောင်းချင်ကြတယ်။ ကိုယ်က မပြောင်းချင် ရင်လည်း ကံတရားက ပြောင်းပေးတတ်တယ်။
= ဘဝကံဇာတာ အနိမ့်အမြင့် အတက်အကျ အလွန်များတတ်တယ်။ ကောင်းလာပြီဆိုရင်လည်း သိပ်ဘဝင်မမြင့်နဲ့၊ မကြာခင် ပြုတ်ကျတတ်တယ်။ ဆိုးနေပြီဆိုရင်လည်း သိပ်စိတ်ဓာတ်မကျနဲ့ မကြာခင်ပြန်တတ်လာတတ်တယ်။
= ကောင်းပြီဆိုရင်လည်း လှျမ်းလှျမ်းတောက်အောင် ကောင်းတတ်ပြီး ဆိုးပြီးဆိုရင်လည်း စုတ်ပြတ်သတ်နေအောင် ဆိုးတတ်တယ်။ အထူးသဖြင့် (4)ရက်ဖွား နဲ့ (22)ရက်ဖွား (4)ဂဏန်းသမားတွေမှာ အများဆုံးဖြစ်တတ်တယ်။ (13)ရက် နဲ့ (31)ရက်ဖွားတွေက နဲနဲ တော်သေးတယ် ပြောရမှာပေါ့။ သူတို့အဆိုးက (4) နဲ့ (22)လောက် မပြင်းထန်တတ်ပါဘူး။
= (4)ဂဏန်းသမား (အထူးသဖြင့် ယောကျင်္ားလေးတွေ) ဟာ အိမ်မကပ်တဲ့သူတွေ၊ အိမ်မှာမပျော်ဘဲ အပြင်မှာသာ အပျော်များသူတွေ ဖြစ်တတ်ကြတယ်။ မိသားစုအပေါ်မှာ ချစ်ခင်တွယ်တာစိတ် နည်းတတ်တယ်။ ခရီးအလွန် သွားတတ် ကြတယ်။ ခြေစင်္ကြာအမြဲဖြန့်နေတတ်ကြတယ်။ (31)ရက်ဖွား တစ်ခုသာ နဲနဲခြေငြိမ်တယ် ဆိုရမယ်။
= (4)ဂဏန်းသမားတွေထဲမှာ ကိုယ်ကျိုးအစွန့်လွွတ်ဆုံး၊ အမြင့်မြတ်ဆုံး သူတွေကို တွေ့ရသလို၊ ကိုယ်ကျိုးအတ္တ အလွန် ကြီးတဲ့သူတွေကိုလည်း တွေ့ရတတ်တယ်။
= ခေတ်ပေါ်လုပ်ငန်းတွေဖြစ်တဲ့ ကွန်ပျူတာ၊ အီလက်ထရောနစ်၊ သုတေသန လုပ်ငန်းတွေနဲ့ အကျိုးပေးတတ်တယ်။ ခရီးသွားလုပ်ငန်း၊ ကိုယ်စားလှယ် လုပ်ငန်း၊ အကျိုးဆောင်လုပ်ငန်း၊ သတင်း ဆက်သွယ်ရေးလုပ်ငန်းတွေနဲ့ အကျိုးပေး တတ်မယ်။
= ကိုယ့်ဘဝမှာ ကြုံလာရတဲ့ အဆိုးတရားတွေဟာ ကံတရားထက်စာရင် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးတာမျိုး ဖြစ်တတ်တယ်။ ဘယ်သူမပြု မိမိမွု ဆိုတာမျိုးပေါ့။ (4)ဂဏန်း သမားတွေဟာ ကိုယ့်ပြဿနာကိုယ်ရှာ တတ်ကြတဲ့ သူမျိုးတွေဖြစ်တတ်တယ်။
= အသုံးအဖြုန်းကြီးတတ်တယ်။ ငွေကို နှမြောတွန့်တိုမွု မရှိတတ်ကြဘူး။ လွယ်လွယ်ရရင် လွယ်လွယ်သုံးတယ်။ ပိုက်ဆံ မရှိတော့ရင် ရေသောက် ဗိုက်မေှာက် နေတတ်မယ်။
= သပ်သပ်ရပ်ရပ်၊ သန့်သန့်ရှင်းရှင်း မနေတတ်ကြဘူး။ (4) ဂဏန်းသမားဆိုရင် ဘိုသီဘတ်သီ သမားက ပိုများတယ်။ ဖြစ်သလို နေတတ်တယ်။ စည်းကမ်း မရှိတတ်ကြဘူး။
= ဘယ်တော့မှ နောင်တတရား မရတတ်ကြဘူး။ အမှားကို ဝန်ခံလေ့မရှိကြဘူး။ သေတဲ့ထိအောင် မာန် မလေှျာ့တတ်ကြဘူး။
= ကိုယ့်ကိုယ်ကို အလွန်အထင်ကြီးတတ်ကြတယ်။ ပါးစပ်ကသာဖွင့်မပြောပေမယ့် စိတ်ထဲမှာ သူများထက်ကိုယ်က ပိုတော်တယ်၊ တတ်တယ် လို့ ယူဆ ထားတတ်ကြတယ်။ အထူးသဖြင့် (22)ရက်ဖွား နဲ့ (31)ရက်ဖွားတွေဟာ ကိုယ့်ကိုယ်ကို အထင်ကြီးမွု ပိုများတတ်တယ်။ (များသောအားဖြင့် တကယ်လည်း တော်ကြတာ များပါတယ်)။ (4)ဂဏန်းသမားမှန်ရင် ပါရမီထူး တစ်ခုခုတော့ ရှိတတ် ကြပါတယ်။
= (4) ဂဏန်း သမားမှန်ရင် နိမ့်မြင့် တက်ကျလောကဓံ ရှိကြတာချည်းပါဘဲ။ ဒါပေမယ့် အားလုံးထဲမှာ (13)ရက်နဲ့ (31)ရက်ဖွားတွေက လောကဓံနည်းတတ်ပြီး၊ (4)ရက် နဲ့ (22)ရက် ဖွားတွေကတော့ (နိမ့်မြင့်တက်ကျ) လောကဓံတရား အလွန်များတတ်တယ်။
= (4)ဂဏန်းသမားတွေရဲ့ လောကဓံတရား ခံနိုင်ရည်ကတော့ ကျန်တဲ့ မွေးဂဏန်းသမားတွေနဲ့ယှဉ်ရင် အမြင့်ဆုံး လို့ ဆိုရမှာပါဘဲ။ (4)ဂဏန်းသမား ကိုယ့်ကိုယ်ကို သတ်သေတာ အလွန်ရှားပါတယ်။ သူများတွေကသာ သူတို့ဒုက္ခရောက်တာကို စုတ်တသတ်သတ်ဖြစ်ချင်ဖြစ်နေမယ်။ သူတို့ကတော့ “အေးဆေးပါဘဲ”။
= နောက်ဆုံးအရေးကြီးဆုံးပြောရရင် (4)သမားတွေဟာ (Current of Destiny) လို့ခေါ်တဲ့ ကံကြမ္မာအဆုံးသတ် ဂဏန်းမကောင်းရင် အသေဆိုးနဲ့ သေရခြင်း၊ ဆင်းဆင်းရဲရဲ ချို့ချို့တဲ့တဲ့ နဲ့ ကွယ်လွန်ရခြင်းမျိုး ရှိတတ်ကြောင်း အထူးသတိပေး ပြောကြားလိုပါတယ်ခင်ဗျား။ Current of Destiny လို့ခေါ်တဲ့ ကံကြမ္မာအဆုံးသတ် ဂဏန်း အကြောင်းကို ထပ်ပြီး တင်ပြရေးသား သွားပါဦးမယ်။
.
(4) ဂဏန်းသမား ကမ္ဘာကျော်ပုဂ္ဂိုလ်အချို့
= မြန်မာနိုင်ငံ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း – 13 ရက်ဖွား
= အမေရိကန် နိုင်ငံ၏ ပထမဆုံး သမ္မတကြီး ဂျော့ဝါရှင်တန် - 22 ရက်ဖွား
= ဆိုဗီယက် ယူနီယံ၏ ပထမဆုံး ခေါင်းဆောင် ဗလာဒီမာအီလီယစ် လီနင် - 22 ရက်ဖွား
= ကုလသမ္မဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မြန်မာ့ ဦးသန့် – 22 ရက်ဖွား
= Discovery Channel မှ သရုပ််ဆောင် မိချောင်းမုဆိုး စတိအာဝင် – 22 ရက်ဖွား
= ခေတ်သစ် တရုပ်ပြည်မကြီး ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင် တိန့်ရေှာင်ဖိန် – 22 ရက်ဖွား
= ဂျာမန် သိပ္ပံ နှင့် ရူပဗေဒပညာရှင် ဟိန်းနရစ် ဟာ့ဇ် – 22 ရက်ဖွား
= ဟောလီဝုဒ် အက်ရှင် သရုပ်ဆောင်မင်းသမီး အန်ဂျလီနာဂျိုလီ – 4 ရက်ဖွား
= သိပ္ပံပညာရှင် မိုက်ကယ်ဖာရာဒေး – 22 ရက်ဖွား
= အမေရိကန် စာပေပညာရှင် ဟော်ရေးရွိုး – 13 ရက်ဖွား
= ဟောလီဝုဒ် သရုပ်ဆောင်မင်းသားချော ရစ်ချတ်ဂီး – 31 ရက်ဖွား
= သမိုင်းပညာရှင် နှင့် ဒဿနိက စာရေးဆရာကြီး - သောမတ်စ်ကာလိုင်း – 4 ရက်ဖွား
= ကျူးဘား ဆိုရှယ်လစ်ခေါင်းဆောင်ကြီး ဖီဒယ်ကတ်စ်ထရို – 13 ရက်ဖွား
= ရုရှ ပဒေသရာဇ်ခေတ် နန်းတွင်း ပျောက်စေဆရာကြီး ရက်စ်ပြူတင် – 22 ရက်ဖွား
= အီဂျစ်နွေဦးတော်လှန်ရေးတွင် အာဏာစွန့်ခဲ့ရသူ သမ္မတ ဟော့စနီမူဘာရက် – 4 ရက်ဖွား
= ဟောလီဝုဒ် ညှှို့မင်းသမီး ဘရွတ်ခ်ရှီးလ် – 31 ရက်ဖွား
= စပိန် အာဏာရှင်ဟောင်း – ဖရန်စစ္စကို ဖရန်ကို - 4 ရက်ဖွား
= မန်ချက်စတာ ယူနိုက်တက် အသင်းနည်းပြကြီး – အလက်စ်ဖာဂူဆန် – 22 ရက်ဖွား
= အမေရိကန် အဆိုကျော် နှင့် သရုပ်ဆောင် – စင်ဒီလော့ပါး – 22 ရက်ဖွား
= အမေရိကန် ဂျက်ဇ် တေးဂီတပညာရှင် လူးဝစ်အမ်စထရောင်း – 4 ရက်ဖွား
= ကမ္ဘာကျော် ရုပ်ရှင်ဒါရိုက်တာကြီး အယ်လ်ဖရက်ဟစ်ချ်ကော့ – 13 ရက်ဖွား
= အမေရိကန် ကောင်းဘွိုင်မင်းသား ကလင့်အိစ်ဝုဒ် – 31 ရက်ဖွား
= အမေရိကန် ဟောလီဝုဒ် အက်ရှင်မင်းသားကြီး ဟယ်ရစ်ဆင်ဖို့ဒ် – ၁၃ ရက်ဖွား
= အမေရိကန် ဒစ္စကို အဆိုကျော် ဒွန်နာဆမ်းမား – ၃၁ ရက်ဖွား
.
အားလုံး ကျန်းမာချမ်းသာကြပါစေခင်ဗျား။
(၅) ဂဏန်းပိုင်ရှင်များ
အင်္ဂလိပ်မွေးနေ့ 5 . 14 . 23 နေ့မွေးသူများ အားလုံး ( 5 ) ဂဏန်းသမား များဖြစ်ကြပါတယ်....
(5)ဂဏန်းဟာ သချင်္ာဗေဒပညာမှာ ဗုဒ္ဓဟူးဂြိုဟ် စိုးမိုးတဲ့ဂဏန်းဗျ။ ဗုဒ္ဓဟူးဂြိုဟ်ကို အင်္ဂလိပ်လို Mercury လို့ခေါ်တယ်။ ဂရိ ဒဏ္ဍာရီတွေမှာတော့ “ဟားမီးစ်” လို့ခေါ်တဲ့ ခြေထောက်မှာ အတောင်ပံပါတဲ့ ခြေမြန်တော် နတ်သားဟာ ဗုဒ္ဓဟူးဂြိုဟ်ရဲ့ အမှတ်အသားပေါ့ဗျာ။ နောက်တစ်ခု က ပြဒါးကိုလည်း မာကျူရီလို့ဘဲခေါ်တယ်။ ပြဒါးဆိုတာ အဂ္ဂိရတ်သမား တွေအတွက်တော့ အင်မတန် အရေးကြီးတဲ့ ဒြပ်စင်တစ်မျိုးပေါ့ဗျာ။ ကြားဘူးမှာပေါ့ဗျာ။ ” သံ,သေ၊ တစ်ဆွေ၀၊ ပြဒါးသေ တစ်ပြည်၀” တဲ့။
ပြဒါးဆိုတဲ့ ဓာတ်ဟာ သေအောင်လုပ်ဖို့ အင်မတန်ခက်ခဲလွန်းလို့ ပြဒါးကို သေအောင် ထိုးနိုင်ရင် “ရွွေဖြစ်ချင်သလားရွွေ၊ ငွေဖြစ်ချင်သလား ငွေ” ဆိုတာမျိုးလို ဖြစ်နိုင်တယ်လို့ အဂ္ဂိရတ်သမားတွေ ယုံကြည်ကြတယ်။ ယုံကြည်သလိုလည်း လုပ်နေကြပေမယ့် အောင်မြင်တယ် လို့တော့ မကြားဘူးသေးပါဘူး။ ပေါက္ကံရာမလို့ ခေါ်တဲ့ ပုဂံပြည်ကြီး ကောင်းစားစဉ်က “ရှင်အဇ္ဇဂေါဏ” လို့ခေါ်တဲ့ ရှင်မထီးကြီးဟာ ပြဒါးကို သေအောင်ထိုးနိုင်လို့ ပေါက္ကံပြည်ကြီး ရွွေမိုးငွေမိုး ရွာခဲ့တယ် ဆိုတာလည်း ကြားဖူးမှာပေါ့။
ပြဒါးဟာ အင်မတန်ဆုပ်ကိုင်ဖမ်းယူဖို့ ခက်တယ်။ အလွယ်တကူ ပြန့်ကြဲသွားနိုင်သလို၊ အလွယ်တစ်ကူ ပြန်လည် စုစည်းသွားနိုင်တယ်။ မင်းသားကြီးအားနိုးလ် သရုပ်ဆောင်ခဲ့တဲ့ Terminator (2) လား (3) လားမှာ ပါတဲ့ ပြဒါးလူသားလိုပေါ့ဗျား။ စက်ရုပ်ခြင်းတောင်မှ ခက်ခက်ခဲခဲ ပြန်တိုက်ခိုက်ယူရလောက်အောင် စွမ်းအားသတ္တိ ကြီးလှတယ်လေ။ ဒါပေမယ့် သူက အပူကို သိပ်ကြောက်တယ်။ ပြဒါးကို မီးသာပြလိုက်။ ရွွတ်ကနဲ ပျောက်ထွက်သွားတာဘဲဗျ။ မီးအပူကို သိပ်ကြောက်တယ်။
ဒီလိုဘဲ (5)ဂဏန်းသမားတွေဟာ လွတ်လပ်မွုကို သိပ်ကြိုက်တယ်။ အချုပ်ချယ်ခံဘဝ၊ သူများလက်အောက်ခံဘဝမှာ နေလိုသူတွေမဟုတ်ဘူး။ မီးအပူကို ကြောက်တဲ့သဘောက ဇွဲသတ္တိဝီရိယ နည်းတဲ့သဘောကို ပြတယ်ဗျ။ (5)ဂဏန်းသမား အတော်များများဟာ ဆင်းရဲပင်ပန်းခံပြီး ရေရှည်လုပ်ရမယ့် အလုပ်မျိုးဆိုရင် မီးနဲ့တွေ့သလို ပြေးတော့တာဘဲဗျို့။ (5)ဂဏန်း သမားတွေဟာ (2)ဂဏန်းသမား တွေလိုဘဲ ဇွဲသတ္တိသိပ်မကောင်းလှဘူးဗျ။ ရေှရှည် စွဲစွဲမြဲမြဲလုပ်ရမယ့် လုပ်ငန်းတွေထက်
တစ်ပွဲတိုး ဖြတ်လမ်းနည်းတွေနဲ့ ကြီးပွားလိုချင်တတ်ကြတယ်။ ဝီရိယထက် ဉာဏ်ကို ပိုမိုအားကိုး လိုသူတွေဖြစ်တယ်။ ဉာဏ်ကလည်း အလွန်ကောင်းတတ်ကြတယ်ဗျို့။ (5)ဂဏန်းသမားတွေဟာ တင်္ခနုပ္ပတိ လို့ခေါ်တဲ့ ဖြတ်ထိုးဉာဏ် အလွန်ကောင်းတယ်။ အာ၀ဇ္ဇန်းကောင်းတယ်။ လူမွုဆက်ဆံရေး အလွန်ပြေပြစ်တယ်။ ဘယ်လို လူမျိုးနဲ့မဆိုတည့်အောင်
ပေါင်းနိုင်တယ်။
ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး အယ်လ်ဘတ်အိုင်စတိုင်း ဟာဆိုရင် မတ်လ (14)ရက်နေ့မှာမွေးတဲ့ (5)ဂဏန်းသမားဖြစ်ပြီး မတ်လ(14)ရက်နေ့ဟာ ကြာသပတေးဂြိုဟ်ပိုင်တဲ့ မိန်ရာသီထဲမှာ ကျရောက်နေလို့ သူ့ကျတော့ ဗုဒ္ဓဟူးဂြိုဟ်ရော၊ ကြာသပတေး ဂြိုဟ်ပါ စိုးမိုးခံရသူဖြစ်တယ်။ ဒါကြောင့် သူဟာ သိပ္ပံပညာ သာမက၊ အဘိဓမ္မာဆန်တဲ့ အတွေးအခေါ်တွေကိုုပါ ပိုင်ဆိုင်သူတစ်ဦးဖြစ်သွားပါတယ်။
(5)ဂဏန်းသမားတွေရဲ့ ထူးခြားချက်တွေကတော့
(5)ဂဏန်းဟာ လူသားအင်မတန်ဆန်တဲ့ဂဏန်းဖြစ်ပြီး လူ ဆိုတဲ့ သတ္တ၀ါနဲ့ အင်မတန်နီးစပ်တဲ့ဂဏန်းဖြစ်တယ်။ လူ့ကိုယ်ခန္ဓာမှာ ခြေချောင်း၊ လက်ချောင်းတွေဟာ တစ်ဘက်ကို (၅)ချောင်းစီ ပါနေတာရယ်၊ အာရုံခံစားနိုင်တဲ့ အင်္ဂါရပ် ဟာလည်း မျက်စိ၊ နား၊ နှာခေါင်း၊ လှျာ၊ ကိုယ် ဆိုပြီး (၅)မျိုးရှိတာရယ်။ တရားသဘောအရခွဲခြမ်းစိတ်ဖြာလိုက်ရင် လူဆိုတာ “ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိဉာဏ်” ဆိုတဲ့ “ခန္ဓာ(၅)ပါး” အစုအဝေးသာဖြစ်တာရယ်၊ သာမန်လူသားတွေ စောင့်ထိန်းအပ်တဲ့ သီလဟာ (၅)ပါးအပြား သာရှိတာရယ်၊ အနန္တော အနန္တ (၅)ငါးပါးဟာ အကြီးအကဲဂိုဏ်းဝင်တွေ ဖြစ်တယ် ရယ်ဟာ လူသားဆိုတဲ့ ပညတ်နဲ့ အနီးစပ်ဆုံး သင်္ကေတတွေပါဘဲ။ နောက်တစ်ခုဟာ သချင်္ာဗေဒမှာ (1) ကနေ (9) အထိ ဂဏန်း (၉)ခုရှိတဲ့ အထဲမှာ (5)ဂဏန်းဟာ အလယ်ဗဟိုကျနေတာကို တွေ့ရလိမ့်မယ်။ ရေှ့မှာ ဂဏန်း (၄)လုံးရှိတယ်။ နောက်မှာ ဂဏန်း (၄)လုံးရှိတယ်။ သူက အလည်မှာ တံတားသဘောမျိုး ပေါင်းကူးပေးထားတာ မျိုးဖြစ်နေတယ်။
အဲဒါမှျတညီညွတ်အောင် ပေါင်းစပ်ပေးနိုင်ခြင်း၊ ပေါင်းကူးဆက်ဆံပေးနိုင်ခြင်း၊ စေ့စပ်ညှိနွိုင်းပေးနိုင်ခြင်း အဓိပ္ပါယ်တွေကို ဆောင်တယ်။ ဒါကြောင့် (5)ဂဏန်းသမားနဲ့ မတည့်တဲ့ ဂဏန်းမရှိသလောက်ဘဲ။ စိတ်ထဲက ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ အားလုံးနဲ့ သင့်တင်အောင် ပေါင်းနိုင်ကြတယ်။ သူဟာ ဆက်သွယ်ရေးပေါင်းကူးဂြိုဟ်ဖြစ်နေတော့ (5)ဂဏန်းသမားတွေဟာ သတင်း၊ ဆက်သွယ်ရေး၊ လူမွုဆက်ဆံရေး၊ သတင်း ဆက်သွယ်ရေး၊ စာနယ်ဇင်း၊ ရေဒီယို၊ သတင်းစာ၊ တီဗွီ၊ ကွန်ပျူတာ၊ အင်တာနက်၊ ကြော်ငြာလုပ်ငန်း၊ ၀ါဒဖြန့်ချိရေး လုပ်ငန်းတွေနဲ့ ဆက်စပ်ပတ်သက်နေသူတွေလည်း ဖြစ်နေတတ်တယ်။ ဂရိနတ်တွေထဲမှာ မာကြူရီနတ်သားဟာ ခြေထောက်မှာ အတောင်ပံပါတဲ့ ခြေမြန်တော်နတ်သားဖြစ်လို့ ဗုဒ္ဓဟူးဂြိုဟ်ဟာ ဆက်သွယ်ရေး၊ သတင်းဖြန့်ချိရေး၊ ကူးလူး ဆက်ဆံရေး၊ သံခင်းတမန်ခင်းကိစ္စတွေရဲ့ အမှတ်အသား တစ်ခုဖြစ်နေတယ်လို့ ဆိုရမှာပေါ့ဗျာ။
(5)ဂဏန်းသမားတွေရဲ့ ယေဘူယျ သရုပ်အမှန်များ
ငါးဂဏန်းသမားတွေဟာ ဉာဏ်ကောင်းပြီး၊ ဝီရိယနည်းသူ
တွေဖြစ်တယ်။ လောကဓံတရားကို ခံနိုင်ရည်ရှိတယ်။
ရေရှည်ဇွဲသတ္တိနည်းတယ်။ လူမွုဆက်ဆံရေး အလွန်ကောင်းတတ်တယ်။ ကိုယ်မနှစ်သက်ရင်တောင် အလွန်အတိုက်အခံပြုခဲတယ်။ ရန်ကို ရေှာင်ရှားတတ်တယ်။ နွုတ်သွက်တယ်။ စကားပြောကောင်းတယ်။ အာ၀ဇ္ဇန်း ကောင်းတယ်။ ဖြတ်ထိုးဉာဏ်ကောင်းတယ်။ သူတစ်ပါးအပေါ် လွွမ်းမိုးလိုစိတ်နည်းတယ်။ အမိန့်သြဇာပေးလိုမွု နည်းတယ်။ လူ့အခွင့်အရေးကို လေးစားတယ်။ ဒါကြောင့် (5)ဂဏန်းသမား အာဏာရှင်ဖြစ်တာ မရှိသလောက် ရှားပါတယ်။ (5)ဂဏန်း သမားတွေထဲမှာ ဘုရင်တွေ၊ ဘုရင်မတွေ ရှိပေမယ့် သူတို့ဟာ မျိုးရိုးအစဉ်အဆက်အရဖြစ်ကြသူတွေဖြစ်ပြီး သူတို့လက်ထက်မှာ လည်း ဖိနှိပ်မွုတွေ သိပ်နည်းပါတယ်။
နောက်ပြီး သူတို့ဟာ အသုံးအစွဲကြီးပြီး လက်ဖွာသူများဖြစ်တယ်။ သူများကိုလည်း အလွယ်တကူ စွန့်ကြဲပေးကမ်း တတ်ကြတယ်။ အကောင်းစား ဇိမ်ခံပစ္စည်းတွေကို ခုံမင်နှစ်သက်တတ် တယ်။ သူတို့ဟာ မရှိလည်းပျော်ပျော်၊ ရှိလည်း ပျော်ပျော် နေတတ်သူတွေဖြစ်တယ်။ စည်းကမ်းသေဝတ်မွု နည်းတယ်။ တစ်ချို့ဆိုရင် ဗရမ်းဗတာ နေတတ်ထိုင်တတ်တာမျိုး တွေလည်း တွေ့ရတယ်။ ဉာဏ်ကောင်း၊ ဖြတ်ထိုးဉာဏ် ကောင်းပေမယ့် စီမံခန့်ခွဲမွုမှာတော့ အားနည်းညံ့ဖျင်း တတ်သူတွေ ဖြစ်တယ်။
(5)ဂဏန်းသမားတွေဟာ လူမွုဆက်ဆံရေးလည်းကောင်း၊ အပေါင်းအသင်းလည်းများ၊ စကားပြောလည်း ကောင်းတတ် သူတွေဖြစ်လို့ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ဆန့်ကျင်ဘက်လိင် တွေရဲ့ သဘောကျမွုကို ခံရတတ်သူတွေဖြစ်တယ်။ ဒါကြောင့် အချစ်ရေး၊ အိမ်ထောင်ရေး ကိစ္စတွေ ရွုတ်ထွေး တတ်ကြတယ်။ အိမ်ထောင်မကျခင်မှာ အချစ်ရေးရွုတ်ထွေးပြီး ရည်းစားများ တတ်ကြသူတွေဖြစ်တယ်။
ယေဘူယျပြောရရင်တော့ (5)ဂဏန်းသမားတွေဟာ အိမ်ထောင်ရေးကံကောင်းတတ်ကြတယ်။ အထူးသဖြင့် မိန်းကလေး (5)ဂဏန်းသမားတွေဟာ အိမ်ထောင်ရေးကံကောင်း တတ်တယ်။ သူတို့အိမ်ထောင်ဘက်ဟာ လူအေး၊ လူဖြောင့်တွေ ဖြစ်တာ များတယ်။ အထူးသဖြင့် (23)ရက်ဖွား မိန်းကလေး တွေဟာ အိမ်ထောင်ရေးကံ ကောင်းတတ်ကြတယ်။ ကိုယ့်ထက် အဆင့်မြင့်တဲ့ အိမ်ထောင်ဘက်ကို ရတတ်တယ် (ဒါမှမဟုတ်)ကိုယ်နဲ့ အိမ်ထောင်ကျပြီး ကြီးပွားချမ်းသာလာတတ်တယ်။ ဒါပေမယ့် သူတို့ရဲ့ အိမ်ထောင်ဘက်တွေဟာ အေးစက်စက်နိုင် ကြသူများဖြစ်လို့ ဒီအပေါ်မှာ ကျေနပ်မွု မရနိုင်ကြတာ မျိုးတွေလည်း ရှိတတ်တယ်။
(5)ဂဏန်းသမားတွေဟာ စိတ်မှတ်ကြီးသူတွေ မဟုတ်ဘဲ ခွင့်လွွတ်လွယ်တယ်သူများဖြစ်တယ်။ ဘယ်လောက် စော်ကား ခံရခံရ ခဏလောက်ဘဲ ဒေါသဖြစ်၊ ပေါက်ကွဲတတ်ကြပြီး လွယ်လွယ် နဲ့ ပြီးပျောက်သွားကြ သူများဖြစ်တတ်ကြပါတယ်။ သူတို့နဲ့ လိုက်ဖက်တဲ့ ဂဏန်းတွေကတော့ (2)ဂဏန်း၊ (5)ဂဏန်း၊ (7) ဂဏန်း နဲ့ (8)ဂဏန်းတို့ဘဲဖြစ်ပါတယ်။ ဒါပေမယ့် ကျန်တဲ့ ဂဏန်းအားလုံးနဲ့လည်း အဆင်ပြေညီညွတ်အောင် ပေါင်းသင်းနိုင်တဲ့ အရည်အချင်းမျိုးလည်း ရှိပါတယ်။ (5)ဂဏန်း သမားတွေဟာ (2)ဂဏန်းသမားတွေနဲ့ အိမ်ထောင်ကျတာကို အများဆုံး တွေ့ရတတ်တယ်။
(5)ဂဏန်းတစ်ခုခြင်းစီရဲ့ သီးခြားဂုဏ်အင်တွေကတော့
(5)ဂဏန်းသမားတွေထဲမှာ (5) ထီးတည်းသမားတွေဟာ အားလုံးနဲ့ ပိုမိုအဆင်ပြေပြီး၊ လွတ်လပ်မွုကို ပိုမို မြတ်နိုးတယ်။ လူ့အခွင့်အရေးကို လေးစားတယ်။ ရက်ရောသဘောကောင်းမွုများတယ်။ စွန့်ကြဲပေးကမ်း လွယ်တယ်။ “ပျော်ပျော်နေသေခဲဝါဒ” ကို ကျင့်သုံးတတ်သူများဖြစ်တယ်။ အထက်တန်းကျကျ နေလိုတတ်ကြတယ်။ အပျော်ကြူးတတ်မွု တွေ ရှိနိုင်တာကိုတော့ သတိပြုသင့်တယ်။
(14)ဂဏန်းသမားတွေကျတော့ ထက်မြက်မွုရှိပြီး၊ အုပ်ချုပ်သူသြဇာအာဏာရှိသူများနဲ့ ရင်းနှီးကျွမ်းဝင် လွယ်တတ်ကြသူများ ဖြစ်တယ်။ သူတို့ရဲ့ အကူအညီနဲ့မိမိဘဝတက်လမ်းကို ရှာကြံနိုင်တတ် ကြတယ်။ တနင်္ဂနွေ(1)ဂဏန်း နဲ့ ယူရေးနပ်စ်ဂြိုဟ် (4)ဂဏန်းပေါင်းစပ်ထားတာကြောင့် ကျန်တဲ့ (5)ဂဏန်းတွေထက် ပိုမိုထက်မြက်ပြီး သြဇာ နဲနဲ ပေးချင်တဲ့ သူတွေဖြစ်တယ်။ ယူရေးနပ်စ်ဂြိုဟ်ပါနေတဲ့အတွက် သူတို့ဟာ လောကဓံတွေကို မကြာခဏကြုံရတတ်တယ်။ ရန်အတိုက်အခံပိုများတယ်။ ဒါပေမယ့် သူတို့ဟာ လူကောင်းလူဖြောင့်တွေဖြစ်ပြီး အပေါင်း အသင်းများအပေါ်မှာ အနစ်နာ ခံပြီးပေါင်းတတ်ကြတယ်။ ခင်မင်မိပြီဆိုရင် အစွမ်းကုန် ကူညီတတ်ကြလေ့ရှိသူများဖြစ်တယ်။ သူတို့ဟာ နောက်က Current of Destiny ခေါ်တဲ့ မွေးတဲ့ ခုနှစ်ဂဏန်း မကောင်းရင် ဥပစ္ဆေဒကံ ရှိသူများဖြစ်တယ်။
(23)ဂဏန်းသမားတွေကျတော့ ဂဏန်းအားလုံးထဲမှာ ဘုရင်ဆိုလောက်တဲ့ဂဏန်းဖြစ်တယ်။ (23)ရက်ဖွားဟူသမှျ ကောင်းစား ကြတာများတယ်။ မိန်းကလေးဆိုရင် ပိုကောင်းစား တတ်တယ်။ လင်ကောင်းသားကောင်းရတတ်တယ်။ (23)ရက်ဖွား ယောကျင်္ားများ ကြပြန်တော့ ကံကြမ္မာရဲ့ မျက်နှာသာပေးမွု ကို ရတတ်ပြီး ဘ၀တက်လမ်း အလွန်မြန်တတ်ကြတယ်။ ဒါပေမယ့် (23)ဂဏန်းဟာ တနင်္လာဂြိုဟ် နဲ့ ကြာသပတေးဂြိုဟ်ကြီးတို့ ပေါင်းစပ်ထားတဲ့ “စန္ဒြဂုရု” ယုဂ်ရတဲ့ ဂဏန်းဖြစ်လို့ ကိုယ်ကျင့် တရားကောင်းဖို့လိုတယ်။ (23)သမားတွေဟာ ကံကောင်းနေရာက ကိုယ်ကျင့်တရားပျက်ခြင်း၊ သူတစ်ပါးကို အနိုင်ထက် ပြုနှိပ်စက်ခြင်း၊ ကာမဂုဏ်ဖောက်ပြန်ခြင်း စတဲ့ ဒုစရိုက်တွေကို ကျူးလွန်မိရင် ကံတရားက ချက်ခြင်းအပြစ်ပေး ခံရတတ်ပြီး အောက်ဆုံးကို ပြုတ်ကျ သွားတတ်တာကို သတိထားပါ။ (23)ဂဏန်းဟာ (5) , (14)ဂဏန်းတွေနဲ့ယှဉ်ရင် အတ္တစိတ်၊ တစ်ကိုယ်ကောင်းစိတ် ပိုများတတ်တယ်။ ကပ်စေးပို နဲတတ်တယ်။ ရက်ရောမိရင်လည်း သူမတူအောင် ရက်ရောတတ်သလို၊ ကပ်စေးနှဲမိရင်လည်း သူမတူအောင်ဖြစ်တတ်တယ်။
ကိုသိန်းဖေရေ – နောက်ဆုံးခြုံပြောရရင် (5)ဂဏန်းသမားတွေဟာ ပြဒါးကို သေအောင်သတ်ဖို့ မလွယ်သလို၊ သူတို့ကို ပြုပြင်ပြောင်းလဲဖို့လွယ်သူတွေ မဟုတ်ဘူးဗျ။ (5)ဂဏန်းသမား လူဆိုးဖြစ်မိရင် ဆုံးမပဲ့ပြင်ဖို့ကြိုးစားမနေနဲ့။ သူ့ဟာသူ ပြန်ကောင်းရင်ကောင်းလိမ့်မယ်။ သူများဆုံးမလို့တော့ နောင်တရမယ် မထင်နဲ့။ (5)ဂဏန်းသမားတွေဟာ ဘုန်းကြီးတစ္ဆေ တွေဗျ။ သူ့ကို တရားသွားမဟောနဲ့ သူကပြန်ဟောပြလိမ့်မယ်။ သူတို့ဟာ လောကကြီးအကြောင်းကို နောကြေနေအောင် သိကြသူတွေ ဖြစ်တွေလို့ သူတို့ကို ဆရာလုပ်လို့ မလွယ်လှပါဘူး။
ထင်ပေါ်ကျော်ကြားတဲ့ (5)ဂဏန်းသမားတွေကတော့
အိန္ဒိယလွတ်လပ်ရေးဖခင်ကြီးနဲ့ ပထမဆုံးဝန်ကြီးချုပ် ဂျ၀ါဟလာနေရူး က (23)ရက်ဖွား၊ နပိုလီယံအလွန်ချစ်မြတ်နိုးတဲ့ မိဘုရားကြီး ဂျိုဆက်ဖင်က (23)ရက်ဖွား၊ လေရူးသုန်သုန် ဇာတ်ကားနဲ့ နာမည်ကြီးခဲ့တဲ့
ဟောလီး၀ုဒ်မင်းသမီးချော ဗီဗီယံလေးက (5)ရက်ဖွား၊ မင်းသားကြီး ဂရေဂိုရီပတ်က (5)ရက်ဖွား၊ ဂျော့ဘုရင် နံပါတ်(6)က (14)ရက်ဖွား၊ ချက်နိုင်ငံရဲ့ ပထမဆုံးသမ္မတ စာပေနဲ့ကဗျာပညာရှင် ဗားကလက်ဟေဗယ်က (5)ရက်ဖွား၊ ဂျော်ဒန်ဘုရင်ဟူစိန်က (14)ရက်ဖွား၊ ဂျိမ်းစ်ဘွန်းမင်းသား ရော်ဂျာမိုးက (14)ရက်ဖွား၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေဖြစ်ခဲ့တဲ့ ကောလင်းပါဝယ်က (5)ရက်ဖွား၊ ကွန်ဒိုလီဇာရိုက်စ် က (14)ရက်ဖွား၊ ဘောလုံးသမား ဟာနန်ခရက်စ်ပိုက (5)ရက်ဖွား၊ အင်္ဂလိပ်လူမျိုး နက္ခတ်သချင်္ာစွယ်စုံပညာရှင် ရာဖေးလ် က (5)ရက်ဖွား၊ Dell ကွန်ပျူတာကုမ္ပဏီကို တည်ထောင်ခဲ့တဲ့ မိုက်ကယ်ဒဲလ် က (23)ရက်ဖွား၊ ဘီလျံနာ ဒေါ်နယ်ထရမ့်က (14)ရက်ဖွား၊ အာဏာရှင်တော်လှန်ရေးခေါင်းဆောင် ချီဂွေဗားရား က (14)ရက်ဖွား၊ ကွပ်မျက်ခံရတဲ့ ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အလီဘူတို (ဘင်နာဇီယာဘူတို၏ဖခင်) က (5)ရက်ဖွား၊ ကာတွန်းပညာရှင်ကြီး ဝေါ့လ်ဒစ်နေး က (5)ရက်ဖွား၊ ကွန်မျူနစ်ဝါဒရဲ့ ဖခင်ကြီး ကားလ်မတ်ခ် က (5)ရက်ဖွား၊ ဗြိတိသှျ အိမ်ရေှ့စံ ချားလ်မင်းသားက (14)ရက်ဖွားများ ဖြစ်ကြပါတယ်။
အားလုံး ကျန်းမာချမ်းသာကြပါစေ။
(၆) ဂဏနျးသမားမြားကွညျ့ရနျ
အင်္ဂလိပ်မွေးနေ့ 6 . 15 . 24 နေ့မွေးသူများ အားလုံး ( 6 ) ဂဏန်းသမား များဖြစ်ကြပါတယ်....
(6)ဂဏန်းဟာ ထူးခြားတယ်ဗျ။ (1) ကနေ (9)အတွင်းမှာ ရှိတဲ့ ဂဏန်းအားလုံးထဲမှာ “အငြိမ်သက်ဆုံး” ဂဏန်းတစ်ခုလို့ ဆိုရမယ်ဗျ။
(6)ဂဏန်းသမားတွေဟာ အေးချမ်းငြိမ်သက်စွာ နေလို သူတွေ ဖြစ်တယ်။ မေတ္တာတရားကြီးမားကြတယ်။ သူ့ဟာသူထင်ပေါ်ကျော်ကြားလာရင်တော့ ကျော်ကြားမယ်။ ကျော်ကြားမွုကို လုပ်မယူတတ်ကြဘူး။ ခေါင်းဆောင်နေရာကို အတင်းလု မယူလိုကြဘူး။ ကျရာ တာ၀န်ကိုဘဲ ထမ်းချင်ကြတယ်။ လူတွေက ခေါင်းဆောင်နေရာ
တင်ပေးမှ လုပ်ချင်လုပ်မယ်။ ဒါကြောင့် သူတို့ကို ထင်ထင် ပေါ်ပေါ် သိပ်မတွေ့ရတာဘဲဖြစ်တယ်။ နောက်တစ်ခုက (6)ရယ်၊ (15)ရယ်၊ (24)ရယ် ဂဏန်း (၃)မျိုးရှိတဲ့အထဲမှာလည်း တစ်ခုနဲ့ တစ်ခုဟာ သိပ်မဆင်တူကြဘူးဗျ။ သီးခြား ဂုဏ်အင်္ဂါ စရိုက်တွေ ရှိနေကြတာကိုလည်း သွားတွေ့ရတယ်။(6)ဂဏန်းမှာက တစ်မျိုး ၊ (15)ဂဏန်းမှာက တစ်မျိုး (24)ဂဏန်းမှာက တစ်မျိုးစီ ဖြစ်နေတယ်ဗျ။ တစ်မျိုးစီ ကွဲပြား
နေကြတယ်။ ယေဘူယျ တူတဲ့အချက်က နည်းတယ်ပါတယ်။
(6)ဂဏန်းအကြောင်းပြောရင် သောကြာဂြိုဟ်အကြောင်းစ,ပြောမှဖြစ်မယ်။ (6)ဂဏန်းဟာ နေစင်္ကြာ၀ဠာထဲမှာ ဗီးနပ်စ် လို့ခေါ်တဲ့
သောကြာဂြိုဟ်မင်းရဲ့ အမှတ်အသားပေါ့ဗျာ။ သူဟာ နေမင်းအနီးမှာ အမြဲကပ်လှျက် တည်ရှိ နေတတ်ပြီး ညနေခင်း နေ၀င်ချိန်နဲ့ နံနက် အရုဏ်တက်ချိန်မှာတွေ့ရလေ့ရှိတယ်။ မိုးသောက်ကြယ် ဆိုတာလည်း သူပါဘဲ။ နေ၀င်ကြယ်ဆိုတာလည်း သူပါ ဘဲ။ ဂြိုဟ်အားလုံးထဲမှာ အတောက်ပြောင်ဆုံး နဲ့ အထင်ရှားဆုံး လည်းဖြစ်တယ်။ ဂရိလူမျိုးတွေရဲ့ ဒဏ္ဍာရီအရ သောကြာဂြိုဟ် ဗီးနပ်စ်ဟာ အလှနတ် ဘုရားမ ဖြစ်ပြီး သူ့ရဲ့ သင်္ကေတဟာ အမျိုးသမီးတွေကို ကိုယ်စားပြုတဲ့အမှတ်အသားဖြစ်တယ်။
သောကြာဂြိုဟ် ၊ (6)ဂဏန်း နှင့် အမျိုးသမီးများကို ကိုယ်စားပြုသော သင်္ကေတ
သောကြာဂြိုဟ်ဟာ ချစ်ခြင်းမေတ္တာ၊ တဏှာပေမ၊ အနုပညာရပ်များ၊ အလှအပတရား၊ သဘာ၀တရား၊ မိခင်ဆန်ခြင်း၊ လောကစည်းစိမ်နဲ့ နူးညံ့ သိမ်မွေ့တဲ့ အာရုံခံစားမွု တွေရဲ့ သင်္ကေတ လည်းဖြစ်တယ်။ ဒါကြောင့် (6)ဂဏန်းသမားတွေဟာ အနုပညာကို ခံစားထိသိလွယ်သူတွေဖြစ်ပြီး နူးညံ့ သိမ်မွေ့တဲ့ စိတ်ရှိကြတာများတယ်။
သူတို့ဟာ အရာရာမှာ နရီစည်း၀ါးကျခြင်း(Hermony)၊ အစီအစဉ်ကျနခြင်း(Order)၊ ငြိမ်းချမ်းငြိမ်သက်ခြင်း (Peace) များကို နှစ်သက်မြတ်နိုးတတ်တယ်။ ကိုယ်တိုင် အနုပညာရှင်ဖြစ်ချင်ဖြစ်၊ မဖြစ်ရင် အနုပညာရပ်များကို မြတ်နိုး တတ်ကြသူများ ဖြစ်တယ်။ ဖရိုဖရဲဖြစ်ခြင်း၊ ဆူပူခြင်း၊ ဗရမ်းဗတာဖြစ်ခြင်းများကို
နှစ်သက်လေ့ မရှိကြဘူး။
မိမိ မိသားစုနဲ့နေအိမ် အပေါ်မှာ ခင်တွယ် မြတ်နိုးတတ်ကြပြီး မိမိရဲ့ နေအိမ်နဲ့ ပတ်၀န်းကျင် ကိုလည်း ထာ၀စဉ် လှပနေကြ စေလိုသူများဖြစ်တယ်။ သူတို့ဟာ ငြိမ်းချမ်းသာယာခြင်းကို မြတ်နိုးကြသူများဖြစ်ပြီး တကယ် လိုအပ်လာရင် ငြိမ်းချမ်းရေး အတွက် တိုက်ပွဲ၀င်ဖို့ ၀န်မလေးကြသူ များဖြစ်တယ်။
(6)ဂဏန်းသမားတွေကို ပန်းချီ ပန်းပု သရုပ်ဆောင်အနုပညာရှင်များ၊ စာပေပညာရှင်များ အဖြစ် တွေ့မြင်ရတတ်သလို လူ့လောကကြီး ငြိမ်းချမ်းသာယာဖို့ နဲ့၊ ဖိနှိပ်ချုပ်ချယ်မွု များအောက်မှ လွတ်မြောက်ဖို့ တိုက်ပွဲ၀င်နေသူများအဖြစ်လည်း တွေ့ရတတ်တယ်။ သူတို့ တိုက်ပွဲ၀င်နေကြတာဟာလည်း ဆူပူလိုခြင်း၊ အကြမ်းဖက်လိုခြင်း၊ အာဏာရယူလိုခြင်းများ အတွက် မဟုတ်ဘဲ လူ့လောကကြီး ငြိမ်းချမ်းသာယာစေဖို့အတွက်သာ ဖြစ်ကြတယ်။
ဒါကြောင့် (6)ဂဏန်းသမားတွေထဲမှာ ကမ္ဘာကျော် မိုနာလီဇာ ပန်းချီကားကြီးကို ရေးဆွဲခဲ့တဲ့ လီယိုနာ ဒိုဒါဗင်ချီ၊ ပန်းချီပန်းပုပညာရှင် မိုက်ကယ်အိန်ဂျလို၊ စာရေးဆရာမကြီး အာဂါသာ ခရစ္စတီး၊ မွန်တီခရစ္စတိုဖာနယ်စားကြီး၏ ရတနာသိုက် ဆိုတဲ့ နာမည်ကျော် ၀တ္တုကြီးကိုရေးသားခဲ့တဲ့ စာရေးဆရာကြီး အလက်ဇန်းဒါး ဒူးမား၊ စာရေးဆရာကြီး ဆာေ၀ါ်လတာ စကော့ တို့လို ပုဂ္ဂိုလ်မျိုးတွေရှိသလို။ ပြင်သစ်တော်လှန်ရေး အာဇာနည် သူရဲကောင်းမလေး ဂျူန်းအော့အာ့ခ် ၊ ပါလက်စတိုင်းလွတ်မြောက်ရေးခေါင်းဆောင်ကြီး ရာဆာအာရာဖတ်၊ အမေရိကန် လူမည်းတို့ ရဲ့ လွတ်လပ်ခွင့်အတွက် အသက်စွန့်တိုက်ပွဲ၀င်ခဲ့တဲ့ မာတင်လူသာကင်း တို့လို ပုဂ္ဂိုလ်တွေလည်း ပါ၀င်နေတာဖြစ်တယ်။
(6)ဂဏန်းသမားတွေဟာ စိတ်ထားနူးညံ့သိမ်မွေ့ကြသူတွေ မေတ္တာတရားကြီးကြသူတွေဖြစ်လို့ စစ်ခေါင်းဆောင်တွေ ဖြစ်ရင်သော်မှ စိတ်ထားအနူးည့ံဆုံး၊ သဘောထားအကြီးဆုံး ဖြစ်တတ်တာကို ဒုတိယကမ္ဘာစစ်ကြီးမှာ နာဇီဂျာမဏီ စစ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ “အာ၀င်ရွန်းမဲလ်” က သက်သေခံနေပါတယ်။
အာ၀င်ရွန်းမဲလ်ဟာ နာဇီစစ်ခေါင်းဆောင် ဖြစ်ပေမယ့် စိတ်သဘောထားအကြီးဆုံး၊ စစ်တိုက်တာကလွဲပြီး ဂျူးလူမျိုးတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ် ညှင်းဆဲ ရာမှာ မပါ၀င်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ နောက်ဆုံး အာဏာရှင် ဟစ်တလာကို အာခံခဲ့လို့ သေဒဏ်အပေးခံရတဲ့ အထိအောင် ဖြစ်ရပါတယ်။ သူဟာ (15)ရက်ဖွား (6)ဂဏန်းသမားဖြစ်ပါတယ်။
(6)ဂဏန်းသမား (၃)မျိုးရဲ့ သီးခြား ဂုဏ်အင်္ဂါတွေကတော့
အနုပညာ ဗီဇစိတ်နဲ့ မြတ်နိုးမွုကတော့ (6)ဂဏန်းသမားတိုင်း ရှိနေလို့ ဒါကိုတော့ အထူးမပြောလိုဘူး။ ထီးတည်းဂဏန်း လို့ ခေါ်တဲ့ (6)ရက်နေ့ မွေးတဲ့ (6)ဂဏန်းသမား များဟာ ကျန်(6)ဂဏန်းတွေနဲ့ ယှဉ်ရင် ပိုပြီး နူးညံ့သိမ်မွေ့မွုနဲ့ ချစ်ခြင်းမေတ္တာတရား ပိုမိုများပြားသူများဖြစ်တယ်။ သူတို့ဟာ ခင်မင် နှစ်လိုဘွယ်ကောင်းတဲ့ ဥပတိရုပ် မျိုးတွေ ရှိတတ် ကြတယ်။ သူများတွေရဲ့ အခက်အခဲတွေကို အမြဲတန်းကူညီ ဖြေရှင်းလိုကြသူများဖြစ်တယ်။
လူတစ်ဖက်သား အပေါ်မှာ အလွန်စိတ်ချယုံကြည်လွယ်သူများဖြစ်တယ်။ ဒါကို အခွင့်ကောင်းယူပြီး သူတို့အပေါ် အမြတ်ထုတ် သွားမွုမျိုး တွေကိုလည်း ဘ၀မှာ အမြဲခံကြ ရတတ်တယ်။ သူတို့ဟာ မိတ်ဆွေ၊ သူငယ်ချင်းများအပေါ်မှာ အလွန်ခင်မင်ပြီး သစ္စာရှိတတ် ကြသူများဖြစ်တယ်။ အရေးကြုံရင် ကူညီဖို့ ၀န်မလေးတဲ့ မိတ်ဆွေကောင်းတွေ ဖြစ်တယ်။
ဒါပေမယ့် သူတို့အပေါ်မှာ ပြန်လည်တုန့်ပြန်ကူညီမွုများကတော့ မရှိသလောက် ရှားပါတယ်။ သူတို့ရဲ့ ဘ၀ဟာ နိမ့်မြင် ့တက်ကျ သိပ်မရှိလှဘဲ ငြိမ်သက် လွန်းလှပါတယ်။ ဒါကြောင့် ကျွန်တော့်ကို သချင်္ာဗေဒပညာကို သင်ကြားပေးခဲ့တဲ့ ဆရာဖြစ်သူ ဆရာဦး၀င်းမြင့်သိန်း (ဆင်ဖြူကျွန်း) က ထီးတည်း (6)ဂဏန်းသမားများကို “ကြေကွဲ၀မ်းနည်းမွုနဲ့ ငြိမ်သက်နေကြ သူများ” လို့ ကင်ပွန်းတပ်ထားပါတယ်။ သူတို့ဘ၀မှာ အခြား သူတွေ မသိတဲ့၊ အခြားသူတွေ မသိစေချင်တဲ့ ကြေကွဲ၀မ်းနည်း မွုတွေ ရှိတတ်ပြီး၊ ဒါကိုလည်း ရင်ထဲမှာ သိမ်းဆည်းထားကြရသူများလို့ ဆိုပါတယ်။
(15)ရက်နေ့မှာ မွေးတဲ့ (6)ဂဏန်းသမားများကျပြန်တော့လည်း တစ်မျိုးတစ်ဘာသာပါဘဲ။ သူတို့ဟာ တစ်ကယ့် အချစ်စစ် ကို တန်ဖိုးထားတတ်ကြသူများ ဖြစ်တယ်။ အလှအပတရားကို အလွန်မြတ်နိုးကြတယ်။ မိသားစုဘ၀ကိုလည်း ခင်တွယ်မြတ်နိုး တတ်သလို သဘာ၀လောကကြီးကိုလည်း ခင်တွယ်မြတ်နိုး တတ်ကြသူများဖြစ်တယ်။ ရိုးသားဖြောင့်မတ် ကြသူများလည်း ဖြစ်ကြတယ်။ မိမိအိမ်ထောင်ဘက်နဲ့ သားသမီးများအပေါ်မှာလည်း အလွန်ချစ်ခင် မြတ်နိုးတတ်ကြသူများဖြစ်တယ်။ ဒါပေမယ့် (15)ရက်ဖွား အတော် များများဟာ ကိုယ်ပေးဆပ် သလောက် ပြန်မရကြတာ ပိုများပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေး မှာ အလွန်အနစ်နာ ခံကြရသူများဖြစ်တယ်။ သူတို့ဟာ သောကြာဂြိုဟ် စိုးမိုးမွုအောက်မှာ ရှိတယ်ဆိုပေမယ့် Taro-Numerology ပညာအရ နောက်ကွယ်က ကြိုးကိုင်နေတာက စနေဂြိုဟ်ဖြစ်ပါတယ်။ ဒါကြောင့် (15)ရက်ဖွားများဟာ Current of Destiny မကောင်းရင် ဥပစ္ဆေဒက ကံ သင့်တတ် ကြသူများဖြစ်တာကိုတော့ အထူးသတိထားရပါမယ်။
(24)ရက်နေ့မှာမွေးတဲ့ (6)ဂဏန်းသမားများကျတော့လည်း စိတ်ထားခက်ထန်ကြသူများလို့ မပြောနိုင်ပေမယ့် ကြီးပွား တိုးတက်လိုစိတ်၊ ထင်ပေါ်ကျော်ကြား လိုစိတ်များ ရှိတတ်ကြပြန်ပါတယ်။ သူတို့ဟာ အလွန်သွက်လက်၊ ဖြတ်လတ် ကြသူများ (Super Active)များ ဖြစ်တယ်။ လူမွုဆက်ဆံရေး အလွန်ကောင်းပြီး ဆွဲဆောင်နိုင်တဲ့ ဥပတိရုပ်မျိုး ရှိကြသူများ ဖြစ်တယ်။
ထက်မြက်ပြတ်သားပြီး ခေါင်းဆောင်အရည်အသွေးရှိသူများဖြစ်တယ်။ စည်းရုံးရေး အလွန်ကောင်းပြီး လူအများကို ကိုယ့်ဖက် ပါလာအောင် ဆွဲဆောင်နိုင်စွမ်းရှိကြသူများဖြစ်တယ်။ စည်းရုံးရေးကောင်းသလို စီမံခန့်ခွဲမွုအရည်အသွေးလည်း အလွန် ကောင်းတတ် ကြတယ်။
(24)ဂဏန်းသမားတွေကို အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေအဖြစ် အများအပြား တွေ့ရ တတ်တယ်။ လိင်ကိစ္စကို စိတ်အားထက်သန် တတ်ကြပြီး အချစ်ရေး၊ အိမ်ထောင် ရေး ရွုတ်ထွေးမွုတွေ များတတ်တယ်။ တစ်ခြား (6)ဂဏန်းသမားများထက် စာရင် သူတို့ဟာ တစ်ကိုယ်ကောင်း ဆန်ချင်တဲ့ သဘောမျိုး၊ အာဏာရှင်ဆန်တဲ့ သဘောထားမျိုး ရှိတတ်ကြတယ်။
( 6 )ဂဏန်းသမားများနဲ့ ဘဝ အကျိုးပေး လုပ်ငန်းများ
( 6 )ဂဏန်း သမားများဟာ (2)ဂဏန်း၊ (3)ဂဏန်း၊ (6)ဂဏန်း၊ (9)ဂဏန်းသမားတွေနဲ့ သင့်မြတ်ပြီး (5)ဂဏန်း (7)ဂဏန်း သမားတွေနဲ့လည်း တွဲဖက်လို့ ရပါတယ်။ (1)ဂဏန်း (4)ဂဏန်း နဲ့ (8)ဂဏန်း သမားတွေနဲ့ အဆင်မပြေတတ်ကြပါဘူး။ သူတို့နဲ့ အကျိုးပေးတဲ့ အလုပ်တွေကတော့ ပန်းချီ၊ ပန်းပု၊ ဂီတ၊ သရုပ်ဆောင် ၊ မော်ဒယ် စတဲ့ အနုပညာရပ်အမျိုးမျိုး၊ စာပေ ရေးသားခြင်း၊ ခရီးသွားခြင်းနှင့် ပတ်သတ်သော လုပ်ငန်းများ၊ နိုင်ငံခြားဘာသာစကား သင်ကြားခြင်းလုပ်ငန်းများ၊ ကလေး သူငယ် နှင့် ေ၀ဒနာရှင်များအား
ပြုစုစောင့်ရေှာက်ခြင်း လုပ်ငန်းများ၊ အ၀တ်အထည် ဒီဇိုင်းပညာရှင်၊ အမျိုးသမီး အလှအပ ပြုပြင်ခြင်းလုပ်ငန်းများ၊ အမျိုးသမီး အလှအပဆိုင်ရာ ပစ္စည်းများ ထုတ်လုပ်ခြင်း နှင့် ရောင်း၀ယ်ဖောက်ကားခြင်း၊ စတိုးဆိုင် လုပ်ငန်းတွေ အကျိုးပေးပါတယ်။ သောကြာဂြိုဟ်ဟာ မိန်းမသားတွေကို စိုးမိုးတဲ့ဂြိုဟ်ဖြစ်တာကြောင့် အမျိုးသမီးတွေနဲ့ ပတ်သက်နေတဲ့ လုပ်ငန်းမှန်သမှျ အကျိုးပြုနိုင်ပါတယ်။
ကမ္ဘာကျော် (6)ဂဏန်းသမားများ
ကမ္ဘာကျော် (6)ဂဏန်းသမားများကတော့ – ပန်းချီ၊ ပန်းပု၊ သိပ္ပံပညာ စွယ်စုံရတဲ့ မိုက်ကယ်အိန်ဂျလိုက (6)ရက်ဖွား၊ မိုနာလီဇာပန်းချီကား ဖန်တီးရှင် လီယိုနာ ဒိုဒါဗင်ချီက (15)ရက်ဖွား၊ နက္ခတ်ပညာရှင် ၀ီလီယံ ဟာရှဲလ် က (15)ရက်ဖွား၊ နက္ခတ်တာရာကြည့်မှန်ပြောင်းကို တီထွင်ခဲ့တဲ့ ဂလီလီယိုက (15)ရက်ဖွား၊ ဟောလီး၀ုဒ် ရုပ်ရှင်မင်းသား ဘ၀ကနေ သမ္မတ ဖြစ်လာသူ ရော်နယ်ရီဂင်က (6)ရက်ဖွား၊ ဆိုဗီယက် ယူနီယံ KGB အကြီးအကဲဟောင်း ယူရီ အင်ဒရိုပေါ့ဗ်က (15)ရက်ဖွား၊ ပါလက်စတိုင်း လွတ်မြောက်ရေးခေါင်းဆောင် ရာဆာအာရာဖတ် က(24)ရက်ဖွား၊ အမေရိကန် တီထွင်သူနဲ့ သန်းကြွယ်သူဌေးကြီး ဟောင်း၀ပ်ဟူးက (24)ရက်ဖွား၊ Apple ကွန်ပျူတာကုမ္ပဏီ တည်ထောင်သူ စတီဗင်ပေါလ်ဂျော့ က (24)ရက်ဖွား၊ ဂေါ့ဒ်ဖားသား၀တ္တုကြီးနဲ့ ကမ္ဘာကျော်ခဲ့တဲ့ စာရေးဆရာကြီး မာရီယိုပူဇို က (15)ရက်ဖွား၊ အဆိုတော် နဲ့ သရုပ်ဆောင် ဂျနီဖာလိုပက်ဇ်က (24)ရက်ဖွား၊ ပြင်သစ် အာဇာနည် သူရဲကောင်း မလေး ဂျူန်းအော့အာ့ခ် က (6)ရက်ဖွား၊ စာရေးဆရာမကြီး အာဂါသာ ခရစ္စတီးက (15)ရက်ဖွား၊ ဘောလုံးစတား ရော်ဗင်ဗန်ပါစီ က (6)ရက်ဖွား၊ မင်းသားကြီး ဆီဗက်စတာ စတားလုံးက (6)ရက်ဖွား၊ အီရန်ဘာသာရေး ခေါင်းဆောင် အယာတိုလာ ခိုမေနီက (24) ရက်ဖွား၊ နပိုလီယံ ဘိုနာပတ်က (15)ရက်ဖွား၊ လူမည်းခေါင်းဆောင် မာတင်လူသာကင်း က (15)ရက်ဖွား၊ ဂျာမန် ဗိုလ်ချုပ်ကြီး အာ၀င်ရွန်းမဲက (15)ရက်ဖွား၊ စိတ်သရုပ်ခွဲပညာရှင် ဒေါက်တာ ဆစ်ဂမန်ဖရွိုက်က (6)ရက်ဖွား၊ Lawrence of Arabia လို့ကျော်ကြားခဲ့တဲ့ တီအီးလောရင့်စ် က (15)ရက်ဖွား၊ ကမ္ဘာကျော် မိတ္တဗလဋီကာ နဲ့ သောကကင်းေ၀းနေနိုင်ရေး ကျမ်းကြီးတွေကို ပြုစုခဲ့တဲ့ ဒေးလ်ကာနက်ဂျီက (24)ရက်ဖွား၊ ကွယ်လွန်ချိန်မှာ မိမိပိုင် ငွေအားလုံးကို လှူဒါန်း ပစ်ခဲ့တဲ့ အမေရိကန် သံမဏိသူဌေးကြီး အင်ဒရူးကာနယ်ဂျီက (24)ရက်ဖွား၊ စာရေးဆရာကြီး အလက်ဇန်းဒါးဒူးမားက (24)ရက်ဖွား၊ စာရေးဆရာကြီး ဆာေ၀ါ်လတာ စကော့က (6)ရက်ဖွား အသီးသီးဖြစ်ကြပါတယ်။
အားလုံး ကျန်းမာချမ်းသာကြပါစေသော်။
(၇)ဂဏန်းပိုင်ရှင်များ
အင်္ဂလိပ်မွေးနေ့ 7 . 16 . 25 နေ့မွေးသူများ အားလုံး ( 7 ) ဂဏန်းသမား များဖြစ်ကြပါတယ်....
(7)ဂဏန်းဟာ ဂရိလူမျိုးတွေရဲ့ ဒဏ္ဍာရီမှာ “ပိုဆီဒွန်” (Posiedon) လို့ခေါ်တဲ့ ပင်လယ်နတ်ဘုရားရဲ့ အမှတ်အသား ဂဏန်းဘဲဗျ။ ဂရိတွေက “ပိုဆီဒွန်” ခေါ်ကြတဲ့ နတ်ဘုရားကို ရောမလူမျိုးတွေက “နက်ပကျွန်း” လို့ ခေါ်ေ၀ါ် ကြပြန်သဗျ။ ပိုဆီဒွန်နတ်ဘုရားဟာ ပင်လယ်သမုဒ္ဒရာကို ပိုင်စိုးတဲ့ နတ်ဖြစ်တယ်လို့ ယူဆကြပြီး၊ သူဟာ “ပင်လယ်မုန်တိုင်း” “ငလှျင်” နဲ့ “မြင်း” တွေကို ပိုင်စိုးတယ်လို့ ယူဆကြတယ်ဗျ။ ရေှးအခါတုန်း ကတော့ ပင်လယ် မုန်တိုင်းတွေ နဲ့ ငလှျင်လွုပ်ခြင်း တွေဟာ ပိုဆီဒွန် နတ်ဘုရား အမျက်ဒေါသထွက်လို့ဖြစ်ရတာလို့ ယူဆကြတယ်ဗျ။
(7)ဂဏန်းရဲ့ထူးခြားချက်တွေကတော့ ရက်သတ္တပါတ် တစ်ခုမှာ
နေ့(၇)နေ့ရှိတာရယ်၊ လ,ဟာ (၇)ရက်တစ်ကြိမ် လဆန်းခြင်း၊ လဆုတ်ခြင်းဆိုတဲ့ ပုံမှန်စက်၀န်း အတိုင်းလည်ပတ်နေတာရယ်၊ လူ့ကိုယ်ခန္ဓာမှာ ဒွါယ (၉)ပေါက်ရှိတဲ့အနက် (၇)ပေါက်ဟာ မြင့်မြတ်တဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်း ဖြစ်တဲ့ ဦးခေါင်းမှာဘဲ ရှိနေတာရယ်၊ ဂီတသီချင်းမှန်သမှျ “ဒို၊ ရေ၊ မီ၊ ဖာ၊ ဆို၊ လာ၊ တီ” ဆိုတဲ့ သံစဉ် (၇) ပါးနဲ့ ဖွဲ့စည်းထားတာရယ်၊ သက်တန့်မှာ ရောင်စဉ် (၇)ပါးနဲ့ ဖွဲ့စည်းထားတာရယ်၊ ကမ္ဘာရဲ့ မြင့်မြတ်တဲ့နေရာတွေ အများကြီး ရှိတဲ့အထဲမှာ အံ့ဘွယ်နေရာဌာနတွေကို (၇)ပါး၊ (၇)နေရာ အဖြစ် သတ်မှတ်ထားတာတွေဟာ (7)ဂဏန်းရဲ့ ထူးခြားချက်တွေ ပေါ့ဗျာ။
ကလေးတွေဟာ လ,မစေ့ဘဲ မွေးတဲ့အခါမှာ (8)လ,ထဲမှာဆိုရင် အသက်မရှင်ဘဲ (7)လ,ထဲမှာ ဆိုရင် အသက်ရှင်တယ် ။ ဒါဟာ (7)ဂဏန်း ဟာ ရှင်သန်ခြင်း အမှတ်အသားကို ကိုယ်စားပြုတဲ့ လက္ခဏာဘဲဗျ။ သချင်္ာဗေဒ ပညာရှင်တွေကတော့ နက်ပကျွန်းဂြိုဟ်ကို ရှာဖွေတွေ့ရှိတဲ့ (1846) ခုနှစ် မတိုင်မှီအထိ (7)ဂဏန်းကို တနင်္လာဂြိုဟ်(လမင်း)ရဲ့ စိုးမိုးမွုအောက်မှာ ထားရှိခဲ့ကြတယ်ဗျ။ (2)ဂဏန်းကို တနင်္လာ အမဓာတ် (-) လို့ သတ်မှတ်ပြီး (7)ဂဏန်းကိုတော့ တနင်္လာအဖိုဓာတ်(+)လို့ သတ်မှတ်ထားရှိ ခဲ့ကြတယ်။ (1846)ခုနှစ်မှာ နက္ခတ်ပညာရှင်(၃)ဦးအဖွဲ့က နက်ပကျွန်း ဂြိုဟ်ကြီးကို ရှာဖွေတွေ့ ရှိပြီးတဲ့နောက်မှာတော့ သချင်္ာဗေဒပညာရှင်တွေက (7)ဂဏန်းကို နက်ပကျွန်းဂြိုဟ်ရဲ့ စိုးမိုးမွုအောက်ကို သွတ်သွင်းလိုက်ကြပြီး ရာသီခွင်မှာတော့ ယခင် ကြာသတေးဂြိုဟ်ပိုင်ခဲ့ တဲ့ “မိန်ရာသီ” ကို အပိုင်စားပေးလိုက် ကြတယ်ဗျ။
မိန်ရာသီဟာ ပင်လယ်သမုဒ္ဒရာတွေကို စိုးမိုးတဲ့ရာသီဖြစ်လို့ (7)ဂဏန်းကို မိန်ရာသီကို အပိုင်စားပေးလိုက်တာ သဘာ၀ကျပါတယ်ဗျာ။
(7)ဂဏန်းသမားတွေရဲ့ စရိုက်လက္ခဏာတွေ။
(7)ဂဏန်းဟာ တနင်္လာဂြိုဟ်ပိုင်တဲ့ (2)ဂဏန်းနဲ့ ဆင်တူတဲ့ အချက်တွေရှိတယ်ဗျ။ အဲဒါက (7)ဂဏန်း သမားတွေဟာ (2)ဂဏန်းသမားတွေလိုဘဲ စိတ်ကူးဉာဏ် ကွန့်မြူးမွု အားကောင်း ကြတယ်ဗျ။ တီထွင်ဖန်တီးတတ်တဲ့ ဦးနေှာက်မျိုးရှိတယ်။
တွေးခေါ်မေှျာ်မြင်မွု အားကောင်းတယ်။ အနာဂါတ်ကို ခန့်မှန်းနိုင်စွမ်းရှိတယ်။ မိသားစုဘ၀ကို မြတ်နိုးပြီး အကောင်းမြင် ၀ါဒလည်း ရှိကြတယ်ဗျ။ (2)ဂဏန်းသမားတွေထက် သာတဲ့အချက်က စိတ်ကူး စိတ်သန်း တွေကို အကောင်အထည်ဖော်တဲ့နေရာမှ (2)ဂဏန်းသမားက နေှာင့်နေှးပြီး လေထဲအိမ် ဆောက်ကြတာ ပိုများတယ်။ (7)ဂဏန်း သမားတွေကတော့ မြန်မြန် ဆန်ဆန် အကောင်အထည်ဖော်ထက်တယ်ဗျို့။ နောက်ပြီး မဆုတ်မနစ် လုပ်ကိုင် တတ်တဲ့ နေရာမှာလည်း (2)ဂဏန်းသမားထက် သာတယ်။ အဲဒီတော့ သူတို့ရဲ့ စရိုက်လက္ခဏာ လေးတွေ ချရေးကြည့်ရအောင်ဗျာ။
= (7)ဂဏန်းသမားတွေဟာ အကောင်းမြင်၀ါဒရှိတယ်။ ပျော်ပျော်ရွွင်ရွွင် တက်တက်ကြွကြွ နေထိုင်တတ်ကြတယ်။ သွက်လက်ဖြတ်လတ်ကြပြီး အကင်းပါး ကြတယ်။ ဉာဏ်ပညာလည်း ထက်မြက်ကြတာများတယ်ဗျ။ အလုပ်ကို မနားမနေ လုပ်တတ်ကြတယ်။ ထူးခြားဆန်းကြယ်တဲ့ ပညာရပ်တွေအပေါ်မှာ စိတ်၀င်စားတတ်ပြီး သင်ယူလိုစိတ် ပြင်းပြတတ်ကြ တယ်။ သိပ္ပံပညာရော၊ ၀ိဇ္ဇာပညာမှာပါ ထူးချွန်တတ်ကြတယ်။
= (7)ဂဏန်းသမားတွေဟာ များသောအားဖြင့် ရုပ်ရည် ချောမောသန့်ပြန့်ကြတာ များတယ်ဗျ ။ ဒါပေမယ့် ရုပ်ချော သည်ဖြစ်စေ၊ မချောသည်ဖြစ်စေ သူတို့ဟာ ဆန့်ကျင်ဘက် လိင်တွေကို ဆွဲဆောင်နိုင်စွမ်းရှိတယ်ဗျ။ ဆန့်ကျင်ဘက် လိင်တွေရဲ့ စိတ်၀င်စားမွုကို အများဆုံး ရရှိတတ်ကြတယ်။
= (7)ဂဏန်းသမားတွေဟာ များသောအားဖြင့် သဘောကောင်း၊ မနောကောင်းသူတွေဖြစ်ကြပေမယ့် သူတို့ စိတ်ဆိုး ဒေါသထွက်မိရင် ကြောက်စရာ ကောင်းလောက်အောင် စိတ်ကြီးတတ်ကြတယ်ဗျ။ အဲဒီနေရာမှာ သူတို့ရဲ့ စိတ်သဘာ၀ဟာ ပင်လယ်ပြင်ကြီးနဲ့ သွားတူနေတယ်။ ပင်လယ်ပြင်ကြီးဟာ သာမန် အချိန်မှာ ကြည့်လိုက်ရုံနဲ့ ကြည်နူးဖွယ်ရာ ကောင်းသလောက် မုန်တိုင်းကျလွိုင်းထန်လာတဲ့ အခါမှာ ကြောက်စရာကောင်းသလိုပေါ့ဗျာ။
= သူတို့ဟာ လုံး၀သဘောကောင်းတဲ့ လူမျိုးတွေလို့တော့ သတ်မှတ်မရဘူးဗျ။ များသောအားဖြင့် (7)ဂဏန်းသမားတွေဟာ “သင်ကောင်းလှျင် ကျွန်ုပ်မဆိုးပါ” ဆိုတဲ့ လူစားမျိုး တွေလို့ပြောလို့ရမယ်ထင်တယ်။ သူတို့ကို ဒုက္ခမပေးသရွေ့တော့ လူကောင်းတွေပါဘဲ။ သူတို့ကို စိတ်ဆိုးအောင် လုပ်ရင်တော့ ပြန်ပြီး “အိုးရွဲ့ကို စလောင်းရွဲ့နဲ့ ဖုံးမယ်” ဆိုတဲ့ သဘောထားမျိုးတွေ ရှိတတ်တယ်။ “မာလှျင် သံချောင်း၊ ပျော့လှျင် ဖယောင်း” ဆိုတဲ့ စကားပုံနဲ့လည်း သူတို့စရိုက်ဟာ နီးစပ်ပြန်ပါတယ်။
= (7)ဂဏန်းသမားတွေဟာ ရုပ်၀ါဒီမဆန်ဘဲ နာမ်၀ါဒီဘက်ကို ကိုင်းညွတ်မွု ပိုများတယ်ဗျ။ ဘာသာတရားနဲ့ ရေှးရိုးအစဉ်အလာတွေကို ယုံကြည်လေးစား လိုက်နာကြတယ်။ သဘာ၀တရားကြီးရဲ့ လှျုိ့၀ှက်ဆန်းကြယ်မွုတွေကို သိရှိစိတ် ပြင်းပြကြတယ်။ သူတို့ဟာ နာမ်လောကကို ယုံကြည်ကြသူများပြီး ဂမ္ဘီရ ပညာရပ်တွေဖြစ်တဲ့ နက္ခတ်ဗေဒင်ပညာ၊ ဆေး၀ါး၊ အင်းအိုင်၊ ဂါထာ၊ အဂ္ဂိရတ်ပညာတွေ၊ စိတ်နယ်လွန်ပညာတွေ၊ သဘာ၀ကုထုံး၊ စိတ်ကုထုံးတွေအပေါ်မှာ ယုံကြည်တတ်ကြ သူများဖြစ်တယ်။
= (7)ဂဏန်းသမားအတော်များများဟာ နာမ်လောကနဲ့ ဆက်သွယ်မွု ရှိတတ်ကြတယ်ဗျ။ ဒါကြောင့် သူတို့ဟာ ဘ၀မှာ ထူးဆန်းတဲ့ အိပ်မက်မျိုးတွေ မက်တာတို့၊ ရေှးပြေးနိမိတ် ဖြစ်တဲ့ အိပ်မက်မျိုးမက်တာတို့ ၊ သိုက်လောကနဲ့ ဆက်သွယ်မွု ရှိတာတို့၊ တစ်ခုခုဖြစ်မှာကို ကြိုသိတတ်တဲ့ စိတ်စွမ်းအားမျိုး ရှိတာတို့ကို တွေ့ရတတ်တယ်။ တစ်ခါတစ်ရံမှာ ကိုယ် အခုလောလောဆယ် ကြုံတွေ့ရတဲ့ အဖြစ်အပျက်တစ်ခုဟာ အရင်တစ်ခါဖြစ်ဘူးခဲ့သလိုမျိုး ခံစားရ တတ်တာတွေ ရှိတတ် တယ်။
= သူတို့ကိုယ်တိုင် ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ ကျွန်တော်ယုံကြည်တာ တစ်ခုက (7)ဂဏန်းသမားတွေမှာ သူတို့ကို စောင့်ရေှာက်နေတဲ့ နာမ်လောကက ပုဂ္ဂိုလ် (သို့) စွမ်းအားလို အရာမျိုး ရှိတယ်ဗျ။ ဒါက ကျွန်တော် လေ့လာ တွေ့ရှိချက်ပါ။ ယုံတာမယုံတာကတော့ စာဖတ်သူရဲ့ သဘောပါ။ အဲဒီ ပုဂ္ဂိုလ် (သို့) စွမ်းအားဟာ သူတို့ကို အတိုင်းအတာ တစ်ခုအထိ စောင့်ရေှာက်ပေးမွုရှိတယ်လို့ ကျွန်တော်ယုံကြည်တယ်ဗျ။
= (7)ဂဏန်းသမားတွေဟာ ငွေကြေးဓနဥစ္စာထက် ပညာကို ပိုပြီးတန်ဖိုးထားတတ်သူများဖြစ်တတ်ကြတယ်။ စီးပွားရေး သမားဖြစ်လှျင်သော်မှ ငွေနောက်ကို တစ်ကောက်ကောက် လိုက်နေသူတွေမဟုတ်ဘဲ အတတ်ပညာ၊ အသိပညာကို ပိုမိုလိုလားတတ်ကြတယ်။ သူတို့ဟာ အရာရာကို သိချင်တတ်ချင် စူးစမ်း လေ့လာနေချင်ကြသူများ ဖြစ်တတ်ကြတယ်။ သူတို့ဟာ ဂမ္ဘီရပညာတွေမှာသာမဟုတ်ဘဲ သိပ္ပံပညာရပ်တွေမှာလည်း ထူးချွန်ပြောင်မြောက် တတ်သူတွေ ဖြစ်ကြတယ်။
= သူတို့ဟာ ခရီးသွားခြင်း၊ အသစ်အဆန်းရှာဖွေခြင်းတို့ကို ခုံမင်တတ်ကြတာမို့ မိမိမွေးရပ်မြေမှာ မနေတတ်ကြဘဲ ရေခြား၊ မြေခြား၊ တိုင်းတပါးတွေကို ရောက်လွယ်၊ ထွက်လွယ် တတ်ကြသူများဖြစ်ကြတယ်။
= (7)ဂဏန်းသမားအတော်များများဟာ (အားလုံးကို မဆိုလိုပါ) ငယ်စဉ်ဘ၀မှာ ခက်ခဲကြမ်းတမ်းတဲ့ ဘ၀မျိုးကို ဖြတ်သန်း ခဲ့ကြရသူတွေများတယ်ဗျ။ ဒါပေမယ့် ဒုတိယအရွယ်နဲ့ တတိယအရွယ်မှာတော့ ကောင်းစားတတ်ကြတယ်။
= ဘ၀ အနိမ့်အမြင့်အတက်အကျနည်းတတ်တယ်။ ဒါပေမယ့် တစ်ခုသတိထားရမှာက တစ်ချို့ (7)ဂဏန်းမွေးဖွားသူတွေဟာ လိင်စိတ်ဆန္ဒ အလွန်ပြင်းထန်တတ်ပြီး ကာမဂုဏ် လိုက်စားမွု လွန်ကဲတာကြောင့် နာမည်ဂုဏ်သိက္ခာကျဆင်းပြီး တတိယ အရွယ်မှာ အိုဇာတာပါ နိမ့်ပါးသွားတတ်တာ ကိုလည်း သတိထားမိပါတယ်။ အထူးသဖြင့် (25)ရက်မွေးတဲ့ (7)ဂဏန်းသမား တွေ သတိထားရပါမယ်။
= သူတို့ဟာ သဘာ၀တရားကြီးရဲ့ လှျုိ့၀ှက်မွုတွေ၊ လူသားတွေရဲ့ လှျုိ့၀ှက်မွုတွေကို ဖော်ထုတ်ချင်တတ်ကြတဲ့ “စုံထောက်ဉာဏ်” ရှိသူများဖြစ်ပြီး သဲထိတ် ရင်ဖို လုပ်ကိုင်ရမယ့် အလုပ်တွေကို ၀ါသနာခုံမင်တတ်ကြတယ်။ ကမ္ဘာကျော် ဂျိမ်းစ်ဘွန်း မင်းသားတွေ ဖြစ်ကြတဲ့ “ရေှာင်ကွန်နရီ” နဲ့ “ပီးယားစ် ဘရော့စ်နန်” တို့ဟာ (7)ဂဏန်း မွေးဖွားသူတွေ ဖြစ်ပြီး သူတို့ရဲ့ ကိုယ်ပိုင်နံပါတ်ဟာလည်း (007) ခေါ်တဲ့ (7)ဂဏန်းဘဲဖြစ်နေတာကို တိုက်ဆိုင်စွာ တွေ့ရပါလိမ့်မယ်။
= (7)ဂဏန်းသမားတွေဟာ စိတ်ကူးစိတ်သန်းကောင်းခြင်း၊ အတွေးအခေါ်မြင့်မားခြင်း၊ တီထွင်ဖန်တီးတတ်ခြင်း၊ ဇွဲကောင်းခြင်းများနဲ့ ပြည့်စုံ တတ်သော် လည်း စည်းကမ်းစနစ် ကျနကျသူများ မဟုတ်ဘဲ ကပျစ်ကညစ် နေတတ်ကြသူက များပါတယ်။ သူတို့ဟာ လုပ်ငန်းတစ်ခုကို အောင်မြင်အောင် စွမ်းဆောင် နိုင်သူများ ဖြစ်ကောင်းဖြစ်ကြပေမယ့် ရေရှည် တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းလိုစိတ်နည်းပါးကြသူများဖြစ်တယ်။
တစ်ခုအောင်မြင်သွားရင် နောက်တစ်ခုကို ခြေလှမ်းပြင် နေတတ်ကြသူများဖြစ်တတ်ကြတယ်။ သူတို့ အလုပ် လုပ်သွားတာကို ပုံခိုင်းရရင် အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေတတ်တယ်။ စီးပွားရေးသမားဆိုရင်လည်း ငွေရှာကောင်းပေမယ့် အဖတ်တင်အောင် မစုဆောင်း နိုင်ကြသူ က များပါတယ်။ ဒါဟာ (7)ဂဏန်းသမားတွေ သတိပြုရမယ့် အချက်ပါ။
(7)ဂဏန်းသမားများ၏ သီးခြား Character တွေကတော့
(7)ရက်နေ့မှာမွေးတဲ့ “ထီးတည်း” (7)သမားတွေဟာ စွန့်စားလိုစိတ်၊ တီထွင် လိုစိတ် ပြင်းပြ သူတွေဖြစ်ပြီး ရဲရင့်တဲ့ စိတ်ထားလည်း ရှိကြတယ်ဗျ။ အလုပ်ကို မနားမနေလုပ်တတ်ပြီး အမြဲသွက်လက် ဖြတ်လတ်နေကြသူများလည်း ဖြစ်ကြတယ်။ အသစ်အဆန်းကို ရှာဖွေလို တယ်။ စစ်သွေးစစ်မာန်ရှိပြီး ဘ၀တက်လမ်းအတွက် တိုက်ခိုက်ရမယ်၊ ပေးဆပ်ရမယ်ဆိုရင်လည်း ၀န်မလေး ကြသူများဖြစ်တယ်။ ခရီးသွားလာမွုကို ခုံမင်ပြီး မရောက်ဘူးသေးတဲ့ နေရာမှန်သမှျ သွားလာလိုကြသူများဖြစ်ကြတယ်။
(16)ရက်နေ့မှာမွေးတဲ့ (7)ဂဏန်းသမားများကျတော့ (7) ဂဏန်း (၃)ခုထဲမှာ အကဲခတ်ရ ပိုပြီး ခက်တတ်တယ်။ သူတို့ဟာ အပြင်ပန်းကြည့်ရင် ပျော့ပြောင်း နူးညံ့သူများလို့ ထင်ရပေမယ့် လိုအပ်လာရင် ကြမ်းတမ်းခက်ထန်ဖို့ ၀န်မလေး ကြသူများ ဖြစ်တယ်။ “ပျော့လှျင်ဖယောင်း၊ မာလှျင် သံချောင်း” ဆိုတာ (16)ရက် ဖွားတွေနဲ့ ပိုပြီး နီးစပ်မွုရှိတယ်။ ဂမ္ဘီရလောက၊ စိတ်နယ်လွန်လောကတွေနဲ့ ဆက်စပ် ပတ်သက်မွုများ ရှိတတ်တယ်။ သူတို့ အိပ်မက်တွေဟာ အနာဂါတ်မှာ ဖြစ်လာမယ့် နိမိတ်တွေ ဖြစ်နေတတ်တယ်။
(25)ရက်နေ့မှာ မွေးတဲ့ (7)ဂဏန်းသမားတွေကျတော့ စွမ်းအား အထက်မြက်ဆုံးလို့ ပြောနိုင်ပါတယ်။ လူချစ်လူခင် များတတ်ပြီး လူထုကို စည်းရုံး ဆွဲဆောင် နိုင်တဲ့ အရည်အသွေးတွေ ရှိတတ်တယ်။ ဆန့်ကျင်ဘက် လိင်တွေအပေါ်မှာ အလွန် ဆွဲဆောင်နိုင်စွမ်း ရှိတတ်တယ်။ တစ်ချို့ (25)ရက်ဖွားများဟာ မြာသိပ်ပြီး ပွေတတ်ပါတယ်။ တစ်ချို့ကျပြန်တော့လည်း လူဘုန်းကြီးလို့ ခေါ်ရလောက်အောင် သိက္ခာသမာဓိကြီးမားကြပြန်ပါတယ်။ (ဒါကတော့ သူတို့ ဘယ်ရာသီဖွားလဲ ဆိုတာ အပေါ်မှာတည်ပါတယ်)။ သူတို့ဟာ Current of Destiny မကောင်းရင် မတော်တဆထိခိုက်ခြင်း၊ ခွဲစိတ်ကုသခံရခြင်း၊ ကိုယ်အင်္ဂါ ချို့ယွင်းခြင်း၊ ဥပစ္ဆေဒကကံဖြင့် သေဆုံးခြင်း၊ အိုဇာတာ ညံ့ခြင်းများ ဖြစ်တတ်ပါတယ်။ လိင်ကိစ္စကြောင့် ဘ၀ပျက် ရသူတွေထဲမှာ (25)ရက်ဖွားတွေ အများဆုံး မို့ သတိပြုဆင်ခြင်ကြပါလို့
ပြောချင်ပါတယ်ဗျာ။
သူနဲ့ တည့်တဲ့ဂဏန်း , မတည့်တဲ ့ ဂဏန်းတွေကေတော့
(7)ဂဏန်းဟာလည်း (9)ဂဏန်းနဲ့ လုံး၀မတည့်ဘူးဗျ။ သူတို့နှစ် တွေ့မိရင် ပြဿနာကြီး တွေဖြစ်တတ်တယ်။ (7)ဂဏန်းဟာ (1)ဂဏန်း၊ (2)ဂဏန်း၊ (5)ဂဏန်း၊ (7)ဂဏန်း တွေနဲ့တော့ တကယ့် မိတ်ဘက် အစစ်ဘဲဗျ။ သူဟာ (4)ဂဏန်းသမား၊ (8)ဂဏန်းသမားတွေနဲ့လည်း သိပ်မတည့် ပြန်ဘူး။ (3)ဂဏန်း (6)ဂဏန်းသမားတွေနဲ့ကျတော့ မိတ်လည်းမမည်၊ ရန်လည်း မမည်တဲ့ “ဥဒါသိန်” လို့ခေါ်တဲ့ ဂဏန်းတွေ ဖြစ်ပြန်တယ်ဗျ။
ထင်ပေါ်ကျော်ကြားတဲ့ (7)ဂဏန်းသမားတွေကတော့
ထင်ပေါ်ကျော်ကြားတဲ့ (7)ဂဏန်းသမားတွေကတော့- အမေရိကန် မီလျံနာကြီး ဂျွန်ပီးယားပွန့်မော်ဂန် က (7)ရက်ဖွား၊ နာဇီ၀ါဒဖြန့်ချိရေးမှူး ဟင်းမလား က (7)ရက်ဖွား၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တည်ထောင်ခဲ့သူ ခေါင်းဆောင်ကြီး အလီဂျင်းနား က (25)ရက်ဖွား၊ သိပ္ပံပညာနက္ခတ်ပညာစွယ်စုံရ ပညာရှင် ဆာအိုက်ဇက်နယူတန် က (25)ရက်ဖွား၊ စာရေးဆရာကြီး ဂျော့အော်၀ယ် က (25)ရက်ဖွား၊ အစ္စရေးနိုင်ငံရဲ့ ပထမဆုံး သမ္မတကြီး ဒေးဗဒ် ဘင်ဂူရီယံ က (16)ရက်ဖွား၊ ကမ္ဘာကျော် လူရွွင်တော်ကြီး ချာလီချက်ပလင် က (16)ရက်ဖွား၊ အမေရိကန် စာနယ်ဇင်းလောကရဲ့ ဘုရင်မကြီး ကတ်သရင်း ဂရေဟမ်(နယူးစ်၀ိခ်) က (16)ရက်ဖွား၊ ဟောင်ကောင် အက်ရှင်မင်းသား အကျော်အမော် ဂျက်ကီချန်း က (7)ရက်ဖွား၊ အဆိုတော် မက်ဒေါနား က (16)ရက်ဖွား၊ ဂျိမ်းစ်ဘွန်းမင်းသားကြီး ရေှာင်ကွန်နရီ က (25)ရက်ဖွား၊ နောက် ဂျိမ်းစ်ဘွန်းမင်းသား လက်သစ် ပီးယားစ်ဘရော့စ်နန် က (16)ရက်ဖွား၊ ရုရှားတင်းနစ်အလှမယ် အင်နာကော်နီကိုဗာ က (7)ရက်ဖွား၊ ဟောလီး၀ုဒ်မင်းသမီးအကျော်အမော် ကက်သရင်းဇီတာဂျုံး နဲ့ ကလော်ဒီယာ ရှက်ဖာ တို့က (25)ရက်ဖွားတွေ၊ အိန္ဒိယ ကဗျာနဲ့စာပေပညာရှင်ကြီး ရာဘင်ဒြာနတ်တဂိုး က (7)ရက်ဖွား၊ မြန်မာ အမျိုးသမီးတွေ သိပ်ကြိုက်တဲ့ ကိုရီးယားသရုပ် ဆောင် ဂျင်ဒေါင်ဂန်း(ဒါရိုက်တာ ရင်) က (7)ရက်ဖွား၊ နောက် ကိုရီးယား အဆိုကျော်နဲ့ မင်းသား “ရိန်း” က (25)ရက်ဖွား၊ ဟောလီ၀ုဒ် နာမည်ကျော်မင်းသား နီကိုလပ်စ်ကေ့ချ် က (7)ရက်ဖွား၊ မကြာခင်ကမှ ကွယ်လွန်သွားတဲ့ ဖိလစ်ပိုင် အမျိုးသမီး သမ္မတဟောင်း ကိုရာဇွန်အကွီနို က (25)ရက်ဖွား၊ ယခုတလော ကမ္ဘာမှာ ရေပန်းစားနေတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီလ် က (16)ရက်ဖွား၊ လုပ်ကြံခံရတဲ့ ဗြိတိသှျဗိုလ်ချုပ်ကြီး ဟောင်း လူး၀စ်မောင့်ဘက်တန် က (25)ရက်ဖွား၊ နောက်လုပ်ကြံခံရတဲ့ အီဂျစ် သမ္မတ အန်၀ါ ဆဒတ် ကလည်း (25)ရက်ဖွား၊ စင်ကာပူနိုင်ငံရဲ့ ဖခင်ကြီး လီကွမ်ယူး က (16)ရက်ဖွား၊ သံမဏိသူဌေးကြီး အင်ဒရူးကာနေဂျီ က (25)ရက်ဖွား၊ စာရေးဆရာကြီး ချားလ်ဒစ်ကင်း က (7)ရက်ဖွား၊ ဂရိသင်္ဘော သူဌေးကြီး အိုနာစစ် က (7)ရက်ဖွား၊ စာရေးဆရာကြီး ဆမ်းမားဆက်မွန် က (25)ရက်ဖွား၊ လေယာဉ်ပျံကို တီထွင်ခဲ့တဲ့ ရိုက်ညီနောင် နှစ်ဦးထဲက ၀ီလ်ဘာရိုက် က (7)ရက်ဖွား၊ အန္တာတိကတိုက်သို့ စူးစမ်းလေ့လာရေး ခရီးရှည်ကြီးကို ထွက်ခဲ့သူ ကပ္ပတိန်စကော့ က (7)ရက်ဖွား၊ ဗြိတိသှျ အဲလီဇဘက် ဘုရင်မကြီး က (7)ရက်ဖွားတွေ အသီးသီးဖြစ်ကြပါတယ်။
နောက်စိတ်၀င်စားစရာကောင်းတာက မြန်မာနိုင်ငံရဲ့ ပထမဆုံး၀န်ကြီးချုပ်ဖြစ်ခဲ့တဲ့ ဦးနု (ခ)သခင်နု ဟာလည်း (25)ရက်မှာမွေးတဲ့ (7)ဂဏန်းသမား ပါဘဲဗျာ။
ဆရာမင်းသိင်္ခ ကလည်း (25)ရက်မှာမွေးတဲ့ (7)ဂဏန်းသမား ပါဘဲဗျာ။
အားလုံး ကျန်းမာချမ်းသာကြပါစေသော်။
(၈) ဂဏန်းပိုင်ရှင်များ
အင်္ဂလိပ်မွေးနေ့ 8 . 17 . 26 နေ့မွေးသူများ အားလုံး (8)ဂဏန်းသမား များဖြစ်ကြပါတယ်....
(8)ဂဏန်းဟာ(1)ကနေ (9)အတွင်းမှာ ရှိတဲ့ ဂဏန်းထဲမှာ အတော် စွမ်းအားထက်မြက်တဲ့ ဂဏန်းတစ်ခုလို့ ဆိုရမယ်ဗျ။ သူဟာ စနေဂြိုဟ် (Satan)ရဲ့ အမှတ်အသား သင်္ကေတဖြစ်ပြီး ရေှးဟောင်း ဂရိ ဒဏ္ဍာရီတွေမှာရော၊ ခေတ်သစ် ခရစ်ယာန် ဘာသာမှာရော မကောင်းတဲ့ “နတ်ဆိုး” “မာန်နတ်” အဖြစ် သတ်မှတ်ကြတယ်ဗျ။ (8)ဂဏန်းဟာ (4)ဂဏန်းနဲ့ ကမ္ဘာရန်လို့ ဆိုရမယ်။ သူတို့ နှစ်ဦးတွေ့တိုင်း ပြင်းထန်တဲ့
ဘေးဒုက္ခတွေ ဖြစ်တတ်တာကို သချာင်္ဗေဒ ပညာရှင်တွေဟာ အတော်ကို လေးလေးနက်နက် ယုံကြည်ကြတယ်ဗျ။ ဒီဂဏန်း (၂)ခုဟာ မတည့်ကြပေမယ့် တစ်ခုနဲ့တစ်ခု ဆွဲအားတော့ အတော်ပြင်းထန်တယ် ဆိုရမယ်ဗျ။ ဘာကြောင့်လဲ ဆိုရင် လင်မယားစုံတွဲ အတော်များများကို လေ့လာကြည့်တဲ့အခါ (4)ဂဏန်းသမား နဲ့ (8)ဂဏန်း သမားတွေ ရကြတာ တော်တော်များတယ်။ ရပြီးတော့လည်း မတည့်ကြဘူး။ အဆင်မသင့်ရင် ကွဲကြပြန်ရော။
(8)ဂဏန်းသမားတွေထဲမှာ လူကောင်းတွေ၊ လူ့လောကကြီးကို အကျိုးပြုသူတွေ အများကြီးပါ။ (8)ဂဏန်းသမားတွေဟာ ခက်ခဲကြမ်းတမ်းတဲ့ ဘ၀တွေကို ဖြတ်သန်းရပေမယ့် သူများတွေကို ဒုက္ခပေးတဲ့လူတွေလို့ တော့ သတ်မှတ်လို့ မရပြန် ဘူးဗျ။ အထူးသဖြင့် (17)ရက်မှာ မွေးတဲ့ (8)ဂဏန်းသမားတွေဟာဆိုရင် စိတ်ထားနူးညံ့ကြပြီး လူ့လောကကို အကျိုးပြုသူတွေ ၊ အေးအေးချမ်းချမ်း နေတတ်ကြသူတွေ များတာ ကို တွေ့ရတယ်ဗျ။
(8)ဂဏန်းရဲ့ ထူးခြားတဲ့ သင်္ကေတ လေးတွေက
အရပ် (၈)မျက်နှာ နဲ့ ဂြိုဟ်ကြီး (၈)လုံး၊ ငရဲဘုံ (၈)ထပ်၊ လောကဓံတရား (၈)ပါး၊ မဂ္ဂင် (၈)ပါး၊ ဗုဒ္ဓဘာသာတွေ ဥပုဒ်စောင့်တဲ့ (၈)ပါးသီလ၊ ဘုရားဂုဏ်တော်တွေမှာ ၀ိဇ္ဇာ(၈)ပါးဂုဏ်တော်၊ မဟာဘုတ်မှာ သက်ရောက်ဂြိုဟ် (၈)လုံး၊ ပထ၀ီ၊ ၀ါယော၊ အာပေါ၊တေဇော ဆိုတဲ့ ဓာတ်ကြီး (၄)ပါးကို အဖို , အမ ခွဲလိုက်ရင် ဓာတ် (၈)ပါးပွားများခြင်း၊ စစ်အင်္ဂါ (၈)ပါး၊ တွေဟာ (8)ဂဏန်းနဲ့ သက်ဆိုင်တဲ့ သင်္ကေတာတွေဘဲ ဖြစ်ပါတယ်။ နောက်တစ်ခုက တရုတ်လူမျိုး တို့ရဲ့ “ယိကျင်း”ဗေဒင်ပညာမှာ “ယင်ဓာတ်” နဲ့ “ယန်ဓာတ်”ကို အခြေခံထားပြီး “တြိရေခါ (8)ခု” နဲ့ ဖွဲ့စည်း တည်ဆောက် ထားတာဖြစ်ပါတယ်။
(8)ဂဏန်းသမားတွေရဲ့ စရိုက်လက္ခဏာများ
(8)ဂဏန်းသမားတွေဟာ ငယ်စဉ်ဘ၀မှာ လောကဓံများခဲ့ကြသူတွေများပြီး ဒုတိယ၊ တတိယ အရွယ်မှာ ကောင်းစားကြတာ များတယ်ဗျ။ သူတို့ဟာ ဘ၀မှာ နေရာကောင်းတစ်ခုရဖို့ အခက်အခဲပေါင်းများစွာ၊ ဒုက္ခပေါင်းများစွာကို အရင်းတည်ပြီးမှ ရလာကြသူတွေများ
တယ်ဗျ။ ရွွေဇွန်းကိုက်မွေးလာသူတွေ ရှိကောင်းရှိပေမယ့် အလွန်နည်းပါတယ်။ သူတို့ဟာ ဇွဲကောင်း၊ သတ္တိကောင်းသူတွေဖြစ်ပြီး ၀ီရိယလည်း ကောင်းတတ်ကြတယ်။ လောကဓံတရားကို ခံနိုင်ရည် ရိှသူတွေဖြစ်ကြတယ်။
= (8)ဂဏန်းသမားတွေဟာ အခက်အခဲ ပြဿနာတွေနဲ့တွေ့ရင် နောက်ဆုတ်ပြေးလေ့မရိှဘဲ ရင်ဆိုင် ဖြေရှင်းလေ့ ရှိသူတွေ ဖြစ်တယ်။ သူတို့ရဲ့ မဆုတ်မနစ်တဲ့ ဇွဲလုံ့လကြောင့် နောက်ဆုံးမှာ အောင်ပွဲခံရတာများတယ်။ လုံး၀ သုံညဘ၀မျိုး ရောက်သွားရင်တောင်မှ မီးလှျံငှက် (Phoenix) လို ပြာပုံထဲက ပြန်ရှင်သန်လာနိုင်သူတွေဖြစ်တယ်။ (26)ရက်နေ့မှာ မွေးတဲ့ တရုပ်နိုင်ငံရဲ့ ခေါင်းဆောင်ကြီး “မော်စီတုန်း” ဆိုရင် “ချန်ကေရှိတ်” ရဲ့ တိုက်ခိုက်မွုတွေကို မခံနိုင်တော့လို့ မြောက်ပိုင်း မိုင် (5000)ခရီး အထိဆုတ်ခွာပြေးခဲ့ရပေမယ့် နောက်ဆုံးမှာတော့ တရုပ်ပြည်ကြီးကို ပြန်လည် သိမ်းပိုက် နိုင်တဲ့ ဇွဲနဘဲက (8)ဂဏန်းသမားတွေရဲ့ သတ္တိဘဲဗျ။
= (8)ဂဏန်းသမားမှန်ရင် ဘ၀ကို ကိုယ့်ဘ၀ကိုယ် တည်ဆောက်နေတတ်ကြသူ၊ ကိုယ့်ဂုဏ်သိက္ခာကို တန်ဖိုးထားသူတွေ များတယ်ဗျ။ သူတို့ဟာ အသောက်အစား၊ အပျော်အပါးတွေကို သိပ်ခုံမင်လေ့မရှိဘဲ အလုပ်ကို ပိုပြီး ဦးစားပေးတတ်ကြသူများ ဖြစ်တယ်။ အပျော်အပါးရှိသင့်သလောက်တော့ ရှိမှာပေါ့ဗျာ။ ဒါပေမယ့် သူတို့ ခေါင်းထဲမှာ စွဲ၀င်နေတာကတော့ “အလုပ်” ဘဲဗျ။ “အောင်မြင်ကြီးပွားရေး” ဘဲဗျ။
= သူတို့ဟာ လက်တွေ့ကျသူများဖြစ်ပြီး စိတ်ကူးယဉ်တတ် ကြသူများမဟုတ်ဘူး။ လောကကြီးမှာ ကိုယ်လိုချင်တာရဖို့ တန်ရာတန်ကြေးပေးရမယ်ဆိုတဲ့ သဘောတရားကို ယုံကြည်ကြသူများဖြစ်တယ်။ အချောင်လမ်းစဉ်လိုက်သူ နည်းပါးတယ်။
= (8)ဂဏန်းသမားအတော်များများဟာ ကပ်စေးနဲ ချွေတာ တတ်ကြသူများဖြစ်ပြီး ငွေကြေးကို အလဟသ သုံးဖြုန်းပစ်လေ့မရှိတတ်ကြဘူး။ သူတို့ သုံးစွဲရင်လည်း “ထောင်မြင်၊ ရာစွန့်” သဘောမျိုး စွန့်လွွတ်တာမျိုးဖြစ်တတ်တယ်။ ဒါပေမယ့် သူတို့ သဒ္ဓါရက်ရောမိပြီ ဆိုရင်တော့ လုံး၀မငဲ့ကွက်ဘဲ လှူဒါန်း တတ်ကြတဲ့သူတွေဖြစ်တယ်ဗျ။ အမေရိကန် ရေနံသူဌေးကြီး “ဂျွန်ဒီရောက်ဖဲလား” ဆိုရင် ကပ်စေးနဲတဲ့နေရာမှာ အလွန်နာမည်ကြီးပေမယ့် သူမသေခင်မှာ “ရောက်ဖဲလားဖောင်ဒေးရှင်း” ဆိုတဲ့ အဖွဲ့ကြီးကို ဒေါ်လာ သန်းရာနဲ့ ချီပြီးတည်ထောင်ခဲ့တယ်။ အဲဒီဖောင်ဒေးရှင်းဟာ ဆေး၀ါး ထုတ်လုပ်ရေးနဲ့ သုတေသန အတွက်ဖြစ်ပြီး ဒီအဖွဲ့ရဲ့ ကျေးဇူးကြောင့် လူ့အသက် သန်းပေါင်းများစွာကို ကယ်တင် နိုင် ခဲ့တဲ့ သာဓကတွေရှိတယ်ဗျ။
= (8)ဂဏန်းသမားအတော်များများဟာ သူများကို ဒုက္ခမပေးတတ်ကြတာများပေမယ့် သူတို့ကို ဒုက္ခပေးလာသူများကိုတော့ ပြန်ပြီး လက်စားချေရမှ ကျေနပ် သူများဖြစ်တယ်။ သွေးအေးအေး၊ ခေါင်းအေးအေးနဲ့ စနစ်တကျ အကွက်ချပြီး တန်ပြန် ထိုးနှက်တတ်ကြတယ်။
= သူတို့ဟာ နဲနဲတော့ ပေါင်းဖို့သင်းဖို့ ခက်ခဲသူတွေဖြစ်တတ်တယ်။ လူ့ဂွစာတွေလည်း ပါတတ်တယ်။ အကြောင်းသိသွားရင်တော့ အလွန်ပေါင်းလို့ သင်းလို့ ကောင်းတဲ့သူတွေ ဖြစ်တယ်။ ကိုယ့်မိတ်ဆွေကောင်းတွေအပေါ်မှာ သစ္စာရှိတတ်ကြသူများဖြစ်တယ်။
= (8)ဂဏန်းသမားတွေဟာ ထိပ်ဆုံးကို ရောက်လာရင် လွယ်လွယ်နဲ့ ပြန်လည် ကျဆုံးသွားဖို့ မလွယ်လှဘူး။ ဒီနေရာမှာ တော့ (4)ဂဏန်းသမားတွေနဲ့ ဆန့်ကျင် ဘက်ဘဲ။ (4)ဂဏန်းသမားတွေက “ကနေ့သူဌေး၊ မနက်ဖြန်ခွေး” ဆိုတာမျိုး မကြာခဏဖြစ်တတ်တယ်။
= သူတို့တစ်တွေဟာ လူကြည့်ရင် သိပ်အထင်ကြီးစရာမရှိပေမယ့် အလွန်လိမ္မာပါးနပ်ကြသူများဖြစ်တယ်။ ရေှ့ရေးကို ကြိုတင် သိမြင်တတ်ပြီး အနာဂါတ်မှာ ဖြစ်လာမှာ တွေကို တွက်ချက်တဲ့ နေရာမှာ အလွန်တော်သူတွေဖြစ်တယ်။
(8)ဂဏန်းသမားတွေရဲ့ အိမ်ထောင်ရေး၊ အချစ်ရေး
(8)ဂဏန်းသမားတွေဟာ အချစ်ရေး နဲ့ အိမ်ထောင်ရေးမှာ
အေးစက်စက် နိုင်ကြသူများဖြစ်တတ်တယ်။ သူတို့ဟာ သူတို့အချစ်ကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ် ပြသလေ့မရှိတတ်ကြဘူး။ အချစ်ရေး အိမ်ထောင်ရေးတွေမှာ သစ္စာရှိတတ် ကြသူများဖြစ်တယ်။ ဒါပေမယ့် (26)ရက်ဖွား တွေ ကျတော့ သစ္စာတရား သိပ်တန်ဖိုးမထားတတ်ကြ ပြန်ဘူးဗျ။ ဒါပေမယ့် အိမ်ထောင့်၀တ္တရားတော့ ကျေပွန်ကြတဲ့ သူတွေဖြစ်ကြပြန်တယ်။
နောက်တစ်ခုက သချင်္ာသဘောအရ (8)ဂဏန်းနဲ့ တည့်တဲ့ ဂဏန်း ရှားပါတယ်။ (1)ဂဏန်း , တနင်္ဂနွေဂြိုဟ်ဆိုတဲ့နေမင်းကို ဖက်ပြိုင်တုပနိုင်စွမ်းရှိတာ (8)ဂဏန်းဘဲရှိတော့ သူနဲ့လည်း မတည့်ဘူး။ (2)ဂဏန်းသမားကျတော့ အလွန်အားပျော့တဲ့အတွက် သူလုပ်သမှျ ခံရမယ့် ဂဏန်းမျိုးဖြစ်တယ်။ ကြာသပတေးဂြိုဟ် (3)ဂဏန်း သမားကျတော့ ဘုရားသခင်၊ တရားဓမ္မကို အစိုးရတဲ့ဂြိုဟ်ဖြစ်ပြီး (8)ဂဏန်းက မိစ္ဆာဂြိုဟ် အမှတ်အသားဖြစ်တော့ မတည့်ပြန်ဘူး။ လူချင်းတည့်ချင်တည့်မယ်။ ဓာတ်မတည့်ဘူး။
(4)ဂဏန်း သမားနဲ့ ကျတော့ ကမ္ဘာရန်။ အဲ- (5)ဂဏန်းသမားကတော့ အားလုံးနဲ့ မိတ်ဖြစ်အောင် ပေါင်းနိုင်တော့ တည့်တယ်လို့ ဆိုရမယ်။ (6)ဂဏန်းသမားတွေကလည်း ငြိမ်းချမ်းရေးသမားတွေ ဆိုတော့ (8)ဂဏန်းကို သည်းခံနိုင်စွမ်းရှိတယ်။ (7)ဂဏန်းသမား နဲ့လည်း သဟဇာတ ဖြစ်တာကိုတွေ့ရပြန်ပါတယ်။ (8)ဂဏန်းသမားခြင်းလည်း မဆိုးပါဘူး။
(9)ဂဏန်းနဲ့ကျတော့ စနေ အင်္ဂါ တွဲမိရင် ဘေးဥပဒ်ဆိုးတွေ၊ သွေးထွက်သံယိုမွုတွေ အနိဌာရုံတွေ ဖြစ်နိုင်ပြန်ပါရော။
ဒီတော့ (8)ဂဏန်းနဲ့ လောက်လောက်လားလား တည့်တာဆိုလို့ (5)(6)(7) နဲ့ သူနဲ့ မျိုးတူ (8) ဘဲဆိုရမယ်ဗျ။ ဒီနေရာမှာတော့ ကျွန်တော့် အယူအဆ တွေက ဂဏန်းဗေဒင် စာအုပ်ထဲတွေ ထဲကနဲ့ ကွဲလွဲမွုတွေ ရှိနိုင်တယ်။ ဒါပေမယ့် ကျွန်တော်က လက်တွေ့လေ့လာပြီးမှ ပြောတာဆိုတော့ သိပ်မယုံရင် ကိုယ်တိုင် ကွင်းဆင်း လေ့လာကြပေတော့ဗျာ။
(8)ဂဏန်းသမား (၃)မျိုးရဲ့ သီးခြား စရိုက်လက္ခဏာတွေ
အင်္ဂလိပ် (8)ရက်နေ့မှာ မွေးတဲ (8) ဂဏန်းကတော့ “ထီးတည်း” ဂဏန်းသမားတို့ရဲ့ထုံးစံအတိုင်း ပေါင်းရ၊ သင်းရ ကြပ်တတ်တယ်။ နဲနဲ ဂွကျကျ လူစားမျိုးတွေဘဲ။ အလုပ်ကြိုးစားတယ်။ ဇွဲနဘဲ ကြီးတယ်။ ဆိတ်ဆိတ်ငြိမ်ငြိမ် နေတတ်တယ်။ အပြောအဆိုတိုတောင်းတတ်တယ်။ မာယာ ပရိယာယ် မရှိတတ်ဘူး။ ကျေးဇူးတရားကိုလည်း အလွန်သိတတ် သူများဖြစ်တယ်။ ကပ်စေးနဲ လက်ပေါက်ကပ်သူများလည်း ဖြစ်တတ်တယ်။ လူအများနဲ့ ဒွေးရော ယှက်တင် နေလေ့ မရှိတတ် ကြဘူး။ တစ်ချို့ဆိုရင် “အလုပ်စွဲ ရောဂါ” စွဲကပ်နေသူများတောင် တွေ့ရပါတယ်။
= အင်္ဂလိပ်ရက် (17)ရက်နေ့မှာ မွေးတဲ့သူတွေကတော့ (8)ဂဏန်းသမားတွေထဲမှာ “ရှယ်” လို့ဆိုရမှာပေါ့ဗျာ။ ကမ္ဘာကျော်တဲ့ (8)ဂဏန်း သမားတွေကလည်း (17)ရက်ဖွားတွေ ပိုများတယ်ဗျ။ ဒီနေရာမှာ ကျွန်တော်ပြောချင်တာတစ်ခုက “ဂဏန်းဗေဒင်ဟာ တားရော့ကဒ်တွေနဲ့ သွားပြီး ဆက်စပ်ရုံမှျမက တားရော့ကဒ်ဂဏန်းတွေရဲ့ လွွမ်းမိုးမွုကို အများဆုံး ခံရတဲ့ သဘော” ကို သွားတွေ့တယ်ဗျ။
ဂဏန်းဗေဒင်ပညာကို တဖက်ကမ်းခတ် ကျွမ်းကျင်တတ်မြောက်ချင်ရင် “တားရော့” ကို လုံး၀ လက်လွွတ်လို့ မရဘူး။ ပိုင်နိုင်ဖို့ လိုတယ်။ (17)ဂဏန်းဟာ တားရော့ကဒ်မှာ “The Star , သောကြာကြယ်” ဆိုတဲ့ ဂဏန်းကဒ်ဖြစ်တယ်။ “မေှာ်ဆရာရဲ့ကြယ်” လို့လည်း ခေါ်တယ်။ ဒီကဒ်ဟာ အလွန်အတိတ်နိမိတ်ကောင်းတဲ့ ကဒ်ဖြစ်တယ်။ ဂမ္ဘီရ ပညာရပ်တွေနဲ့လည်း ပတ်သက် နေတဲ့ဂဏန်း ဖြစ်တယ်။
ဒါကြောင့်မို့ (8)ဂဏန်းသမားတွေထဲမှာ (17)ရက်ဖွားတွေဟာ ဉာဏ်ပညာထက်မြက်ခြင်း၊ လူချစ်လူခင် များခြင်း၊ အများအကျိုး ဆောင်ရွက်တတ်ခြင်း၊ ရိုးသား ဖြောင့်မတ်ခြင်းဆိုတဲ့ ဂုဏ်တွေ နဲ့ ပြည့်စုံကြတယ်ဗျ။ သူတို့ဟာ လူအများ အကျိုး ဆောင်ရွက်သူတွေ များကြပြီး ဒုက္ခပေးမွု အလွန်နည်းကြတယ်။ လှျုိ့၀ှက်နက်နဲတဲ့ ပညာရပ်တွေကို လိုက်စား တတ်ကြတယ်။ အတွေး အခေါ် ဒဿနလည်း မြင့်မားကြတယ်ဗျ။ နောက်ပြီး Current of Destiny လို့ခေါ်တဲ့ မွေးတဲ့ ခုနှစ်ဂဏန်း (17)ရတဲ့လူတွေဟာ ဆရာသမား အကြီးအကဲတွေ ဖြစ်ကြပြီး တပည့်တပန်း အလွန်များတတ်ကြတယ်။ ဥပမာ- 1952 လို ဂဏန်းမျိုးပေါ့ဗျာ။ နောက်ပြီး (17) ဂဏန်းဟာ ဥပစ္ဆေဒက ကံကို အကာအကွယ်ပေးနိုင်တဲ့ ဂဏန်းဖြစ်ပြီး မွေးဂဏန်း (17)ရသည်ဖြစ်စေ၊ မွေးခုနှစ် (17)ရသည် ဖြစ်စေ အသေဆိုးနဲ့ သေတာ အလွန့်အလွန်နည်းတာကို တွေ့ရ တယ်ဗျ။
= (26)ရက်မွေးတဲ့ (8)ဂဏန်းသမားတွေကတော့ တစ်ကိုယ်ကောင်း နဲနဲဆန်ချင်ပြီး လှျုိ့၀ှက်မွုတွေ ရှိတယ်ဗျ။ သူတို့ဟာ အာဏာရှင်ဆန်ပြီး တစ်ဖက်သားအပေါ် လွွမ်းမိုးလို သူများလည်းဖြစ်တယ်။ စကားပြောရင် နဲနဲ ဂွတိုက်ပြောချင်တဲ့သဘော၊ လေှာင်ပြောင်ပြောချင်တဲ့ သဘောတွေရှိတယ်။ အိမ်ထောင်ရေး၊ အချစ်ရေးမှာတော့ ကျန်တဲ့ (8)ဂဏန်း သမားတွေနဲ့ ယှဉ်ရင် မျက်နှာများ တတ်တယ်။ ဖောက်ပြန်လွယ်တယ်။ အိမ်ထောင်ဆက်လည်း များသွားနိုင်တယ်။ ငယ်စဉ်ကာလမှာ ခက်ခဲကြမ်းတမ်း တဲ့ ဘ၀မျိုးကို ဖြတ်သန်း ပြီးမှ အောင်မြင်လာတတ်တယ်။ ဒီနေရာမှာ ကျွန်တော် သွားတွေ့မိတာက (8)ဂဏန်းသမား အတော် များများဟာ အိုဇာတာ ကောင်းတတ်ကြတယ်ဗျ။ (26)ဂဏန်း သမားတွေ တစ်ခုသတိထားရမှာက Accident ပါဘဲ။ Current of Destiny ဆိုတဲ့ မွေးခုနှစ် မကောင်းရင် ဥပစ္ဆေဒကံ ရှိသူများဖြစ်တယ်။
ကမ္ဘာကျော်တဲ့ (8)ဂဏန်းသမားများ
ကမ္ဘာကျော် (8)ဂဏန်းသမားတွေကတော့ – ဗြိတိသှျ နန်းရင်း၀န် အကျော်အမော် “လွိုက်ဂျော့” က (17)ရက်ဖွား၊ အမေရိကန် သန်းကြွယ်သူဌေးကြီး ဂျွန်ပီးယားပွန့် မော်ဂန် (စီနီယာ)က (17)ရက်ဖွား၊ အာရေဗျသဲကန္တာရမြေခွေးလို့ နာမည်ရတဲ့ ဗြိတိသှျ စစ်ဗိုလ်ချုပ်ကြီး “မောင့်ဂိုမာရီ” က (17)ရက်ဖွား၊ ဟေလီ ကြယ်တံခွန်ကို ရှာတွေ့ခဲ့တဲ့ နက္ခတ်ပညာရှင် “အက်ဒမွန် ဟေလီ” က (8)ရက်ဖွား၊ အင်ဒိုနီးရှား အာဏာရှင်ဟောင်း ဆူဟာတို က (8)ရက်ဖွား၊ မြန်မာနိုင်ငံထဲက ဂျပန်တွေကို မောင်းထုတ်တဲ့နေရာမှာ အရေး ပါခဲ့ပြီး လေယာဉ်ပျက်ကျ ကွယ်လွန်သွားတဲ့ ဗိုလ်ချုပ် “အော်ဒီ ၀င်းဂိတ်” က (26)ရက်ဖွား၊ ဟောလီး၀ုဒ်မင်းသားကြီး “ဂျွန်၀ိန်း” က (26)ရက်ဖွား၊ အော်စကာဆုတွေ အကြိမ်ကြိမ် ရခဲ့တဲ့ မင်းသား “ဒတ်စတင် ဟော့ဖ်မန်း” က (8)ရက်ဖွား၊ သေဒဏ်ပေးခံရတဲ့ ရူမေးနီးယားသမ္မတ “နီကိုလပ်စ် ချောင်စက်စကူ” က (26)ရက်ဖွား၊ ဘက်စကတ်ဘော ချန်ပီယံ “မိုက်ကယ်ဂျော်ဒန် ” က (17)ရက်ဖွား၊ သဘောထား ပျော့ပြောင်းတဲ့ ဆိုဗီယက်အာဏာရှင်တစ်ဦးဖြစ်တဲ့ “နီကီတာ ကရူးရှက်ဗ်” က (17)ရက်ဖွား၊ ဟောင်ကောင်နဲ့ ဟောလီ၀ုဒ် အက်ရှင် မင်းသား “ဂျက်လီ” က (26)ရက်ဖွား၊ တင်းနစ်ချန်ပီယံ “ရော်ဂျာဖက်ဒရာ” က (8)ရက်ဖွား၊ ဂျာမန် ဘောလုံးစတား “မိုက်ကယ်ဘောလက်” က (26)ရက်ဖွား၊ နောက်စတား တစ်ယောက်ဖြစ်တဲ့ “ဂျိုလ်ကိုးလ်” က (8)ရက်ဖွား၊ မော်ဒယ် “ပဲရစ် ဟီလ်တန်” က (17)ရက်ဖွား၊ ဟာသမင်းသား “ဂျင်ကာရေး” က (17)ရက်ဖွား၊ အက်ရှင်မင်းသား “ကာ့တ်ရပ်ဆဲလ်” က (17)ရပ်ဖွား၊ ကမ္ဘာကျော် ဂီတပညာရှင်ကြီး “ဗီသိုဗင်” က (17)ရက်ဖွား၊ အမေရိကန်နိုင်ငံတည်ထောင်ရာမှာ ပါ၀င်ခဲ့သူ ပညာရှိကြီး “ဘင်ဂျမင်ဖရင်ကလင်” က (17)ရက်ဖွား၊ တစ်ချိန်က “ရော့အင်ရိုးလ်” နဲ့ တေးဂီတနဲ့ ကမ္ဘာကျော်ခဲ့တဲ့ “အဲလ်ဗစ် ပရက်စလေ” က (8)ရက်ဖွား၊ အတွေးအခေါ်ပညာရှင်နဲ့ စာရေးဆရာကြီး “ဂျော့ဘားနတ်ရေှာ” က (26)ရက်ဖွား၊ ဒုတိယကမ္ဘာစစ် ဗိုလ်ချုပ်ကြီး မက်အာသာ က (26)ရက်ဖွား၊ လက်ေ၀ှ့အကျော်အမော် “မိုဟာမက်အလီ” က (17)ရက်ဖွား၊ တရုပ်နီ ခေါင်းဆောင်ကြီး “မော်စီတုန်း” က (26)ရက်ဖွား၊ “ဆိုနီ” အမှတ်တံဆိပ်ရဲ့ ဖခင်ကြီး “မိုရိတ အကီယို” က (26)ရက်ဖွား၊ အမေရိကန် သူကြွယ်ကြီး “ဂျွန်ဒီ ရောက်ဖဲလား” က (8)ရက်ဖွား၊ အမေရိကန်သမ္မတ “ဟယ်ရီ အက်စ် ထရူးမင်း” က (8)ရက်ဖွား၊ “လေရူးသုန်သုန်” ၀တ္တုတစ်ပုဒ်ထဲနဲ့ ကမ္ဘာကျော်ခဲ့ရတဲ့ စာရေးဆရာမ “မာဂရက် မစ်ချယ်” က (8)ရက်ဖွား၊ လူသေသော်လည်း ယနေ့ထိအောင် နာမည်မသေသေးတဲ့ ဗြိတိသှျ ပြဇာတ်စာရေးဆရာကြီး “၀ီလှျံ ရှိတ်စ်ပီယား” က (26)ရက်ဖွား၊ ကမ္ဘာ့ ကြက်ခြေနီ ဖခင်ကြီး “ဟင်နရီ ဒူးနန့်” က (8)ရက်ဖွား၊ သန်းကြွယ်သူဌေး ထိုင်း၀န်ကြီးချုပ်ဟောင်း “သက်ဆင် ရှင်နာ၀ပ်”က (26)ရက်ဖွားတွေဖြစ်ကြပါတယ်။
ဖတ်ရွုသူအားလုံး ကျန်းမာချမ်းသာကြပါစေ။
(၉) ဂဏန်းပိုင်ရှင်များ
အဂ်လိပ်မွေးနေ့ 9 . 18 . 27 ရက်မွေးသူများဟာ ( 9 ) ဂဏန်းသမားများ
ဖြစ်ကြပါတယ်....
(9)ဂဏန်းဟာ ကောင်းတဲ့ နေရာမှာ ကောင်းသလို ဆိုးတဲ့နေရာမှာလည်း အတော်ဆိုးတတ် တယ်ဗျ။ (9)ဂဏန်းကို ဂဏန်းအားလုံးထဲမှာ အကောင်းဆုံး ဂဏန်းလို့ လုံး၀ မယူဆဘူး။ တစ်ကယ်ဆို (9)ဂဏန်းဟာ ကောင်းကျိုး နဲ့ ဆိုးကျိုးမှာ ချိန်ခွင်လှျာ တင်ကြည့်ရင် ဆိုးတဲ့ ဘက်ကတောင် ပိုများတယ်လို့ ပြောချင် ပါတယ်ဗျာ။ သချင်္ာဗေဒ မှာ “ပိုက်သာဂိုးရပ်စ်” ရဲ့ သချင်္ာ နဲ့ ရေှးဟောင်း “ချားလ်ဒီးယန်းသချင်္ာ” ဆိုပြီး (၂)မျိုး ရှိရာမှာ “ပိုက်သာဂိုးရပ်စ်” သချင်္ာမှာ (9)ဂဏန်းကို အသုံးပြုထားပေမယ့် “ချားလ်ဒီးယန်း” သချင်္ာမှာတော့ (9)ဂဏန်းကို ဘုရားသခင်ရဲ့ ဂဏန်း ဆိုပြီး ဘယ်အက္ခရာကို မှ အသုံးပြု မထားတာကို သတိထားမိမှာပါ။ (9)ဂဏန်းဟာ သချာင်္ဗေဒမှာ “အင်္ဂါဂြိုဟ်” ပိုင်တဲ့ ဂဏန်းဖြစ်တယ်။ အင်္ဂါဂြိုဟ် ဟာ ရောမဒဏ္ဍာရီမှာ “စစ်နတ်ဘုရား”လို့ သတ်မှတ်ပြီး စစ်ပွဲများ၊ တိုက်ခိုက်မွုများ၊ အကြမ်းဖက်မွုများ၊ အဓိကရုဏ်းများ၊ သွေးထွက်သံယိုမွုများ၊ မီး , လှျပ်စစ် နဲ့ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းများ၊ ဒါး၊ လှံများလို ချွန်ထက် တဲ့ ပစ္စည်းများ၊ စက်ကရိယာ ပစ္စည်းများနဲ့ ကပ်ရောဂါများ၊ ဘေးဆိုးအန္တရာယ်များ နဲ့ သက်ဆိုင်နေတဲ့ ဂဏန်းဖြစ်ပါတယ်။ ဒါကြောင် ့ ဇာတာတစ်စောင်မှာ အင်္ဂါဂြိုဟ် အားကောင်းတဲ့ သူများဟာ စစ်ဘက်၊ စက်မွုလက်မွုဘက်၊ ဆေးပညာဆိုင်ရာ(အထူးသဖြင့် ခွဲစိတ်ကုသခြင်း) တွေမှာ အကျိုးပေး၊ ထူးချွန်တတ်သူတွေ များတယ်ဗျ။
ဒါပေမယ့် အင်္ဂါဂြိုဟ်ဟာ ကျန်တဲ့ ဂြိုဟ်တွေနဲ့ အမြင်အယှဉ် ဆက်သွယ်မွု မကောင်းပြန်ရင်လည်း ဘ၀မှာ Accident တွေဖြစ်ခြင်း၊ သွေးထွက်သံယို ဖြစ်ခြင်း၊ ခွဲစိတ်ကုသခံရခြင်းတွေ ဖြစ်တတ်တယ်ဗျ။ အင်္ဂါဂြိုဟ်ဟာ ယောကျင်္ားတွေကို ကိုယ်စားပြုတဲ့ “အဖို” သင်္ကေတ ဖြစ်ပြီး သောကြာဂြိုဟ်ကတော့ အမျိုးသမီးတွေကို ကိုယ်စားပြုတဲ့ “အမ” သင်္ကေတ ဖြစ်တယ်။ ရောမ ဒဏ္ဍာရီတွေမှာတော့ သောကြာဂြိုဟ်အရှင်မ “ဗီးနပ်စ်” အင်္ဂါဂြိုဟ် “မားစ်” ရဲ့ ကြင်ယာတော် ဖြစ်တယ်လို့ သတ်မှတ်ကြတယ်။
လက်ရိုး နက္ခတ်ဗေဒင်ပညာမှာဘဲ ဖြစ်ဖြစ်၊ လက်ဆန်းဗေဒင်မှာဖြစ်ဖြစ်၊ ဂဏန်းဗေဒင်မှာ ဖြစ်ဖြစ် အင်္ဂါဂြိုဟ် အားနည်းရင် မိန်းမသားတွေမှာ အိမ်ထောင်ရေးကံ ညံ့တတ်ကြတယ်ဗျ။ ယောကျင်္ားကောင်း မရတတ်ကြဘူး။ အင်္ဂါဂြိုဟ်ဟာ မိန်းမသား တွေအတွက် အိမ်ထောင်ရေးမှာ အတော်ကို ဒုက္ခပေးနိုင်တဲ့ ဂြိုဟြ်ဖစ်တာကို ကျွန်တော်ရေးခဲ့ပြီး “အင်္ဂါဂြိုဟ်နဲ့ အိမ်ထောင်ရေး” ပိုစ့်မှာ သွားဖတ်ကြည့်ရင် ပိုကောင်းမယ်ဗျ။ (ဖတ်ချင်ရင် ဒီနေရာကို Click လုပ်ပါ)။ (9)ဂဏန်းသမား တွေရဲ့ ထူးခြားချက်တွေကတော့-
= များသောအားဖြင့် ပထမ အရွယ်မှာ ညံ့တတ်တယ်။ ကိုယ်မွေးပြီး မိဘတွေ အိမ်ထောင်ရေး၊ စီးပွားရေး ကသောင်းကနင်းဖြစ်တတ်တယ်။ ဒါမှမဟုတ် ကိုယ်ကိုယ်တိုင် ကျန်းမာရေး အလွန်ညံ့တတ်တယ်။
= အင်္ဂါဂြိုဟ် စိုးမိုးသူများ ပီပီ (9) ဂဏန်းသမားတွေဟာ “တုန်းဆိုတိုက်၊ ကျားဆိုကိုက်” သမားတွေ ဖြစ်တယ်။ စဉ်းစားတွေေ၀ ချင့်ချိန်မွု နည်းတယ်။ စိတ်လောကြီးပြီး အရင်လို တတ်ကြသူများ ဖြစ်ကြတယ်။ စိတ်ရှည်သည်းခံနိုင်စွမ်း နည်းတယ်။ ရုပ်၀ါဒီ သမားတွေ များတယ်။ အပြိုင်အဆိုင်စိတ် ရှိတယ်။ အတိုက်အခံ ပြုလိုစိတ် ရှိတယ်။ ဘာသာရေးဖက်မှာ အားနည်း တတ်ကြတယ်။ ဒါပေမယ့် ဘာသာရေးဖက်ကို လုပ်မိပြီဆိုရင်လည်း အလွန်အကျွံ လုပ်တတ် ကြပြန်တယ်။ ပြင်းပြင်းထန်ထန် လုပ်တတ်ကြတယ်။ မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ ရဟန်းသံဃာတော်တွေထဲမှာ (9)ဂဏန်းသမား အတော်များတယ်ဗျ။
= (9)ဂဏန်းသမားများဟာ ကိုယ်မှန်တယ်ထင်ရင် နောက်မဆုတ်တတ်သူများ ဖြစ်တာကြောင့် အငြင်းအခုန်သန်သူများ၊ ခိုက်ရန်ဖြစ်ပွား လွယ်သူများ၊ လူချစ်လူခင်မများသူများ အဖြစ် အများဆုံး တွေ့ရတတ်တယ်။ သူတို့ဟာ သူများအကြံပေးချက်၊ တိုက်တွန်းချက် များကို ထည့်သွင်းစဉ်းစားလေ့ မရှိဘဲ ကိုယ့် ဆုံးဖြတ်ချက်ကိုသာ ကိုယ်ယုံကြည်ကြသူများ ဖြစ်ကြတယ်။ ကိုယ့် ဆုံးဖြတ်ချက်အတိုင်း လုပ်လို့ အမှားတွေ့ကြရင်လည်း နောင်တရလေ့ မရှိကြပါဘူး။ နောင်တ ရရင်လည်း ကိုယ့်စိတ် ထဲမှာဘဲ ကိုယ်ထားပြီး သူများကို ဖွင့်ဟ မပြောတတ်ကြပါဘူး။ သူတို့ဟာ သူတို့ အမှားကို ၀န်ခံလေ့ မရှိတတ်ကြ တဲ့ လူစားမျိုးတွေဖြစ်တယ်။ “ကျွန်တော်/ကျွန်မ သိပ်မှားသွားပါတယ်” ဆိုတဲ့ စကားမျိုးကို (9)ဂဏန်းသမားတွေ ဆီက ကြားရခဲပါတယ်။
= (9)ဂဏန်း သမားတွေထဲမှာ အစွန်းရောက်သူတွေ သိပ်များတယ်။ တစ်ချို့ကျပြန်တော့လည်း ကိုယ်ကျိုးလုံး၀ဆို လုံး၀မကြည့်ဘဲ အများအကျိုး သက်သက်သာ ဆောင်ရွက်နေသူတွေဖြစ်ပြီး၊ တစ်ချို့ကျပြန်တော့လည်း “ဘယ်သူသေသေ၊ ငတေမာပြီးရော” သမားတွေ ဖြစ်တတ်တယ်။ ဥပမာနွိုင်းယှဉ်ပြရရင် သူ့ဘ၀တစ်ခုလုံးကို လူမွုရေး အကျိုးသက်သက် အတွက်နဲ့ ရှင်သန်သွားတဲ့ မဟာဂရုဏာရှင် “မာသာထရီဇာ” ဟာ (27)ရက်နေ့မှာ မွေးတဲ့ (9)ဂဏန်း ပိုင်ရှင်ဖြစ်ပြီး ၊ ပြည်သူ သန်းပေါင်းများစွာကို လှျုိ့၀ှက်စွာ သတ်ဖြတ်ခဲ့တဲ့ ဆိုဗီယက် အာဏာရှင်ဟောင်း “စတာလင်” ဟာလည်း (18)ရက်နေ့ မွေးတဲ့ (9)ဂဏန်း ပိုင်ရှင်ဘဲ ဖြစ်ပါတယ်။ ဒါပေမယ့် (18) ဂဏန်း နဲ့ (27)ဂဏန်းဟာ (9)ခြင်း တူပေမယ့် ကွာခြားချက်တွေ အများကြီး ရှိတာကို ဆက်ပြီး ဖတ်ရပါမယ်။
=(9)ဂဏန်းသမားတွေဟာ ဘ၀ကို သက်သက်သာသာ ငြိမ်းငြိမ်းချမ်းချမ်း ဖြတ်သန်းရသူတွေ မဟုတ်ကြပါ။ အမြဲတမ်း ပြဿနာ၊ ဒုက္ခ၊ အခက်အခဲ၊ အန္တရာယ်တွေ နဲ့ ရင်ဆိုင်နေရပါတယ်။ လူ လူချင်း ပြိုင်ဆိုင် တိုက်ခိုက်ခံရတဲ့ ပြဿနာတွေ ရှိသလို ရန်သူမျိုး(၅)ပါးဘေး၊ သဘာ၀ ဘေးဥပဒ် ဘေးများနဲ့လည်း မကြာခဏ ကြုံရတတ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ ခံနိုင်ရည် မြင့်မားသူတွေဖြစ်ပြီး အဆိုးဆုံး အခြေအနေထဲမှာ တောင်မှ အကောင်းဆုံးဖြစ်လာမှာကို မေှျာ်လင့်ချက် အပြည့် ရှိတဲ့သူတွေ ဖြစ်ကြပါတယ်။ လွယ်လွယ် နဲ့ နောက်ဆုတ်တတတ်ကြသူများ မဟုတ်ဘူး။
= သူတို့ဘ၀ဟာ ကိုယ့်ကို အတိုက်အခံပြုသူ ၊ အပြိုင်အဆိုင် ပြုသူတွေ အမြဲရှိတတ်တယ်။ ရန်သူ များတတ်တယ်။ နောက်ပြီး သူတို့ ကိုယ်တိုင်ကလည်း ပြိုင်ဘက်တွေကို အတိုက်အခံ ၊ အပြိုင်အဆိုင် ပြုလိုစိတ် ပြင်းထန်သူတွေဖြစ်တယ်။ “ဂျိုကုပ်ရှိရာ၊ ဂျိုထောင်မလာ” ဆိုတဲ့ စကားလိုပေါ့ဗျာ။ (9)ဂဏန်း သမား အတော်များများဟာ ယဉ်ကျေးသိမ်မွေ့မွု သိပ်မရှိကြဘဲ “ငါ့ စကား၊ ငါ့နွားရ” ပြောတတ်ကြသူ၊ ဘေးကျကျ ပြောတတ်ကြသူများဖြစ်လို့ သူတို့ အကြောင်း မသိရင် အတော်ပေါင်းရ ခက်သားလားဗျ။ တစ်ချို့ စကားပြော ယဉ်ကျေးတဲ့ (9)သမားတွေလည်း ရှိပါတယ်။ ဒါပေမယ့် စကားပြောသာ မရိုင်း ပေမယ့် “အကြောကတော့ အတော်မာတယ်” ပြောရမယ်ဗျ။ “ပျော့ပျော့လေး နဲ့ နံတဲ့ ကြောင်ချီး” သမားတွေပေါ့ဗျာ။ သူတို့ကို အကြံပေးလို့ မရဘူးဗျ။ သူတို့ လုပ်ချင်ရာ လုပ်တတ်တဲ့ လူစားမျိုးတွေ။
= အချစ်ရေး၊ အိမ်ထောင်ရေး ဘ၀မှာတော့ (9)ဂဏန်းသမားတွေဟာ ယောကျင်္ားတွေ နဲ့ မိန်းမတွေဟာ ပြောင်းပြန် အကျိုးပေးတတ်ကြပါတယ်။ ယောကျင်္ားလေး (9)သမားတွေဟာ ယေဘူယျ အိမ်ထောင်ရေး ကောင်းမွန်ပြီး၊ မိန်းကလေး (9)သမားတွေ ကျတော့ ယေဘူယျ အိမ်ထောင်ရေး ညံ့တတ် ကြပါတယ်။ သချင်္ာဗေဒမှာ (4)ဂဏန်း အခြင်းခြင်း အိမ်ထောင်မပြုသင့်သလို (9)ဂဏန်း အချင်းချင်းလည်း အိမ်ထောင်မပြုသင့်ပါဘူး။ အတွေ့ရများတာ ကတော့ (9)ဂဏန်း သမားခြင်း အိမ်ထောင်ပြုရင် အလွန် ဆင်းရဲဒုက္ခ ရောက်တတ်ပါတယ်။ စီးပွားရေး အလွန်ညံ့တတ်ပါတယ်။ လူချင်းကတော့ သင့်မြတ် အဆင်ပြေကြတာ များပါတယ်။
= (9)ဂဏန်း သမားတွေဟာ လူလူခြင်း အပေါ်မှာ အကောင်းမြင်၀ါဒ နည်းတတ်ကြပါတယ်။ အထူးသဖြင့် ဆွေမျိုး သားချင်းများ နဲ့ အမြဲလို မသင့်မတင့် ဖြစ်နေကြသူများ ဖြစ်တတ်ကြပါတယ်။ (9)သမား အတော်များများဟာ လူချစ်လူခင် နည်းတတ်ကြပါတယ်။ ဒါကြောင့် တစ်ကယ် ဒုက္ခရောက်ပြီ ဆိုရင် ကယ်မယ့်သူမရှိ၊ ယူမယ့်သူ မရှိ ဖြစ်ရတတ်တာကို အထူးသတိပြုစေချင်ပါတယ်။
= (9)ဂဏန်း သမားတွေဟာ ဇွဲသတ္တိကောင်းတယ်။ အပင်ပန်းခံနိုင်တယ်။ အကြံကြီးပြီး ဘ၀တိုးတက်အောင်မြင်ရေးကို အမြဲ ကြိုးစားနေကြသူများ ဖြစ်ပေမယ့် လူမွုဆက်ဆံရေး ပြေပြစ်မွု နည်းပါးခြင်း၊ သူ့ဖက်ကိုယ့်ဖက် မှျတတဲ့ အမြင် နဲ့ လုပ်ရပ်တွေ မှာ အားနည်းခြင်း၊ တတ်သိ နားလည်သူတို့ရဲ့ အကြံပေးချက်များကို လိုက်နာမွု မရှိခြင်းတွေကြောင့် ဘ၀မှာ အောင်မြင် သင့်သလောက် မအောင်မြင်ကြတာ များတယ်ဗျ။
(9)ဂဏန်း နဲ့ (7) ဂဏန်းဟာ ကမ္ဘာရန်ပါဘဲ။ ဒါကြောင့် (9)ဂဏန်းသမားတွေဟာ ပေါင်းလိုက်ရင် (7)ဂဏန်း ကျတဲ့ အသက်ပိုင်းတွေ (ဥပမာ- 34နှစ်)၊ (7)ဂဏန်းပါတဲ့ အသက်ပိုင်းတွေ (ဥပမာ-47)တွေမှာ ကျန်းမာရေး၊ လူမွုရေး၊ စီးပွားရေးတွေ ထိခိုက်တတ်တယ်။ (9)ဂဏန်း နဲ့ နောက်ထပ် မတည့်တာက (8)ဂဏန်း။ (9)ဂဏန်းက အင်္ဂါဂြိုဟ် ၊ (8)ဂဏန်းက စနေဂြိုဟ်။ ဒီဂြိုဟ်နှစ် လုံးပေါင်းမိရင် မီးလောင်ခြင်း၊ ပေါက်ကွဲခြင်း၊ သွေးထွက်သံယိုဖြစ်ခြင်း၊ ဆူပူအကြမ်းဖက်မွုများဖြစ်ခြင်း၊ သဘာ၀ဘေးဥပါဒ်များနဲ့ Accident မျိုးစုံကို ဖြစ်စေ နိုင်တာကို သတိပြုရမယ်။ နောက်မတည့်တဲ့ ဂဏန်းကတော့ (4)ဂဏန်းပေါ့ဗျာ။ (4)ဂဏန်း နဲ့ (9)ဂဏန်း နှစ်ခု ပေါင်းစုံမိရင်လည်း Accident တွေ၊ ဘေးဥပဒ်တွေ၊ သွေးထွက်သံယိုမွုတွေ ဖြစ်နိုင်တယ်ဗျ။ ဒါကြောင့် (9)ဂဏန်း၊ (8)ဂဏန်း နဲ့ (4) ဂဏန်း ဆိုတဲ့ ဂဏန်း (၃)လုံး ပေါင်းစည်း မိပြီဆိုရင် ကြောက်စရာကောင်းတဲ့ ဘေးဥပဒ်တွေ ဖြစ်စေ နိုင်တယ်ဗျ။ (9)ဂဏန်း သမားတွေဟာ (1)ဂဏန်း၊ (3)ဂဏန်း၊ (5)ဂဏန်း၊ (6)ဂဏန်းများနဲ့တော့ တည့်ပြီး (2)ဂဏန်း သမားနဲ့ ဥဒါသိန် လို့ ခေါ်တဲ့ အလယ်အလတ် ဂဏန်းပေါ့ဗျာ။
= (9)ဂဏန်းသမားတွေနဲ့ အကျိုးပေးတဲ့ အလုပ်တွေကတော့ စစ်ဘက်၊ ဆေးဘက်၊ ဆရာ၀န်၊ သူနာပြု ၊ အင်ဂျင်နီယာ၊ ယာဉ်စက်ကရိယာလုပ်ငန်းများ၊ မီးလှျပ်စစ်နှင့် တိုက်ရိုက်ထိတွေ့ရသော လုပ်ငန်း၊ ရွွေလုပ်ငန်း၊ သတ္တုလုပ်ငန်း၊ ဆေး၀ါး ထုတ်လုပ် ရောင်း၀ယ်ခြင်း၊ အားကစား နှင့် ဆက်နွယ်နေသော လုပ်ငန်းများ၊ ချွန်ထက်သော လက်နက်များ၊ ဒါးများ ကတ်ကြေးများ နှင့် ပူးတွဲ လုပ်ကိုင်ရသော လုပ်ငန်းများ အကျိုးပေးပါတယ်။
(9)ဂဏန်း တစ်ခုခြင်းစီရဲ့ ၀ိသေသ လက္ခဏာလေးတွေ
(9)ရက်နေ့မှာ မွေးတဲ့ (9)ထီးတည်း သမားတွေကတော့ ငယ်စဉ်ဘ၀မှာ ခက်ခဲကြမ်းတမ်းမယ်။ ကျန်းမာရေးမကောင်းဖြစ်မယ်။ ကိုယ်မွေးပြီး မိဘတွေ စီးပွားကျတာ၊ အိမ်ထောင်ရေး အဆင်မပြေတာ ဖြစ်တတ်တယ်။ ခေါင်းမာတယ်။ အကြောမာတယ်။ ကိုယ်ဖြစ်ချင်တာကို မဖြစ်ဖြစ်အောင် လုပ်တတ်တယ်။ ပြီးမှ ကောင်းလည်းခံ၊ ဆိုးလည်း ခံ ပေါ့။ သူတစ်ဖက်သားနေရာက ၀င်ပြီးစဉ်းစားတတ်တဲ့ စိတ်သဘောမျိုး နည်းတယ်။ ဆွေမျိုးများနဲ့ မသင့်မတင့် အလွန်ဖြစ်မယ်။ ဒီကြားထဲမှာ မိန်းကလေးဖြစ်ပြီး အင်္ဂါသမီး၊ စနေသမီးတို့ ၊ (၂)ကြွင်း ၊ (၃)ကြွင်း ၊ (၆)ကြွင်းဖွား တွေ ဖြစ်မယ်ဆိုရင်တော့ အိမ်ထောင်ပျက်ခြင်း၊ ကွဲခြင်း၊ မုဆိုးမဖြစ်ခြင်းများ အလွန်ဖြစ်လွယ်ပါတယ်။
= (18)ရက်နေ့ မွေးတဲ့ (9)ဂဏန်းသမားကျတော့ ငယ်စဉ်ဘ၀မှာ ဒုက္ခ၊ ဆင်းရဲ အလွန်များပြီး ချို့ချို့တဲ့တဲ့ နဲ့ ဘ၀ကို စ,တင်ရသူတွေ ပိုများပါတယ်။ ဒါပေမယ့် Current of Destiny လည်းကောင်းရင် ဒုတိယ၊ တတိယ အရွယ်တွေမှာ ကောင်းစားတတ်ပါတယ်။ ဒီနေရာမှာ (9)ထီးတည်း သမားတွေထက် နဲနဲ သာပါတယ်။ (18)ဂဏန်းသမားတွေရဲ့ အားနည်းချက်ကတော့ ကိုယ်ခြင်းစာတရားနည်းပါးတတ်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ အချို့ အလွန် ရက်စက်စွာ ပြုမူတတ်ခြင်းများ ဖြစ်တတ်ပါတယ်။ (အားလုံးတော့ မဆိုလိုပါ)။ Accident နဲ့ သဘာ၀ ဘေးအန္တရာယ်များ ကြုံဆုံလွယ် တတ်ပါတယ်။
= (27) ရက်မွေးတဲ့ (9)ဂဏန်းသမားတွေကတော့ အားလုံးထဲမှာ အကောင်းဆုံးပါဘဲ။ များသောအားဖြင့် လူမွုရေးသမားများ၊ နိုင်ငံရေးသမားများ အဖြစ် တွေ့ရတတ်တယ်။ နာမည်ကျော် ဘုန်းတော်ကြီးတွေမှာလည်း တွေ့ရတတ်တယ်။ (ရဟန္တာ အရှင်မြတ်ကြီးဖြစ်တဲ့ ကျေးဇူးတော်ရှင် မိုးကုတ် ဆရာတော် ဘုရားကြီးဦး၀ိမလ ဟာ (27)ရက်ဖွားဖြစ်ပါတယ်)။ ရဟန်း တော်တွေ ကျင့်အပ်တဲ့ ၀ိနည်းအရာမှာ မော်ကွန်းတင်ရမယ့် အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းဆရာတော် “အရှင်ဇနကာ ဘိ၀ံသ” ဟာဆိုရင်လည်း (27)ရက်ဖွား သာသနာ့ အာဇာနည်ကြီးပါ။ ၀ိနည်း ကို အသက်နဲ့လဲပြီး စောင့်ရေှာက် သွားသူပါ။ ဒီခေတ် ရဟန်းတော်များ အလွန်အတုယူဖွယ် ကောင်းလှပါတယ်။
(27)ရက်ကို သချင်္ာဗေဒပညာမှာ “ရာဇလှံတံ” လို့ အမည်ကင်ပွန်းတပ်ပါတယ်။ လူ့သမိုင်းမှာ တစ်ဦးဆိုတစ်ဦး ပေါ်ထွန်းခဲ့တဲ့ မဟာဂရုဏာရှင် “မာသာထရီဇာ” ဟာလည်း (27)ရက်ဖွားပါဘဲ။ (27)ရက်ဖွားတွေဟာ (9) (18)ဂဏန်းတွေလောက် ရုပ်၀ါဒီ မဆန်ဘဲ နာမ်၀ါဒ နဲ့ ဘာသာရေးဘက်ကို ပိုမို ကိုင်းညွတ်ပါတယ်။ အတွေးအခေါ်လည်း ပိုမိုမြင့်မားပါတယ်။ ဘ၀ ကံဇာတာ အလွန်ကောင်းတတ်ပါတယ်။ အောင်မြင်ကျော်ကြား လွယ်ပါတယ်။ ကမ္ဘာကျော်တဲ့ (9)ဂဏန်းသမား အများစုဟာ (27)ရက်ဖွားတွေဘဲ ဖြစ်နေ တာကို တွေ့ရတယ်ဗျ။
ကမ္ဘာကျော် (9)ဂဏန်း သမားများ
ကမ္ဘာကျော် (9)ဂဏန်းသမားတွေကတော့ – ကဗျာဆရာကြီး လောင်းဖဲလိုး က (27)ရက်ဖွား၊ လုပ်ကြံခံရတဲ့ ဖိလစ်ပိုင် အတိုက်အခံ ခေါင်းဆောင် ဘင်နီနို အကွီနို က (27)ရက်ဖွား၊ အမေရိကန် သမ္မတဟောင်း ရစ်ချတ်နစ်ဆင် က (9)ရက်ဖွား၊ နိုဘယ်ဆုရှင် နယ်လဆင်မန်ဒဲလား က (18)ရက်ဖွား၊ သြစတြီးယား အိမ်ရေှ့မင်းသား ဖရန်စစ်ဖာဒီနန် က (18)ရက်ဖွား၊ နိုဘယ်ဆုရှင် ဂျွန်စတိန်းဘတ် က (27)ရက်ဖွား၊ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဟင်နရီ ကစ်ဆင်းဂျားက (27)ရက်ဖွား၊ မော့စ် ကြေးနန်းစနစ်ကို တီထွင်ခဲ့သူ ဆင်မြူရယ် မော့စ် က (27)ရက်ဖွား၊ အာကာသထဲကို ပထမဆုံး ရောက်ခဲ့သူ ယူရီဂါဂါရင် က (9)ရက်ဖွား၊ ဆွံအ နားမကြား၊ မျက်မမြင်ဘ၀နဲ့ ပါရဂူဘွဲ့ တွေယူနိုင်ခဲ့တဲ့ ဟယ်လင်ကယ်လား က (27)ရက်ဖွား၊ ဂျာမန် နက္ခတ်ပညာရှင် ကတ်ပလာ က (27)ရက်ဖွား၊ အက်ရှင်မင်းသား ဂျင်းကလောက် ဗန်ဒိန်း က (18)ရက်ဖွား၊ ဟောလီး၀ုဒ် မင်းသားတွေဖြစ်တဲ့ ကီဗင် ကော့စနာ ၊ ဂျွန်ထရာ ဗိုလ်တာ နဲ့ ဘရက်ပစ် တို့က (18)ရက်ဖွားတွေ၊ အောင်မြင်ကျော်ကြားနေချိန်မှာ ရုတ်တရက် ကွယ်လွန်သွားရ ရှာတဲ့ ဟောင်ကောင် ကွန်ဖူးမင်းသား ဘရုစ်လီ က (27) ရက်ဖွား၊ နောက်လက်ရှိ အောင်မြင်ကျော်ကြားနေတဲ့ ဟောင်ကောင် အက်ရှင်မင်းသား ချောင်ယွန်ဖတ် က (18)ရက်ဖွား၊ အဆိုကျော် ခရစ္စတီးနား အဂွီလီးယား က (18)ရက်ဖွား၊ သဘာ၀ မင်းသား တွမ်ဟန့်ခ် က (9)ရက်ဖွား၊ ကလီယိုပက်ထရာ ဇာတ်ကားနဲ့ နာမည်ကြီးခဲ့ပြီး အိမ်ထောင် (၇)ဆက်ပြုခဲ့တဲ့ မင်းသမီးကြီး အဲလီဇဘက်တေလာ က (27)ရက်ဖွား၊ ကမ္ဘာကျော် ဂီတပညာရှင် မိုးဇက် က (27)ရက်ဖွား၊ ဘီတယ် အဆိုကျော် ဂျွန်လိီနွန်က (9)ရက်ဖွား၊ ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါ က (18) ရက်ဖွား၊ ဆိုဗီယက် အာဏာရှင် ဂျိုးဇက် စတာလင် (18)ရက်ဖွား၊ အမေရိကန် သန်းကြွယ်သူဌေးကြီး ဟင်နရီ ဂျေ ကိုင်ဇာ က (9)ရက်ဖွား၊ မဟာဂရုဏာရှင် မာသာထရီဇာ က (27)ရက်ဖွား၊ အမေရိကန် သမ္မတဟောင်း သီအိုဒို ရု့စ်ဘဲ က (27)ရက်ဖွား၊ ကဗျာစာဆိုကြီး အိုမာခေရမ် က (18)ရက်ဖွား အသီးသီး ဖြစ်ကြပါတယ်ဗျာ။
ဖတ်ရွုသူ အားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေသော်။
Comments
Post a Comment